အင်တာနက်ရှိသည့် မည်သည့်နေရာကမဆို လျှောက်ထားနိုင်သည့် Fully Online License System လာမည့် ဇွန်လတွင် စတင်ဆောင်ရွက်မည်

13081804_1136480829709399_320826700_n

အင်တာနက်ရှိသော မည်သည့်နေရာကမဆို ပို့ကုန် သွင်းကုန်လိုင်စင် လျှောက်ထား နိုင်မည့် Full Online License Sysem စနစ်ကို လာမည့်ဇွန်လမှ စတင်ကာ လုပ်ဆောင်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။

Read more

နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှကာကွယ်စောင့်ရှောက်သည့် ဥပဒေအား ရုပ်သိမ်းသည့်ဥပဒေကြမ်း ဆက်လက် ဆောင်ရွက်မည်

နိုင်ငံတော်အားနှောင့်ယှက် ဖျက်ဆီးလိုသူများ၏ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ အား ရုပ်သိမ်းသည့် ဥပဒေကြမ်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း မေလ (၂၄) ရက်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ရက် ၃ဝ မြောက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့သည်။

Read more

ဗီဇာသက်တမ်းကုန် အာဖရိကန်ဘောလုံးသမားများအပါအ၀င် တရားမ၀င်နေထိုင်သူများကို စစ်ဆေး အရေးယူမည်ဟုဆို

13081804_1136480829709399_320826700_n

မြန်မာနေရှင်နယ်လိဂ် ဘောလုံးအသင်းများမှ သက်တမ်းကုန် ဘောလုံးသမားများအပါအ၀င် ဗီဇာ သက်တမ်းကုန်ဆုံး နေသူများကို စစ်ဆေးအရေးယူရန်ရှိပြီး စစ်ဆေးရာတွင် ခရီးသွားရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတင်းရရှိသည်။

မြန်မာနိုင်ငံရှိ ဘောလုံးအသင်းများတွင် ဘောလုံးကစားရန် အကြောင်းပြချက်ဖြင့် ရောက်ရှိလာပြီး အသင်းနှင့် စာချုပ် သက်တမ်းကုန်ဆုံးကာ ရက်လွန်နေထိုင်နေသည့် ပြည်ပဘောလုံးသမားများရှိနေပြီး အများစုမှာ အာဖရိကနိုင်ငံများမှ ဖြစ်ကြောင်း ဘောလုံးအသင်းများမှ စုံစမ်းသိရှိရသည်။

Read more

ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး ၂၀၁၆ ဇူလိုင်၌ စတင်ထိုးနှံပေးမည်

13081804_1136480829709399_320826700_n

ပြင်းထန်အဆုတ်ရောင် ရောဂါကာကွယ်ဆေး (PCV-Pneumococcal Conjugate Vaccine) ကို ပုံမှန်ကာကွယ် ဆေးထိုးလုပ်ငန်း စီမံချက်တွင်ထည့်သွင်း၍ ၂၀၁၆  ဇူလိုင် ၁ရက်၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ထိုးနှံပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ပြင်းထန်အဆုတ်ရောင် ရောဂါများသည် အသက် (၂)နှစ် အောက် ကလေးများတွင် ဆေးဝါးကုသမှု အချိန်မီမရရှိပါက သေဆုံးမှုနှုန်းမြင့်မား နိုင်သောကြောင့် ကာကွယ်ဆေးထိုးခြင်းဖြင့် ယင်းရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှုကို ထိရောက်စွာကာကွယ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ တွင် ၂၀၁၆ ဇူလိုင်မှ စတင်၍ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုရောဂါကာကွယ်ဆေး၊ ထိုးဆေးနှင့် အတူ ယင်းပြင်းထန်အဆုတ်ရောင် ရောဂါကာကွယ်ဆေးကို ကလေးအသက် (၂)လမှစ၍ သုံးကြိမ်ထိုး နှံပေးမည်ဖြစ်ကြောင်း သိရသည်။

Read more

မော်ရင်ဟိုကို မန်ယူအသင်း (၃)နှစ်စာချုပ်ဖြင့် ခန့်အပ်ရန် သဘောတူညီမှု ရရှိခဲ့ပြီဟု ဗြိတိန်မီဒီယာများဖော်ပြ

13260063_1719262814993269_2957762168808486504_n

မန်ယူအသင်းသည် သတင်းများထွက်ပေါ်ခဲ့သည့်အတိုင်း ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟိုကို (၃)နှစ်စာချုပ်ဖြင့် ခန့်အပ်ရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

မန်ယူအသင်းသည် ဗန်ဟားလ်နှင့် သူ၏ နယ်သာလန်နည်းပြအဖွဲ့ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီးနောက် မော်ရင်ဟိုကို အစားထိုးခန့်အပ်ရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေခဲ့ခြင်းဖြစ်ပြီး (၃)နှစ်စာချုပ်ဖြင့် ခန့်အပ်ရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Read more

အင်္ဂလန်နှင့် ဝေးလ်ရိသတ်များကို အရက်မသောက်ရန် တားမြစ်

England-and-Wales-last-met-in-Euro-2012-Getty-Images

(Getty Images)

၂၀၁၆ ယူရိုပြိုင်ပွဲမှာ ပြင်သစ်နိုင်ငံ လန်းစ်မြို့ရဲ့ လမ်းတွေပေါ်မှာ အင်္ဂလန်နဲ့ ဝေးလ် ဘောလုံးပရိသတ်တွေကို အရက်သေစာ မသောက်စားဖို့ ပြင်သစ် အာဏာပိုင် တွေက တားမြစ်လိုက်ပါတယ်။

ဇွန် ၁၆ အုပ်စု ခ ပွဲစဉ်အဖြစ် အင်္ဂလန်နဲ့ ဝေးလ်အသင်းတို့ ကစားကြမှာဖြစ်ပြီး လန်းစ်မြို့မှာ အရက်သောက်ခွင့်ကို ၂၄ နာရီ ပိတ်ပင်လိုက်တဲ့အတွက် အရက်သောက်ခွင့်ရမှာ မဟုတ်ပါဘူး။

Read more

လေးနှစ်ကြာ အောင်မြင်မှုနှင့် ဝေးကွာနေခြင်းကို ဆာဂျီယိုဂါစီယာ အဆုံးသတ်

13227042_1719037791682438_1400333845147654682_n

၂၀၁၆ ရာသီ PGA Tour ဂေါ့ဖ်ပွဲစဉ်တစ်ရပ်ဖြစ်သည့် AT& T Byron Nelson ပြိုင်ပွဲ တွင် စပိန်နိုင်ငံသား ဆာဂျီယိုဂါစီယာ အနိုင်ရဗိုလ်စွဲပြီး လေးနှစ်ကြာ အောင်မြင်မှုနှင့် ဝေးကွာ နေခြင်းကို အဆုံးသတ်နိုင်ခဲ့ကြောင်း သိရသည်။

ဂါစီယာသည် စတုတ္ထနေ့ပွဲစဉ်အပြီးတွင် အမေရိကန်နိုင်ငံသား ဘရွတ်ကိုးကာနှင့် လျှော့ရိုက်ချက် ၁၅ ချက်စီ တူညီနေသဖြင့် Play-off ထပ်မံယှဉ်ပြိုင်ခဲ့ရပြီး ပထမဆုံးကျင်းမှာပင် အနိုင်ရခဲ့ခြင်းဖြစ်သည်။

Read more

မြန်မာနှင့်ပွဲအပါအ၀င် ခြေစမ်းပွဲများ၌ ရလဒ်ကောင်းများ ရရှိရန် အာရုံစိုက်မည်ဟု မလေးရှား နည်းပြ ပြော

45327837835

၂၀၁၄ ဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာနှင့်မလေးရှားအသင်း ယှဉ်ပြိုင်နေစဉ် ဓာတ်ပုံ−affsuzukicup.com

ဖီဖာကမ္ဘာ့အဆင့် သတ်မှတ်ချက် မြင့်တက်ရေးအတွက် မြန်မာအသင်းနှင့် ယှဉ်ပြိုင်မည့် ခြေစမ်းပွဲအပါအ၀င် နိုင်ငံတကာခြေစမ်းပွဲများ၌ ရလဒ်ကောင်းများ ရရှိရန် အာရုံစိုက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မလေးရှား လက်ရွေးစင် အသင်းနည်းပြ အွန်ကင်ဆွီးကပြောကြားသည်။

Read more

အိုင်အက်စ် မြို့တော်အနီး ဒေသများတွင် ဆီးရီးယား သူပုန်အဖွဲ့တစ်ခု စစ်ဆင်ရေးများ စတင်

cfawr32

အမေရိကန်က လက်နက် တပ်ဆင်ပေးထားသည့် အက်စ်အီအက်ဖ် တပ်ဖွဲ့ဝင်များ။

အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်)၏ မြို့တော်ဖြစ်သော ရက္ကာအနီးတဝိုက်ဒေသများကို အမေရိကန်ထောက်ပံ့ ပေးနေသည့် ဆီးရီးယားသူပုန်များက ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

ဆီးရီးယား ဒီမိုကရက်တစ်အင်အားစု (အက်စ်ဒီအက်ဖ်) သူပုန်အဖွဲ့သည် ရက္ကာအနီးတွင် လအတန်ကြာ လှုပ်ရှားနေပြီးနောက် မြို့၏မြောက်ပိုင်း ဧရိယာများကို သိမ်းယူသည့် စစ်ဆင်ရေးကို အစပြုခဲ့သည်။ အဆိုပါ အဖွဲ့သည် တပ်ဖွဲ့ဝင် သုံးသောင်းမျှကို ဖြန့်ကျက်ထားသည်။

Read more

သမ္မတ အိုဘားမား ဟီရိုရှီးမား အထိမ်းအမှတ် ပန်းခွေချမည့်အခမ်းအနားသို့ အဏုမြူဗုံးကျဲမှုအတွင်းက အသက်ရှင် ကျန်ရစ်ခဲ့သူများ တက်ရောက်မည်

57451cb212911_b1a5ed0205f3d5e3e2569ac2134fbbb2b5571347-1bka75i

မေ ၂၅ ။             ။ ယခုသီတင်းပတ်အတွင်း ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ရှိ အဏုမြူဗုံးကျခံရမှုဖြစ်စဉ် အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် သမ္မတ အိုဘားမား ပန်းခွေချမည့် အချိန်တွင် ယင်းအဏုမြူ ဗုံးကျဲစဉ်က အသက်မသေဘဲ ရှင်သန်လွတ်မြောက်ခဲ့သူများလည်း တက်ရောက်ကြမည်ဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြသည်။

Read more