ကျုံပျော်ပြည်ခိုင်ဖြိုး အမာခံကေဒါများရွေးချယ်ဖွဲ့စည်း

13227727_241441056231728_751780057305031387_o

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင် (ကျုံပျော်-ရေကြည် တာဝန်ခံ) ဦးမြင့်ကြိုင် ဦးဆောင်၍ မြို့မတိုက်နယ်အတွင်းရှိ သောင်ကြီးကျေးရွာ နှင့် ငါးကျီးထူ ကျေးရွာများသို့ အမာခံကေဒါ စိစစ်ရွေးချယ်ဖွဲ့စည်းခြင်းနှင့် ပါတီ၏ ရှေ့လုပ်ငန်းစဉ် များအား ရှင်းလင်းဟောပြောဆွေးနွေးခြင်းကို မေလ (၂၃) ရက်က ပြုလုပ်ခဲ့သည်။

Read more

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းစိန် ရန်ကုန်တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

YGN3

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်နှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ တွေ့ဆုံပွဲကို ယနေ့ (မေလ ၂၃ ရက်) န့နက် (၁၀) နာရီအချိန်က တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

YGN5

Read more

တိုးမပေါက်တာတွေကြောင့် အမျိုးပျောက်မှာစိုး

ဒီမိုကရေစီစနစ်အောင်မြင်ဖို့ဆိုတာ တရားဥပဒေစိုးမိုးမှုရှိရေး အလျင်ဆောင်ရွက်ဖို့လိုပါတယ်။ ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားပြဿနာများကို နိုင်ငံတစ်ဝန်းမှာ ယင်းဥပဒေနှင့် အညီ ထိရောက်စွာ စိစစ်ဆောင်ရွက်ပေးရေး နိုင်ငံတော်အစိုးရကို တိုက်တွန်းသည့်အဆိုကို ပြည်သူ့ လွှတ်တော်သို့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က မေ ၆ ရက်က တင်သွင်းခဲ့ပါတယ်။ ဒီလိုတင်သွင်းတဲ့အတွက် မေ ၂ဝ က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်း အဝေးမှာ အဆိုကိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ခြောက်ဦး ထောက်ခံဆွေးနွေးခဲ့တာကို တွေ့ရပါတယ်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ပါတီအဆင့်ဆင့်ဖွဲ့စည်းရေးနှင့် လမ်းညွှန်ချက်များ ရှင်းလင်း

UPH

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပါတီအဆင့်ဆင့်ပြန်လည် ပြင်ဆင်ဖွဲ့စည်းရေးနှင့်ပါတီ၏လမ်းညွှန်ချက်များ ရှင်းလင်းပွဲအခမ်းအနားကို တိုင်းဒေသကြီးပါတီ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁ဝ နာရီတွင်ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးကြည်ထွန်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီး (ငြိမ်း)များနှင့် ခရိုင်/မြို့နယ်ပါတီအတွင်းရေးမှူးများနှင့် ကော်မတီဝင်များ (၈ဝ) ဦးခန့် တက်ရောက်ခဲ့ကြသည်။

Read more

ဇေယျာသီရီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေသခံများလိုအပ်ချက် ဖြည့်ဆည်းဆောင်ရွက်

U Hla Htay Win5

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်း သည် မေလ (၂၁) ရက်နေ့ နံနက် (၇) နာရီခွဲအချိန်က နေပြည်တော်ခရိုင်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ပြည်စံအောင်ရပ်ကွက်၊ နန်းသြကျေးရွာ၊ ဥယျာဉ်ကွက်သစ်၊ ဒိုးပင်ခုံ ကျေးရွာများသို့ ရောက်ရှိရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက ဒေသခံပြည်သူလူထု၏ရေရှားပါးမှု လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။

Read more

တနိုင်းပြည်ခိုင်ဖြိုး ရပ်/ကျေးအုပ်စု ပါတီပြန်လည်ပြင်ဖွဲ့စည်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၊ မကေါကျေးရွာအုပ်စုတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီဝင် ဦးမြင့်ကို၊ ဦးငွားစီးနှင့် ရပ်မိရပ်ဖ (၃) ဦး ဦးဆောင်၍ မကော၊ လမုံ၊ ကျောင်းကုန်းကျေးရွာများ၌ စည်းရုံးရေးမှူးနှင့် အဖွဲ့ဝင်များ ပြန်လည်ပြင်ဆင်ဖွဲစည်းခြင်းကို မေလ (၂၂) ရက် နံနက် (၁၀) နာရီအချိန်က စတင်ပြုလုပ်ခဲ့ပြီး ညနေ (၄) နာရီအချိန်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

Read more

မော်ရင်ဟို နည်းပြသစ်ဖြစ်လာရင် မန်ယူလက်ထောက်နည်းပြ “ဂစ်” အသင်းမှ ထွက်ခွာဖွယ်ရှိ

GIGGS-main_2794382a

မန်ယူအသင်းရဲ့လက်ထောက်နည်းပြအဖြစ် တာဝန်ယူလျက် ရှိနေတဲ့ Ryan Giggs (ရွိုင်ယန်ဂစ်) ကတော့ မော်ရင်ဟိုသာ နည်းပြသစ်ဖြစ်လာမယ်ဆိုရင်တော့ မန်ယူအသင်းမှာ လက်ထောက်နည်းပြအဖြစ် ဆက်ရှိနေတော့မှာ မဟုတ်ဘဲ အသင်းကနေ ထွက်ခွာသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

မန်ယူအသင်းကတော့ ဂစ် ကို လက်လွှတ်လိုခြင်းမရှိဘဲ မော်ရင်ဟိုနဲ့ ကစားသမားတွေကြားမှာ အကောင်းဆုံး ပေါင်းကူးတံတားအဖြစ် အသုံးချလိုနေတယ်လို့ သိရပါတယ်။

Read more

ဖီဖာ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ်ကို ရာထူးမှ ထုတ်ပယ်

FIFA's acting secretary general Markus Kattner attends a news conference after a meeting of the Executive Committee at FIFA's headquarters in Zurich, Switzerland December 3, 2015. REUTERS/Arnd Wiegmann/Files

ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ် မာကက်စ် ကတ်နာကို တာဝန်ကနေ ချက်ချင်းထွက်ဖို့ ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။

ဘောလုံးအဖွဲ့ချုပ်အတွင်းမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ်ဟာ အလုပ်စာချုပ်ပါ တာဝန်ဝတ္တရားတွေကို ပျက်ကွက်တယ်ဆိုပြီး ကြေညာချက်မှာ ဖော်ပြပါတယ်။

နောက်ထပ် အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်သွားမှာမဟုတ်ဘဲ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ပဲ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဖီဖာရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Read more

စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲတွင် ဒဏ်ရာရသွားသော ဆွာရက်ဇ် ကိုပါဖလားရာပြည့်လွဲချော်နိုင်

FC-Barcelona-vs-Sevilla

ကိုပါဒယ်ရေး (စပိန်ဘုရင့်ဖလား) ဗိုလ်လုပွဲတွင် ကြွက်သားဒဏ်ရာရရှိခဲ့ပြီး မျက်ရည်လည်ရွဲဖြစ်ကျန်ခဲ့သော ဥရုဂွေးတိုက်စစ်မှူးလူဝစ်ဆွာရက်ဇ်၏ နှစ်ပေါင်း ၁၀၀ပြည့် ကိုပါအမေရိကပြိုင်ပွဲ၌ပါဝင်ရေး မရေမရာဖြစ်သွားသည်။

ဆီဗီလာကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သော ပွဲဒုတိယပိုင်းတွင် အနားယူခဲ့ရသည့် ဆွာရက်ဇ်သည် ဆေးစစ်မှု ခံယူပြီးမှာသာ ညာဘက်ခြေထောက်ဒဏ်ရာ မည်မျှပြင်းထန်ကြောင်း သိရ မည်ဖြစ်သည်။

Read more

နည်းပြ ဗန်ဂါးလ်ကို မန်ယူအသင်းထုတ်ပယ်

Vanga

နည်းပြ လူးဝစ်ဗန်ဂါးလ် အသင်းကနေ ထွက်ခွာသွားပြီလို့ မန်ချက်စတာယူနိုက်တက်က တရားဝင် ဖော်ပြပါတယ်။

ဗန်ဂါးလ်ဟာ မန်ယူအသင်းကို ၂ နှစ် ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့တဲ့ မေ ၂၁ ရက်နေ့က အက်ဖ်အေဖလားရရှိအောင် ဦးဆောင်မှုပေးခဲ့ပါတယ်။

ဒါပေမယ့် အသင်းအတွက် ချန်ပီယံလိဂ်ဝင်ခွင့် မစွမ်းဆောင်နိုင်လို့ ထုတ်ပယ်ခံလိုက်ရတာပါ။

Read more