အာဂ်င္တီးနားက အဂၤလန္ကို ႏိုင္ၿပီး ဗိုလ္လုပြဲတက္

အာဂ်င္တီးနားက အဂၤလန္ကို ႏိုင္ၿပီး ဗိုလ္လုပြဲတက္
=========================
၂၀၂၆ ဖီဖာကမာၻ႔ဖလားၿပိဳင္ပြဲ၏ ဆီမီးဖိုင္နယ္ပြဲစဥ္တြင္ လက္ရွိခ်န္ပီယံ အာဂ်င္တီးနားအသင္းသည္ အဂၤလန္အသင္းကို ၂ ဂိုး – ၁ ဂိုး ျဖင့္ အသည္းအသန္အႏိုင္ယူကာ ဗိုလ္လုပြဲသို႔ တက္လွမ္းသြားခဲ့ၿပီး ႏွစ္ႀကိမ္ဆက္တိုက္ ကမာၻ႔ဖလားခ်န္ပီယံဆုကို ရယူႏိုင္ရန္ လက္တစ္ကမ္းအလိုသို႔ နီးကပ္လာခဲ့ၿပီ ျဖစ္သည္။
အတၱလန္တာၿမိဳ Mercedes-Benz ကြင္း၌ ယွဥ္ၿပိဳင္ခဲ့သည့္ ယခုပြဲစဥ္တြင္ ပထမပိုင္း၌ ႏွစ္ဖက္စလုံး ဂိုးမရွိသေရက်ေနခဲ့ေသာ္လည္း ဒုတိယပိုင္း ပြဲခ်ိန္ ၅၅ မိနစ္တြင္ အဂၤလန္အသင္းအတြက္ အန္သိုနီ ေဂၚဒြန္ (Anthony Gordon) က ဦးေဆာင္ဂိုး စတင္သြင္းယူေပးခဲ့သည္။
အာဂ်င္တီးနားအသင္းသည္ ေနာက္ကလိုက္ကစားရင္း ပြဲခ်ိန္ ၈၅ မိနစ္တြင္ အန္ဇို ဖာနန္ဒက္စ္ (Enzo Fernández) က ေခ်ပဂိုး ျပန္လည္သြင္းယူေပးခဲ့ၿပီး ပြဲၿပီးခါနီး နာက်င္အခ်ိန္ပို ၉၂ မိနစ္တြင္ လူစားဝင္တိုက္စစ္မႉး ေလာ္တာ႐ို မာတီးနက္ဇ္ (Lautaro Martínez) က အဖိုးတန္အႏိုင္ဂိုးကို သြင္းယူေပးခဲ့ၿပီး အာဂ်င္တီးနားအသင္းအား ကမာၻ႔ဖလားဗိုလ္လုပြဲသို႔ ပိုေဆာင္ေပးႏိုင္ခဲ့ျခင္း ျဖစ္သည္။
ကမာၻ႔ဖလား သမိုင္းတစ္ေလွ်ာက္တြင္ ခ်န္ပီယံဆုကို ႏွစ္ႀကိမ္ဆက္တိုက္ ကာကြယ္ႏိုင္ခဲ့သည့္ အသင္းဟူ၍ အီတလီအသင္း (၁၉၃၄၊ ၁၉၃၈) ႏွင့္ ဘရာဇီးအသင္း (၁၉၅၈၊ ၁၉၆၂) ဟူေသာ အသင္းႀကီးႏွစ္သင္းသာ ရွိခဲ့ဖူးသည္။
ၿပီးခဲ့သည့္ ၂၀၂၂ ကာတာကမာၻ႔ဖလားတြင္ ခ်န္ပီယံျဖစ္ခဲ့သည့္ အာဂ်င္တီးနားအသင္းသည္ လာမည့္ဗိုလ္လုပြဲတြင္သာ အႏိုင္ရရွိခဲ့ပါက သမိုင္းတစ္ေလွ်ာက္ တတိယေျမာက္ ႏွစ္ႀကိမ္ဆက္တိုက္ ခ်န္ပီယံျဖစ္သည့္ အသင္းအျဖစ္ ကမာၻ႔ေဘာလုံးသမိုင္းတြင္ ေမာ္ကြန္းတင္ႏိုင္ေတာ့မည္ ျဖစ္သည္။
ယခုႏိုင္ပြဲေၾကာင့္ အာဂ်င္တီးနားအသင္းသည္ ဗိုလ္လုပြဲ၌ စပိန္အသင္းႏွင့္ ကမာၻ႔ဖလားခ်န္ပီယံဆုအတြက္ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ၿပီး ရႈးနိမ့္ခဲ့သည့္ အဂၤလန္အသင္းကမူ ျပင္သစ္အသင္းႏွင့္ တတိယေနရာလုပြဲ ကစားရမည္ ျဖစ္သည္
အာဂျင်တီးနားက အင်္ဂလန်ကို နိုင်ပြီး ဗိုလ်လုပွဲတက်
=========================
၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းသည် အင်္ဂလန်အသင်းကို ၂ ဂိုး – ၁ ဂိုး ဖြင့် အသည်းအသန်အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်လှမ်းသွားခဲ့ပြီး နှစ်ကြိမ်ဆက်တိုက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ရန် လက်တစ်ကမ်းအလိုသို့ နီးကပ်လာခဲ့ပြီ ဖြစ်သည်။
အတ္တလန်တာမြို Mercedes-Benz ကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ယခုပွဲစဉ်တွင် ပထမပိုင်း၌ နှစ်ဖက်စလုံး ဂိုးမရှိသရေကျနေခဲ့သော်လည်း ဒုတိယပိုင်း ပွဲချိန် ၅၅ မိနစ်တွင် အင်္ဂလန်အသင်းအတွက် အန်သိုနီ ဂေါ်ဒွန် (Anthony Gordon) က ဦးဆောင်ဂိုး စတင်သွင်းယူပေးခဲ့သည်။
အာဂျင်တီးနားအသင်းသည် နောက်ကလိုက်ကစားရင်း ပွဲချိန် ၈၅ မိနစ်တွင် အန်ဇို ဖာနန်ဒက်စ် (Enzo Fernández) က ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့ပြီး ပွဲပြီးခါနီး နာကျင်အချိန်ပို ၉၂ မိနစ်တွင် လူစားဝင်တိုက်စစ်မှူး လော်တာရို မာတီးနက်ဇ် (Lautaro Martínez) က အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး အာဂျင်တီးနားအသင်းအား ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ ပိုဆောင်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက်တွင် ချန်ပီယံဆုကို နှစ်ကြိမ်ဆက်တိုက် ကာကွယ်နိုင်ခဲ့သည့် အသင်းဟူ၍ အီတလီအသင်း (၁၉၃၄၊ ၁၉၃၈) နှင့် ဘရာဇီးအသင်း (၁၉၅၈၊ ၁၉၆၂) ဟူသော အသင်းကြီးနှစ်သင်းသာ ရှိခဲ့ဖူးသည်။
ပြီးခဲ့သည့် ၂၀၂၂ ကာတာကမ္ဘာ့ဖလားတွင် ချန်ပီယံဖြစ်ခဲ့သည့် အာဂျင်တီးနားအသင်းသည် လာမည့်ဗိုလ်လုပွဲတွင်သာ အနိုင်ရရှိခဲ့ပါက သမိုင်းတစ်လျှောက် တတိယမြောက် နှစ်ကြိမ်ဆက်တိုက် ချန်ပီယံဖြစ်သည့် အသင်းအဖြစ် ကမ္ဘာ့ဘောလုံးသမိုင်းတွင် မော်ကွန်းတင်နိုင်တော့မည် ဖြစ်သည်။
ယခုနိုင်ပွဲကြောင့် အာဂျင်တီးနားအသင်းသည် ဗိုလ်လုပွဲ၌ စပိန်အသင်းနှင့် ကမ္ဘာ့ဖလားချန်ပီယံဆုအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ရှုးနိမ့်ခဲ့သည့် အင်္ဂလန်အသင်းကမူ ပြင်သစ်အသင်းနှင့် တတိယနေရာလုပွဲ ကစားရမည် ဖြစ်သည်




