အက်စ်တွန်ဗီလာကို ပေါင်သန်း ၆၀ ဖြင့် ၀ယ်ယူရန် တရုတ်စီးပွားရေးသမား သဘောတူ

89724639_hi032810998

အင်္ဂလန် ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားတဲ့ အက်စ်တွန်ဗီလာကို ပေါင်သန်း ၆၀နဲ့ ၀ယ်ယူဖို့ တရုတ်စီးပွားရေး သမားက သဘောတူညီလိုက်ပါတယ်။

ဘောလုံးလိဂ်ရဲ့ အတည်ပြုချက် ရယူရမယ့် သဘောတူညီချက်က တရုတ်စီးပွားရေးသမား ဒေါက်တာ တိုနီဇီကို ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့် ရရှိမှာ ဖြစ်ပြီး ဥက္ကဋ္ဌ ဖြစ်လာမှာ ဖြစ်ပါတယ်။

Read more

အက်သလက်တီကို ကွင်းလယ်ကစားသမား ဆော ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုး

4538783385565

တစ်ရာသီလုံး ခြေစွမ်းပြကစားခဲ့သော ကွင်းလယ်လူ ဆောနီဂွတ်စ်ကို အက်သလက်တီ ကိုမက်ဒရစ်က တစ်နှစ် သက်တမ်းတိုး၍ ၂၀၂၁ အထိ စာချုပ် ချုပ်ဆိုလိုက်သည်။

အသက် (၂၁) နှစ်အရွယ် ကစားသမားသည် ချန်ပီယံလိဂ် ပ-အကျော့တွင် ကစားခဲ့သည့် ဘိုင်ယန်မြူးနစ်နှင့် ပွဲ၌ ရင်သပ် ရှုမောဖွယ် တစ်ကိုယ်တော်ဂိုး သွင်းယူခဲ့ပြီး စပိန်လက်ရွေးစင်အသင်းသို့ ပထမဆုံးအကြိမ် ခေါ်ယူခံရကာ ဒဲလ်ဘော့စကေး၏ ယူရို ၂၀၁၆ အသင်း၌ ပါဝင်လာသည်။

Read more

စင်္ကာပူနဲ့ ပွဲဦးထွက်တွေ့မယ့် မြန်မာအသင်း

13233055-693084040830411-7647008089556537350-n

ရန်ကုန်မြို့မှာ ကျင်းပမယ့် လေးနိုင်ငံ ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ မြန်မာအသင်းဟာ ပွဲဦးထွက်အဖြစ် အိမ်ရှင်စင်္ကာပူ အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Read more

သီရိလင်္ကာမှာ မြေပြို ၃၇ ဦးသေ ၁၅၀ ပျောက်

576378637

Bulathkohupitiya ဆိုတဲ့ ရွာမှာ စစ်သားတွေ ကူညီကယ်ဆယ်ရေး ပြုလုပ်နေစဉ် (Credit: AFP)

 

သီရိလင်္ကာနိုင်ငံမှာ ​သုံးရက်ကြာ ​မိုးတွေ ​အဆက်မပြတ် ​ရွာသွန်းတဲ့အတွက် ​မြေပြိုမှုတွေ ​ဖြစ်ပြီး ​လူ ​၃၇ ​ဦး ​သေဆုံးရသလို ​လူအယောက်ပေါင်း ​၁၅၀ ​ကျော် ​ပျောက်ဆုံးနေဆဲ ​ဖြစ်ပါတယ်။ ကူညီကယ်ဆယ်ရေး ​အဖွဲ့သားတွေက ​ရွှံ့တွေထဲကနေ ​လူသေအလောင်းတွေကို ​ဆွဲထုတ်နေဆဲ ​ဖြစ်သလို အဲဒီဒေသကို ​ကူညီဖို့ ​စစ်သားတွေ၊ ​ရေတပ်သားတွေကိုလည်း ​အစိုးရက ​ပို့ဆောင်ထားပြီ ​ဖြစ်ပါတယ်။

Read more

ကင်တပ်ကီနှင့် အော်ရီဂွန်ပြည်နယ် ယှဉ်ပြိုင်မှု၌ ကလင်တန်နှင့် ဆန်းဒါး ကွဲကွဲပြားပြား အနိုင်ရ

13256390_1708381239402377_7495961076973293659_n

ဝါရှင်တန် မေ ၁၈

နိုဝင်ဘာအထွေထွေရွေးကောက်ပွဲ အနိုင်ရရှိရေး နိုင်ငံတစ်ဝန်း ယှဉ်ပြိုင်မဲဆွယ်မှုများ ပြုလုပ်ရာ အင်္ဂါနေ့က ဒီမိုကရက်တစ် ကိုယ်စားပြု သမ္မတလောင်း ဟီလာရီကလင်တန်နှင့် ဘာနီ ဆန်းဒါးတို့သည် ၄င်းတို့၏ အကြိုရွေးကောက်ပွဲတို့တွင် အသီးသီးအနိုင်ရရှိကြသည်။

Read more

ပါရီရာသီဥတု သဘောတူညီချက်ကို အတည်ပြု လက်မှတ်ရေးထိုးမည့် ဥပဒေမူကြမ်း ပြင်သစ်ပါလီမန် ထောက်ခံ

ပြီးခဲ့သည့် ဒီဇင်ဘာတွင် ပါရီမြို့၌ နိုင်ငံပေါင်း ၁၉၅ နိုင်ငံ အကြား ရရှိခဲ့သော ရာသီဥတုဆိုင်ရာ သဘောတူညီချက်ကို ပြင်သစ်အစိုးရက အတည်ပြု လက်မှတ်ရေးထိုးနိုင်မည့် ဥပဒေ မူကြမ်းတစ်ခုအား ပြင်သစ်ပါလီ မန်အဖွဲ့ဝင်များက မေ ၁၇ ရက် တွင် ထောက်ခံခဲ့သည်။

ပြင်သစ်သည် ကမ္ဘာကြီးပူနွေးမှုကို လျှော့ချရန် ရည်ရွယ်သော ရာသီဥတုဆိုင်ရာ သဘောတူညီချက်အား အတည်ပြုလက်မှတ်ရေးထိုးသည့် ပထမဆုံး ဥရောပသမဂ္ဂနိုင်ငံ ဖြစ်လာတော့မည်ဖြစ်သည်။

Read more

ဆော်ဒီအစိုးရကို တရားစွဲနိုင်သည့် ၉/၁၁ ဥပဒေ အမေရိကန်ဆီးနိတ်အတည်ပြု

857887987527

ဝါရှင်တန်၊ မေ ၁၈

၉/၁၁ တိုက်ခိုက်မှုကြီးတွင် ထိခိုက်သေကျေသူများ၏ မိသားစုများက ဆော်ဒီအာရေဗျအစိုးရအား တရားစွဲဆိုနိုင်ခွင့် ရှိသည့် ဥပဒေကြမ်းအား အမေရိကန်အထက်လွှတ်တော်က အတည်ပြုလိုက်ပြီးဖြစ်သည်။

အစွန်းရောက်ထောက်ပံ့မှုများ ဆန့်ကျင်တရားစီရင်ရေးအက်ဥပဒေ JASTA ကို ယခုတွင် အောက်လွှတ်တော်သို့ ပေးပို့ထားပြီဖြစ်သည်။

ယခုဥပဒေကြမ်းကြောင့် အမေရိကန်၏ ရင်းနှီးမြုပ်နှံမှုများကို ဆော်ဒီအစိုးရအနေဖြင့် ရုပ်သိမ်းသွားနိုင်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီးက သတိပေးပြောသည်။

Read more

မြန်မာနှင့် ဘားမား Burma ၁၉၈၉ ခုနှစ်က ကတ္တားခြားခဲ့ပါပြီ မြန်မာစစ်စစ်များနှင့် ယဉ်ကျေးသောနိုင်ငံများကတော့ မြန်မာ ဟုသာ သုံးကြပါသည် (ဆောင်းပါးကောက်နှုတ်ချက်)

Myanmar

၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အစိုးရ (တပ်မတော်အစိုးရ) က အထူးကြေညာချက် ထုတ်၍လည်းကောင်း၊ နိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့၏ ပြည်တွင်း ပြည်ပ သတင်းစာရှင်းလင်းပွဲမှတစ်ဆင့် လည်း ကောင်း၊ မြန်မာကို မြန်မာဟုသုံးနှုန်းပါ။ မြန်မာပြည်ထောင်စု Unin Of Myanmar ကို Union Of Burma ဟုမသုံးကြပါရန် မြန်မာသိ၊ ကမ္ဘာသိကြေညာခဲ့သည်။

Read more