ဆီးရီးယားရှိ ရုရှလေတပ်စခန်းကို အိုင်အက်စ်တို့ တိုက်ခိုက်ဖျက်ဆီးခဲ့ဟုဆို

_89783981_syria-russia-airbase-struck-by-isis-focal-point-2 (1)(2)

ဒမတ်စကပ်၊ မေ ၂၅ ။               ။ အိုင်အက်စ်အဖွဲ့က တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်ဟု သတင်းထွက်လာပြီးနောက် ဆီးရီးယားရှိ ရုရှတပ်ဖွဲ့ဝင်များ အသုံးပြုနေသည့် မဟာဗျူဟာမြောက် လေတပ်စခန်း ဖျက်ဆီးချေမှုန်း ခံရဖွယ် ရှိသည်ကို ဂြိုဟ်တုပုံများအရ တွေ့ရသည်။

ပြီးခဲ့သည့် သီတင်းပတ်က T4 လေတပ်အခြေစိုက်စခန်းတွင် မီးလောင်မှုများဖြစ်၍ ရဟတ်ယာဉ်လေးစင်းနှင့် စစ်လော်ရီကားပေါင်း ၂၀ ကျော် ပျက်စီးပုံကို ထောက်လှမ်းစစ်ဆေးရေးကုမ္ပဏီ Stratfor က ဖမ်းယူရရှိသည့် ပုံများအရ သိရသည်။

Read more

ခေါင်းဆောင်အသစ် ရွေးချယ်တင်မြှောက်ကြောင်း တာလီဘန်အဖွဲ့ ကြေညာ

75278258

အမေရိကန် မောင်းသူမဲ့ လေယာဉ်၏ တိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် ကားအစိတ်အပိုင်းများ။

 

အာဖဂန်နစ္စတန် တာလီဘန် စစ်သွေးကြွများက ၎င်းတို့၏ ခေါင်းဆောင်သစ်ကို တင်မြှောက်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

Read more

အမုန်းစကားဆန့်ကျင်မှုဥပဒေ ဂျပန်တွင် ပြဋ္ဌာန်း

n-hatespeech-a-20160525

ဂျပန်နိုင်ငံမှာ အမုန်းတရားပြောဆိုရေးသားထုတ်လွှင့်မှုကို တားမြစ်တဲ့ဥပဒေတရပ်ကို ဒိုင်ယက် လွှတ်တော်မှာ ဒီကနေ့ ပြဋ္ဌာန်းပါတယ်။

မေလ ၁၂ ရက်နေ့က အထက်လွှတ်တော်တရားရေးဆိုင်ရာ ကြားနာပွဲမှာ  အမုန်းတရား ပြောကြားမှုနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းကို အတည်ပြုခဲ့ပြီးနောက် ဒီကနေ့ ဒိုင်ယက်လွှတ်တော် က အတည်ပြုတာဖြစ်တယ်လို့ ကျိုဒိုသတင်းမှာ ဖော်ပြပါတယ်။

Read more

သမိုင်းသည် အလိုအလျောက် တစ်ပတ်ပြန်လည်တတ်သည်ဟု ဆိုကြသည် မြန်မာတို့အဖို့ တစ်ကျော့ ပြန်မလာသင့်သော သမိုင်းဆိုးကို တားသင့်ပေသည်

13239450_599225710246944_1313831379005563276_n

Read more

“ပါတီကို ပြန်လည်ပြုပြင်ကာ လာမယ့်ရွေးကောက်ပွဲမှာ ပြန်လည်အနိုင်ရအောင် ကျွန်တော်တို့ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရပါမယ်”

13254479_598561530313362_2818076783190216826_n

”အကြောင်းတွေ များစွာရှိသော်လည်း အဓိက အကြောင်းကတော့ ကျွန်တော်တို့ ပါတီရဲ့ အားနည်း ချက်ကြောင့်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီမှာ ဗဟိုက အားနည်းချက်တွေရှိသလို အောက်ခြေ မှာလည်း အားနည်းချက်တွေ ရှိနေပါတယ်။ ဒီအားနည်းချက်တွေကို ကျွန်တော်တို့ မှန်မှန်ကန်ကန်နဲ့ ပြန်လည်ရှုမြင်သုံးသပ်ပြီး ပါတီကို ပြန်လည်ပြုပြင်ကာ လာမယ့်ရွေးကောက်ပွဲမှာ ပြန်လည်အနိုင် ရအောင် ကျွန်တော်တို့ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရပါမယ်။

Read more

ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး ပါတီ၏လမ်းညွှန်ချက်များ ရှင်းလင်း

7cae51ff7b1d3288c0c92ee2db56db6ca6d02c942f8969e9d62a29be5a7c42de_full

တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အဆင့်ဆင့်ပြန်လည် ပြင်ဆင် ဖွဲ့စည်းရေးနှင့် ပါတီ၏လမ်းညွှန်ချက်များ ရှင်းလင်းတွေ့ဆုံပွဲ အခမ်းအနားကို ထားဝယ်မြို့ တိုင်း ဒေသကြီး ပါတီအစည်းအဝေးခန်းမ၌ မေလ (၂၃) ရက် နံနက် (၉) နာရီက ကျင်းပခဲ့ပြီး အခမ်းအနား တွင် ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးက ပါတီပြန်လည်ပြင်ဆင် ဖွဲ့စည်းရေးစီမံချက်၊ လုပ်ထုံးလုပ်နည်းများကို ဦးစွာရှင်းလင်း ပြောကြားပြီး ရပ်ကွက်ကျေးရွာများတွင် အခြေခံမှစ၍ အမာခံပါတီကေဒါများကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရေး၊ မြို့နယ်၊ ခရိုင်၊ တိုင်း ဒေသကြီး ပါတီ များကိုလည်း ပါတီအပေါ် စိတ်ကောင်း၊စေတနာကောင်းဖြင့် ဆောင်ရွက်ကြမည့်ပုဂ္ဂိုလ်များကို ရွေးချယ်ပေးကြရန် ရှင်းလင်းမှာကြားခဲ့သည်။

Read more

ပါတီဗဟိုအတွင်းရေးမှူးဦးပိုက်ထွေး နယ်မြေကွင်းဆင်းဆောင်ရွက်

UPHtwe (24-5)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် သရက်ခရိုင်ပါတီ အတွင်းရေးမှူး ဦးဝင်းကျော်နှင့်အတူ ယခုလ ၂၁ ရက်က ကံမမြို့နယ်အတွင်း လေဘေးသင့် ကျေးရွာများသို့ သွားရောက်၍ ပြန်လည် ပြင်ဆင်ဆောက်လုပ်နိုင်ရန် ငွေကြေးပစ္စည်းများ ထောက်ပံ့ ပေးအပ်ပြီး ကျောင်းထိုင်ဆရာတော်များအား ဖူမြော်ကြည်ညိုခြင်း၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ အားပေးစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့သည်။ 

Read more

ရှေ့ဆက်ဆောင်ရွက်မည့် ပါတီလုပ်ငန်းစဉ်များ အောင်မြင်ရေး ညှိနှိုင်းဆွေးနွေး

13248570_241447889564378_8756658967207340609_o

ပုသိမ်ခရိုင်အတွင်းရှိ (၇) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးပါတီ အမာခံကေဒါ ဖွဲ့စည်းရေးကြီးကြပ်မှုကော်မတီ ဒေါက်တာထိန်ဝင်း ခေါင်းဆောင်သော ခရိုင်ပါတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ရေကြည်မြို့နယ် ပါတီအတွင်းရေးမှူးးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ခေါင်းဆောင်များနှင့် ညှိနှိုင်းတွေ့ဆုံပွဲကို မေလ (၂၃) ရက် နံနက် (၁၀) နာရီအချိန်က  ရေကြည်မြို့နယ် ပိတောက်ချောင်း ပြည်ခိုင်ဖြိုးပါတီတီခန်းမ၌ ပြုလုပ်ခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်မည့် ပါတီလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Read more

အောင်မြေသာစံပြည်ခိုင်ဖြိုး ပြန်လည်ဖွဲ့စည်းရေး ညှိနှိုင်းဆွေးနွေး

KHtay1

မန္တလေတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီအဆင့်ဆင့် ပြန်လည်ဖွဲ့စည်းရေးအတွက် မြို့နယ်ပါတီ နယ်မြေတာဝန်ခံ ဦးကျော်စန်းနှင့် မြို့နယ် ပါတီအတွင်းရေးမှူးတို့မှ မေလ (၂၃) ရက်နေ့က မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ရပ်/ကျေးပါတီဝင်များနှင့် ဆွေ့ဆုံ၍ ဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

Credit – Ko Htay

Read more

ဇေယျာသီရိမြို့နယ် ကျေးရွာအုပ်စု ပါတီခေါင်းဆောင်များ ရွေးချယ်

ZayaThiri1

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်၊ ဇေယျာသီရိမြို့နယ် ရေဆင်းအုပ်စု၊ ရေဆင်းကျေးရွာ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဒေါ်ဝင်းယုအေး နေအိမ်၌ မေလ (၂၃) ရက်နေ့ နံနက် (၉) နာရီအချိန်က ကျေးရွာအုပ်စု ခေါင်းဆောင် ရွေးချယ်ပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

Read more