လူရာကျော်သေဆုံးသည့် ဗုံးခွဲမှုများတွင် နိုင်ငံခြားတိုင်းပြည်များအား ဆီးရီးယားက ပြစ်တင်

_89777577_033095328

ဒမတ်စကပ်၊ မေ ၂၄ ။              ။ ဆီးရီးယားနိုင်ငံ ဆိပ်ကမ်းမြို့များဖြစ်သည့် တာတော့နှင့် ဂျာဘလက်ရှ်တို့တွင် ဗုံးခွဲတိုက်ခိုက်မှုများဖြစ်ပွားရာ နောက်ကွယ်၌ တူရကီ၊ ကာတာနှင့် ဆော်ဒီအာရေဗျတို့ ပါဝင်နေကြောင်း ဆီးရီးယားအစိုးရက စွပ်စွဲလိုက်သည်။

တိုက်ခိုက်မှုများက အရှိန်မြှင့်လုပ်ဆောင်လာခြင်းဖြစ်ကာ ငြိမ်းချမ်းရေးကြိုးပမ်းမှုများအား လမ်းချော်စေကြောင်း နိုင်ငံပိုင်သတင်းဌာန ဆာနာတွင် ဖော်ပြခဲ့သည်။

Read more

အီဂျစ် ခရီးသည်တင်လေယာဉ် ပျက်မကျမီ လမ်းကြောင်းပြောင်းမှု မရှိခဲ့

0520cairocrash01

မြေထဲပင်လယ်ထဲ ပျက်ကျခဲ့သည့် အီဂျစ်လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်သည် ပျက်မကျမီ ဦးတည်ချက် ပြောင်းလဲခဲ့ကြောင်း ဖော်ပြချက်များကို အီဂျစ် အာဏာပိုင်များက ငြင်းဆိုသွားသည်။

အီဂျစ်လေကြောင်းပိုင် Airbus A320 လေယာဉ်သည် မေ ၁၇ ရက်က ပါရီမှ ကိုင်ရိုသို့ ပျံသန်းစဉ် ဂရိရေပိုင်နက် အနီး၌ ပျက်ကျခဲ့သည်။ ဂရိကာကွယ်ရေး ဝန်ကြီးဌာနက လေယာဉ်သည် ပျက်မကျမီ ဘယ်ဘက်သို့ ၉၀ ဒီဂရီ
စောင်းချလိုက်ပြီး ထို့နောက်တွင် ၃၆၀ ဒီဂရီ လည်ဆင်းသွားပြီးမှ ရေထဲထိုးကျခဲ့သည်ကို ရေဒါမှတ်တမ်းများတွင် ဖမ်းယူ တွေ့ရှိခဲ့သည်ဟု အစောပိုင်းက ကြေညာခဲ့သည်။

Read more

ဖော်လူဂျာမြို့ကို အိုင်အက်စ်တို့ထံမှ သိမ်းယူမည်ဖြစ်၍ ဒေသခံများ ရှောင်ရှားနိုင်ရေး သတိပေး

13246305_1710378649202636_7734877587201040143_o

ဘဂ္ဂဒက် မေ ၂၃

အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါအယ်အက်ဘဒီသည် အိုင်အက်စ်အဖွဲ့က အခိုင်အမာ တပ်စွဲထားသော ဖော်လူဂျာမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေး တိုက်ပွဲများ ဆင်နွှဲ မည်ဖြစ်ရာ တိုက်ပွဲများ မစတင်မီ ဒေသခံများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေး အီရတ်တပ်ဖွဲ့မှ သတိပေးမှုများ ပြုလုပ်ထားသည်။ ”ဖော်လူဂျာမြို့ လွတ်မြောက်ဖို့ သိပ်မကြာတော့ပါဘူး။

Read more

အမေရိကန်တို့က ဗီယက်နမ်အပေါ် လက်နက်ကုန်သွယ်ခွင့် ပိတ်ပင်မှု ဖယ်ရှား

13240533_1710378872535947_5108974982783279778_n

ဟနွိုင်း မေ ၂၃

အမေရိကန်သမ္မတဘားရက်အိုဘားမားသည် အာရှဒေသ၌ နိုင်ငံရေးအားပြိုင်မှုညီမျှမှုရှိစေရေး တနင်္လာနေ့က ဗီယက်နမ်သို့ ပထမဦးဆုံးအကြိမ်ဖြစ် သွားရောက်ခဲ့သည်။ တောင်တရုတ်ပင်လယ်အရေးတင်းမာမှုများ မြင့်တက် နေချိန် အမေရိကန်၏ ကာကွယ်ရေးစွမ်းအားမြှင့်တင်နိုင်ရေး ယခင်က ရန်ဘက် နိုင်ငံဖြစ်ခဲ့သော ဗီယက်နမ်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

ထိုခရီးစဉ်၌ ဗီယက်နမ်သမ္မတ ထရန်ဒိုင်ကန်က အမေရိကန်နိုင်ငံသည် ဗီယက်နမ်အပေါ်လက်နက်ကုန်သွယ်မှုကို ပိတ်ပင်လိုက်ကြောင်း တနင်္လာနေ့က ပြောကြားသည်။

Read more

မိုးညှင်းပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာ လှုပ်ရှားမှု

13267958_179154679151260_9064290748016412635_n

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအကြံပေး (ကချင်ပြည်နယ်တာဝန်ခံ) သီရိပျံချီ ဦးသိန်းဇော်၏လမ်းညွန်မှုကို ခံယူကာ မိုးညှင်းခရိုင်တာဝန်ခံ ဦးကျော်စိုးလေး စီမံမှုဖြင့် ဟိုပင်မြို့နယ် တွဲဘက်တာဝန်ခံ ဦးဌေးဝင်း ရွာသစ်ကြီးကျေးရွာ ပါတီကေဒါ ဦးကျော်လင်းအောင် ဦးအောင်တင်ဝင်း တို့ဦးဆောင်သော ပါတီဝင်လူငယ်များသည် မေလ (၂၁) ရက်က ဟိုပင်မြို့ ရွာသစ်ကြီးကျေးရွာတွင် ကဆုန်ညောင်ရေသွန်လောင်းပွဲကို ဂန္ဓာမာတောကျောင်း၌ပြုလုပ်ခဲ့ပြီး ရွာသစ်ကလေးရွာ ဆရာတော် အား ဖူးမျှော်ကန်တော့ကာ သက်ကြီးရွယ်အိုများအား တစ်ဦးချင်းစီ ကန်တော့ခဲ့ကြသည်။

Read more

ထားဝယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေရှားပါးသည့်ကျေးရွာများတွင်ရေလှူဒါန်း

Hta We`

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင်တွင် နွေရာသီရောက်တိုင်း သောက်သုံးရေရှားပါးသော ကျေးရွာများသို့ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် စေတနာရှင်များက နေ့စဉ်နီးပါး သောက်သုံးရေ သွားရောက်လှူဒါန်းပေးလျက်ရှိရာ ထားဝယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လည်း ကျေးရွာငါးရွာသို့ ရေလှူဒါန်းပေးလျက်ရှိသည်။

Read more

ကြံခင်းပြည်ခိုင်ဖြိုး မြို့နယ်ကော်မတီဝင်များ ပြန်လည်ရွေးချယ်တင်မြှောက်ရေး အကြိုလုပ်ငန်းညှိနှိုင်း ဆွေးနွေး

Kyan Khin

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်ပါတီကော်မတီဝင်များ ပြန်လည်ရွေးချယ်တင်မြှောက်ရေး အကြိုလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယခုလ (၁၈) ရက် နံနက် (၉) နာရီက မြို့နယ်ပါတီရုံး စုဝေးခန်းမ၌ကျင်းပခဲ့ရာ ဟင်္သာတခရိုင်အတွင်း မြို့နယ်ပါတီကော်မတီဝင်များ ပြန်လည်စိစစ်ရေး အဖွဲ့ ခေါင်းဆောင် ဗဟိုပါတီကော်မတီဝင် ဦးခင်မောင်ရီနှင့် စိစစ်ရေးအဖွဲ့ဝင်များဖြစ်သည့် တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမြတ်စိုး၊ ဟင်္သာတခရိုင် ပါတီ ကော်မတီဝင် ဒေါက်တာသန်းထွဋ်၊ ဒေါ်ထားထားလှိုင်တို့ တက်ရောက်ကြသည်။

Read more

ပုဇွန်တောင်ပြည်ခိုင်ဖြိုးရဲ့ ကဆုန်လပြည့်နေ့ ညောင်ရေသွန်းလောင်း ကုသိုလ်တော်

Aye3

ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းလောင်း ကုသိုလ်တော်အဖြစ် ပုဇွန်တောင်မြို့နယ် (၇) ရပ်ကွက် ဦးရွှေဂွန်းလမ်းရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်းရှိ ပရိဘောဂစေတီမြတ်ဖြစ်သည့် “မဟာဗောဓိပင်” ၌ ပုဇွန်တောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကုသလဝါယာမ ဆွမ်းလောင်းအသင်းမှ နံနက် (၇) နာရီမှ(၈) နာရီအထိ ညောင်ရေသွန်းလောင်း လုပ်အားဒါန ကုသိုလ်ယူခဲ့ကြသည်။
ကဆုန်ညောင်ရေသွန်းပွဲတော်သို့ ပုဇွန်တောင်မြို့နယ် ပါတီအတွင်းရေးမှူးဦးထွန်းအောင်ကြည်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်စည်းခေါင်းဆောင်များ၊ ပါတီဝင်များ စုစုပေါင်း (၂၀)ဦးက လုပ်အားဒါန ကုသိုလ်ယူခဲ့ကြသည်။

Read more

ပုဇွန်တောင် (၉)ရပ်ကွက် ပြည်ခိုင်ဖြိုး ပြန်လည်ဖွဲ့စည်း

AAWin2

ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီ အဆင့်ဆင့် ပါတီပြန်လည်ဖွဲ့စည်းမှုကို မေလ ( ၁၉ ) ရက် ညနေ ၅ နာရီက ပုဇွန်တောင်မြို့နယ် (၉)ရပ်ကွက် နှင်းပန်းလမ်း၌ ဆောင်ရွက်ခဲ့သည်။

Read more

ဒဂုံမြို့သစ်မြောက်ပိုင်း ပြည်ခိုင်ဖြိုးပါတီ ကဆုန်ညောင်ရေသွန်း

ကဆုန်လပြည့် (ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းလောင်းပွဲ အခမ်းအနားကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ မြို့ဦးစေတီတော်တွင် ကဆုန်လပြည့်နေ့ (မေလ ၂၁ ရက် ) ညနေ ၄ နာရီအချိန်က ကျင်းပခဲ့ကြသည်။

Read more