ကိုရိုနာဗိုင်းရပ်စ် သေဆုံးသူ 2126 ရှိပြီ

ကြာသပတေးနေ့ မနက် နောက်ဆုံးရရှိတဲ့ သတင်းတွေအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူ 2126 နဲ့ ကူးစက်ဖြစ်ပွားသူ 75725 ရှိပြီး ပြန်လည် ကျန်းမာလာသူ16330 ရှိပြီ ဖြစ်ပါတယ်။

တရုတ်အစိုးရ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာန ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါဟာ သေဆုံးမှု ၂.၃% ရှိပါတယ်။ ဒါကြောင့် ကူးစက်ဖြစ်ပွားသူ လူတစ်ထောင်မှာ ၂၃ ဦး သေဆုံးတယ်လို့ ပြောနိုင်ပါတယ်။ သာမန် တုပ်ကွေးရောဂါဖြစ်ပွားသူတွေရဲ့ သေဆုံးမှုနှုန်းကတော့ လူတစ်ထောင်မှာ တစ်ယောက်နှုန်းပဲရှိပါတယ်။

Read more

ရာသီဥတုပြောင်းလဲမှုလျှော့ချရေးအတွက် အမေရိကန်ဒေါ်လာ တစ်ဆယ်ဘီလီယံ လှူဒါန်းမည်

ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာများထဲတွင် ပါဝင်သော အမေဇုန်အွန်လိုင်း အရောင်းအဝယ်လုပ်ငန်းပိုင်ရှင် ဂျက်ဖ်ဘီဇော့ဖ်သည် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန်အတွက် အမေရိကန် ဒေါ်လာ တစ်ဆယ်ဘီလီယံ လှူဒါန်းမည်ဖြစ်ကြောင်း ဘီဘီစီသတင်း ဌာနက ဖော်ပြသည်။

Read more

Laureus ထူးချွန်ဆုကို မက်ဆီနှင့်ဟာမီလ်တန်တို့ပူးတွဲဆွတ်ခူး

ကမ္ဘာ့အားကစားလောကမှ ထူးချွန်ကစားသမားများကို ရွေးချယ်၍ နှစ်စဉ်ချီးမြှင့်လေ့ရှိသော Laureus ထူးချွန်ဆု၏ ယခုနှစ်ဆု ချီးမြှင့်ပွဲတွင် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို မက်ဆီနှင့် ဟာမီလ်တန်တို့ ပူးတွဲရရှိခဲ့ကြသည်။ အဆိုပါဆုပေးပွဲသည် တစ်နှစ်တာ အကောင်းဆုံးအမျိုးသမီးဆု၊ တစ်နှစ်တာအကောင်းဆုံး အသင်းဆုနှင့် ဆိုးရွားသည့်အခြေအနေမှပြန်လည် ရုန်းထအနိုင်ဆုံးဆု၊ မထင်မရှား အခြေအနေမှ ထိုးဖောက်အောင်မြင် မှုယူနိုင်ဆုံးဆုတို့ကိုလည်း ချီးမြှင့်လေ့ရှိသည်။

Read more

ကဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားအလိုမရှိကြောင်း ဒေသခံပြည်သူများ ဆန္ဒဖော်ထုတ်

ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားအလိုမရှိကြောင်း ဒေသခံကျေးရွာသားများက ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့၌ ဆန္ဒဖော်ထုတ်ခဲ့သည်။ အဆိုပါဆန္ဒဖော်ထုတ်ပွဲအား ရန်ကုန်-မန္တလေးကားလမ်းဟောင်း မြို့သစ်ရပ်ကွက် တိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့မှတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဂိတ်ပေါက်အမှတ်(၂)အထိ ဒေသခံပြည်သူများက နိုင်ငံတော်နှင့်တိုင်းဒေသကြီး ရန်ပုံငွေကို မမှန်မကန်လမ်းလွှဲအသုံးပြုသူဌာနဆိုင်ရာတာဝန်ရှိသူအားလုံးကိုအရေးယူပေးပါ။ပြည်သူ့ဆန္ဒကိုမျက်ကွယ်ပြုသောကဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အလိုမရှိ၊ ကဝမြို့နယ် ရစ်ကန်ကြီးကျေးရွာကို ခင်း မည့်ကွန်ကရစ်လမ်းအား တရားဝင်လမ်း ကြောင်းအမှန်အတိုင်းခင်းပေးရေး ဒို့အရေး စသည့်ဗီနိုင်းများကိုင်ဆောင်ခဲ့ပြီး ကဝမြို့ နယ် ရစ်ကန်ကြီးကျေးရွာ ကွန်ကရစ်လမ်း ခင်းမည့်လမ်းကြောင်း လွဲမှားနေမှု၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၏မမှန်မကန်အဂတိ လိုက် လုပ်ဆောင်ထားမှုနှင့် ထိုတာဝန်ရှိသူများကို အရေးယူဆောင်ရွက်ပေးရန် ရည်ရွယ်၍ ဟောပြောဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရ သည်။

Read more

ပါကစ္စတန် အသေခံဗုံးခွဲမှု ၈ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမှာ တနလာင်္နေ့က လူအုပ်တွင်း အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၈ ဦး သေဆုံးပြီး လူ ၂၀ လောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဘာလူချစ္စတန် ပြည်နယ်ရဲ့ မြို့တော် Quetta မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်သူကမှ သူတို့ လက်ချက်လို့ ပြောဆိုထားတာ မရှိပါဘူး။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေး မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံပွဲ တက်ရောက်

 

ဖေဖော်ဝါရီ ၁၃၊ မော်လမြိုင်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နေ့လည် (၂) နာရီက မွန်ပြည်နယ် ပြည်နယ်ပါတီရုံးခန်းမတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ရာ အခမ်း အနားကို နိုင်ငံတော်သီချင်း သီဆို၍ နိုင်ငံတော်အလံအား အလေးပြုကြပြီးနောက် (၂) ခရိုင် ( ၁၀) မြို့နယ်ပါတီ ဥက္ကဌများမှ ပါတီအတွင်း လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် သိရှိလိုသည်များကို ရှင်းလင်းတင်ပြ ခဲ့ကြပါသည်။ ထို့နောက် ခရိုင်ပါတီဥက္ကဌ၊ ပြည်နယ်ပါတီအတွင်းရေးမှူးနှင့် ပြည်နယ်ပါတီဥက္ကဌတို့မှ ပါတီအတွင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပါသည်။

Read more

ပုသိမ်ကြီးမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့မှ ပါတီဝင်အသစ်များ၏ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနား ကျင်းပ

 

ဖေ​ဖော်​ဝါရီ(၁၃)၊
မန္တ​လေးတို​င်း​ဒေသကြီး၊ မန္တ​လေးခရိုင်​၊ ပုသိမ်​ကြီးမြို့နယ်​နှင့်​​ အောင်​​မြေသာစံမြို့နယ်​တို့မှ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီသို့ ဝင်​​ရောက်​လာ​သော ပါတီဝင်​အသစ်​များ၏ ပါတီဝင်​အဆိုပြုလွှာ​ ပေးအပ်​ပွဲ အခမ်းအနား ကို ယ​မန်နေ့ နံနက် ​၉ နာရီ ၃၀ မိနစ်​မှ ၁၁ နာရီ ၃၀ မိနစ်​အထိ ပုသိမ်​ကြီးမြို့နယ်​ ပါတီရုံးတွင်​ ကျင်းပခဲ့သည်​။

Read more