Author: USDP 2016
တောင်ပေါက်အနောက်ရွာတွင် ပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကျင်းပ
ကနီ စက်တင်ဘာ ၃ဝ
စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ကနီမြို့နယ် တောင် ပေါက်ကျေးရွာအုပ်စု တောင် ပေါက်အနောက်ရွာ ရပ်/ကျေး ပါတီဥက္ကဋ္ဌ ဦးဝင်းနေအိမ်၌ ပြည် ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားနှင့် ပါတီဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့များအား တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့သည်။
ပါတီဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ မိတ္ထီလာမြို့တွင်ကျင်းပ
မိတ္ထီလာ စက်တင်ဘာ ၃ဝ
မန္တလေးတိုင်းဒေသကြီး မိတ္ထီ လာမြို့ အမျိုးသမီးနှီးနှောဖလှယ် ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီမှစတင်၍ မြို့နယ်အစည်းအ ဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်တွင် ကျင်းပသော ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲနှင့်လူထုတွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦသန်းဌေးတက်ရောက်အားပေး
စက်တင်ဘာ(၂၈)၊အုတ်တွင်း
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်၊လက်ပံခုံကျေးရွာ၊ဘောလုံးကွင်းတွင် ယနေ့နံနက်(၉)နာရီ(၃၀)မိနစ်မှ(၁၁)နာရီအထိ ကျင်းပသောပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲနှင့်လူထုတွေ့ဆုံပွဲအခမ်းအနားသို့အခမ်း အနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦး သန်းဌေး တက်ရောက်အားပေး ချီးမြှင့်ခဲ့သည်။
အခမ်းအနားအား နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံ တော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ပြီးနောက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးက နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့သည်
ပါတီအောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူ
မန္တလေး စက်တင်ဘာ ၃ဝ
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂)ရပ်ကွက် ၆၂x၄ဝလမ်းထောင့်တွင် ယမန်နေ့နံနက် ၉ နာရီက ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲပါတီအောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့သည်။အခမ်းအနား၌မင်္ဂလာအချိန်ကျရောက် သောအချိန်တွင် ပါတီအောင်နိုင်ရေးဆိုင်း ဘုတ်ကို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီကော်မတီဝင် ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်း အောင်ကြည် ဦးဆောင်သော ပါတီအဖွဲ့ ဝင်များက ဆိုင်းဘုတ်အား အမွှေးနံ့သာ ရည်များပက်ဖျန်း၍ အောင်မြင်စွာစိုက်ထူ ခဲ့ကြသည်။
Read moreဗဟိုအတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံ
လေးမျက်နှာ စက်တင်ဘာ ၃ဝ
ဧရာဝတီတိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် ဟင်္သာတခရိုင် လေး မျက်နှာမြို့နယ် ပါတီရုံးခန်းမတွင် ပါတီဗဟိုအတွင်းရေးမှူးဦးသန်းထွန်း နှင့် ဧရာဝတီတိုင်းဒေသကြီး ခရိုင်၊ မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင် များနှင့် ယမန်နေ့ နံနက် ၉ နာရီခွဲက တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံပွဲသို့ ပါတီဗဟိုအတွင်းရေးမှူး ဦးသန်း ထွန်းနှင့်အတူ ပါတီဗဟိုအလုပ်အမှု ဆောင်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်း၊ ဗဟိုကော်မတီဝင် ဒေါက်တာဌေးဝင်းနှင့် တိုင်းဒေသ ကြီး ပါတီကော်မတီဝင်များ တက် ရောက်ခဲ့သည်။
ဗဟိုအမျိုးသမီးညီလာခံအကြို ချောင်းဦးမြို့နယ် အမျိုးသမီးနှီးနှောဖလှယ်ပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင်၊ စစ်ကိုင်းတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း တက်ရောက်အားပေး
စက်တင်ဘာ(၂၉)၊ ချောင်းဦး
မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ဗဟိုအမျိုးသမီးညီလာခံအကြို ချောင်းဦးမြို့နယ်အမျိုးသမီး နှီးနှောဖလှယ်ပွဲ အခမ်းအနားကို (၂၉.၉.၂၀၁၈)နေ့ နံနက်၉း၃၀နာရီက ကျင်းပပြုလုပ်ရာ ပါတီဗဟိုအလုပ်အမှုဆောင်၊ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း တက်ရောက်အားပေးချီးမြှင့်ခဲ့ပါသည်။
Read moreအမျိုးသမီးရေးရာညီလာခံအား ကြိုဆိုသည့်အနေဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
ပြည်မြို့နယ်ပြည်ခိုင်ဖြိုးအမျိုးသမီးရေးရာ တာဝန်ခံဒေါ်ခင်ဆွေလဲ့ ဦးဆောင်၍ အမျိုးသမီးရေးရာ ညီလာခံအားကြိုဆို ဂုဏ်ပြုသေားအားဖြင့် ပြည်မြို့နယ် ရွှေတံခါးအပိုင်း ၄ ရှိ စုက္ခရုကျောင်းဆရာတော်အား ဝါဆိုသင်္ကန်းကပ်လှူခြင်း ဘုန်းကြီးကျောင်းဝန်းကျင်နှင့် စေတီဝန်းကျင်အား သန့်ရှင်းရေးများပြုလုပ်ခဲ့ပါသည်။
Read more
ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေး ကို ခေါ်ယူဖို့ မန်စီးတီးပစ်မှတ်ထား

မန်စီးတီးအသင်းဟာ ဇန်န၀ါရီအပြောင်းအရွှေ့မှာ ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေးကို ခေါ်ယူဖို့ ပစ်မှတ်ထား နေတယ်လို့ သိရပါတယ်။
မန်စီးတီးနည်းပြဂွါဒီယိုလာက ပြင်သစ်ဆယ်ကျော်သက်တိုက်စစ်မှူးဟာ အသင်းကို ချန်ပီယံလိဂ်အောင်မြင်မှု ရယူစေမယ်လို့ ယုံကြည်နေပြီး ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀၀)နဲ့ ကမ်းလှမ်းဖို့ဆန္ဒရှိနေပါတယ်။
ဒီပြောင်းရွှေ့ကြေးဟာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကိုနေမာ ပြောင်းရွှေ့ရာမှာ စံချိန်တင်ထားတဲ့ ပေါင်(၁၉၈) သန်းကို ကျော်ဖြတ်နိုင်မှာပါ။ မန်စီးတီးအနေနဲ့ ဘာပေးကို တစ်နှစ်လစာ ပေါင်သန်း(၂၀) ပေးချေရဖို့ ရှိပါတယ်။
Read moreအာရှဖိတ်ခေါ် စနူကာချန်ပီယံ မြန်မာဆွတ်ခူး

မလေးရှားနိုင်ငံတွင် စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် Asia Invita-tional Snooker Championship 2018 အာရှဖိတ်ခေါ်စနူကာပြိုင်ပွဲတွင် မြန်မာနိုင်ငံမှကိုထက်က ချန်ပီယံဆုကို ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့သည်။
Read more










