ဂရင္းဝုဒ္ကို ဖီနာဘာခ်ီအသင္း ေခၚယူ

ဂရင္းဝုဒ္ကို ဖီနာဘာခ်ီအသင္း ေခၚယူ
=================
တူရကီကလပ္ ဖီနာဘာခ်ီအသင္းဟာ မာေဆးလ္အသင္းက မန္ယူကစားသမားေဟာင္း ဂရင္းဝုဒ္ကို ယူ႐ို(၃၉)သန္းနဲ႔ ေခၚယူၿပီး ၂၀၃၀ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ေၾကာင္း သိရပါတယ္။
အဂၤလန္တိုက္စစ္ကစားသမား ဂရင္းဝုဒ္ဟာ မန္ယူအကယ္ဒမီက ထြက္ေပၚလာသူျဖစ္ၿပီး လိင္ပိုင္းဆိုင္ရာ ျပႆနာနဲ႔ ရင္ဆိုင္ခဲ့ရတာေၾကာင့္ မန္ယူအသင္းက မာေဆးလ္အသင္းဆီ ေရာင္းထုတ္ခဲ့တာပါ။
မာေဆးလ္အသင္းက ဂရင္းဝုဒ္ကို ယူ႐ို(၃၁.၆)သန္းနဲ႔ ေခၚယူၿပီး (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုထားေပမဲ့ ဖီနာဘာခ်ီအသင္းထံ ျပန္လည္ေရာင္းထုတ္ခဲ့တာျဖစ္ပါတယ္။
ဖီနာဘာခ်ီအသင္းရဲ႕ဥကၠ႒သစ္ ယီလ္ဒီရင္မ္က ေ႐ြးေကာက္ပြဲမွာ ဂရင္းဝုဒ္ကို ေခၚယူေပးမယ္လို ကတိျပဳခဲ့တဲ့အတိုင္း လက္ေတြ႕အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။
ဂရင်းဝုဒ်ကို ဖီနာဘာချီအသင်း ခေါ်ယူ
=================
တူရကီကလပ် ဖီနာဘာချီအသင်းဟာ မာဆေးလ်အသင်းက မန်ယူကစားသမားဟောင်း ဂရင်းဝုဒ်ကို ယူရို(၃၉)သန်းနဲ့ ခေါ်ယူပြီး ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။
အင်္ဂလန်တိုက်စစ်ကစားသမား ဂရင်းဝုဒ်ဟာ မန်ယူအကယ်ဒမီက ထွက်ပေါ်လာသူဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် မန်ယူအသင်းက မာဆေးလ်အသင်းဆီ ရောင်းထုတ်ခဲ့တာပါ။
မာဆေးလ်အသင်းက ဂရင်းဝုဒ်ကို ယူရို(၃၁.၆)သန်းနဲ့ ခေါ်ယူပြီး (၅)နှစ်စာချုပ်ချုပ်ဆိုထားပေမဲ့ ဖီနာဘာချီအသင်းထံ ပြန်လည်ရောင်းထုတ်ခဲ့တာဖြစ်ပါတယ်။
ဖီနာဘာချီအသင်းရဲ့ဥက္ကဋ္ဌသစ် ယီလ်ဒီရင်မ်က ရွေးကောက်ပွဲမှာ ဂရင်းဝုဒ်ကို ခေါ်ယူပေးမယ်လို ကတိပြုခဲ့တဲ့အတိုင်း လက်တွေ့အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။




