လစဉ်ပုံမှန်စည်းဝေး ရွေးချယ်ခံရသော ရပ်ကွက် ပါတီကော်မတီဝင်များ ကတိသစ္စာပြု

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် လစဉ်ပုံမှန်အစည်းအဝေးနှင့် ရပ်ကွက်များမှ ရပ်ကွက်ပါတီ ကော်မတီဝင်အဖြစ် ရွေးချယ်ခံရသောပုဂ္ဂိုလ်များက ကတိသစ္စာပြုအခမ်းအနားကို ဇွန်လ (၅) ရက် နံနက် (၉) နာရီတွင် စုစုပေါင်း အင်အား (၁၄ဝ) ဖြင့် ကျင်းပခဲ့သည်။

Read more

ပဲခူးတိုင်းဒေသကြီး သဲကုန်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်များကို ဘီပိုးကာကွယ်ဆေးအခမဲ့ထိုးပေး

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံ တွင် ယမန်နေ့က မြို့နယ်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဒေါ်ဥမ္မာ မို့မို့ဇော် ဦးဆောင်အဖွဲ့သည် ပါတီဝင်နှင့်မိသားစုများ ထာဝရ ကျန်းမာကြံ့ခိုင်ကျန်းမာနေစေရန်အတွက် ဘီပိုးကာကွယ်ဆေးများကို ပါတီဝင်နှင့်မိသားစု ၆၅ဦးတို့အား အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆေးထိုးနှံခြင်းလုပ်ငန်းကို သဲကုန်းမြို့နယ် ဆရာဝန်ကြီး ဒေါက်တာထွန်းထွန်းစိုး၊ ဆရာဝန်၊ သူနာပြုနှင့်ဆေးရုံဝန်ထမ်းများက အားဖြည့်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)

Read more

ဇီးကုန်းပြည်ခိုင်ဖြိုးပါတီ ပါတီကေဒါများရွေးချယ်

ပဲခူးတိုင်းဒေသကြီးသာယာဝတီခရိုင် ဇီးကုန်းမြို့နယ်ပါတီရုံးတွင် ယခုလ ၃ ရက်တွင် တိုင်းဒေသ ကြီး အတွင်းရေးမှူးဦးအောင်ချိုဦး၊ တိုင်းဒေသကြီးကော်မတီဝင် ဦးသန်းဇော်ထွန်း၊သာယာဝတီခရိုင် အတွင်းရေးမှူးဦးသိန်းဇော်၊ ခရိုင်ကော်မတီဝင်များနှင့် မြို့နယ်ကော်မတီဝင်များ အစည်းအဝေးပြုလုပ် ခဲ့သည်။ အစည်းအဝေးတွင် ပါတီကေဒါများရွေးချယ်မှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်းရေးမှူးက အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မျိုးဇော်ထွန်း(ဇီးကုန်း)


Read more

ပြည်နယ်ပါတီကော်မတီဝင်နှင့်အဖွဲ့ ကျောင်းသား/သူများအတွက် စာရေး ကရိယာနှင့် ထီးများ သွားရောက်လှူဒါန်း

 

ရှမ်းပြည်နယ် (အရှေ့ ပိုင်း) တာချီလိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ် အလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်တင်မေထွန်း၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးစိုင်းရွှေထွန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ စည်းရုံးရေးမှူးများနှင့် အဖွဲ့သည် ဇွန်လ (၅) ရက်က တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ ဝမ်မုံရွာ၊ ဆီလီမွန်းရွာ၊ မော်တီရွာများရှိ ကျောင်းသား/သူ (၁၉)ဦးတို့အား စာရေးကရိယာများ နှင့် ထီးများ သွားရောက် လှူဒါန်းပေးခဲ့ကြသည်။

Read more

အင်တာမီလန်အသင်း၏ ရှယ်ယာ (၇၀)ရာခိုင်နှုန်းကို ယူရိုသန်း(၂၇၀)ဖြင့် ဆန်နင်းစီးပွားရေးလုပ်ငန်းစု လွှဲပြောင်း ၀ယ်ယူ

13340042_1723753384544212_2369811084805639096_o

တရုတ်စက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် ဆန်နင်းစီးပွားရေးလုပ်ငန်းစုသည် ဥရောပထိပ်တန်း ကလပ်အသင်းကြီးတစ်သင်းဖြစ်သည့် အင်တာမီလန်အသင်း၏ ရှယ်ယာ (၇၀)ရာခိုင်နှုန်း နီးပါးကို ယူရိုသန်း(၂၇၀) (ဒေါ်လာ ၃၀၈ သန်း)ဖြင့် လွှဲပြောင်းဝယ် ယူနိုင်ခဲ့ကြောင်း သိရှိရသည်။

Read more

ပုံပါကစားသမားသုံးဦးထဲမှ အနည်းဆုံးတစ်ဦးရောင်းထုတ်မည့် အာဆင်နယ်

13339599_1026486134112874_8132638873757652542_n

အာဆင်နယ်အသင်းဟာ အသင်းရဲ့ အင်္ဂလန်စတားများဖြစ်သော နောက်ခံလူ ဂဘ်စ်နှင့် တောင်ပံကစားသမား ဖြစ်သော ဝေါ်လ်ကော့နှင့် ချန်ဘလိန်တို့ထဲမှ အနည်းဆုံး တစ်ဦးအား ရောင်းထုတ်သွားမည်ဖြစ်ပါတယ်။ 

အဆိုပါ ကစားသမားသုံးဦးလုံးမှာ ယခုရာသီ အာဆင်နယ်အသင်း၌ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရသလို ဒဏ်ရာပြသာနာများအပြင် အင်္ဂလန်အသင်း၏ ယူရိုပြိုင်ပွဲဝင် အသင်းလူစာရင်းနှင့်လည်း လွှဲချော်ခဲ့ရပါတယ်။ 

Read more

ယူရိုဖလားကို ပြင်သစ်အသင်း ဆွတ်ခူးနိုင်စွမ်းရှိဟု ဂရစ်ဇ်မန်းက ပြော

8528578

ပြင်သစ်အသင်းသည် ၎င်းတို့၏ အမိမြေတွင် ယူရို ၂၀၁၆ ဖလားကို ရယူနိုင်သော စွမ်းရည် ရှိသည်ဟု အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်းက ပြောကြားသည်။

သို့သော်မိမိတို့ ပြင်သစ်အသင်းသည် ယူရို ၂၀၁၆ ဖလားကို ရရှိအောင် ကြိုးစားရာတွင် ကံတရား ဖေးမမှုအချို့ လိုအပ်သည် ဟု ၎င်းက ပြောသည်။

Read more

အိမ်ရှင်မြန်မာအသင်း ဟောင်ကောင်ကို ဂိုးပြတ်သွင်းပြီး တတိယနေရာ ရရှိ

13417434_1026431907451630_5406496282388256952_n

လေးနိုင်ငံ ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲ (AYA Bank Cup) တတိယနေရာလုပွဲတွင် အိမ်ရှင် မြန်မာအသင်းက ဟောင်ကောင် အသင်းကို ၃-၀ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သည်။ ဇွန်လ ၆ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်သည့် အဆိုပါပွဲတွင် မြန်မာအသင်းက စင်ကာပူအသင်းနှင့် ပွဲစဉ်၌ ပွဲ ထွက်ကစားခဲ့သည့် လူစာရင်းကို နှစ်ဦးသာ အပြောင်းအလဲပြုလုပ် ပြီး ဟောင်ကောင်အသင်းကို ရင် ဆိုင်ခဲ့သည်။

Read more

ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် ဟီလာရီကလင်တန် ရွေးချယ်ခံရ

Helaryee-kalintan

နယူးယောက်၊ ဇွန် ၇

အမေရိကန်သမ္မတလောင်းအဖြစ် ဒီမိုကရက်တစ်ပါတီက ဟီလာရီကလင်တန်အား လိုအပ်သော ကိုယ်စားလှယ် အရေအတွက် ရရှိ၍ အပြီးသတ် ရွေးချယ်လိုက်ပြီ ဖြစ်သည်။

ပါတီတွင် ၎င်းအတွက် ကိုယ်စားပြုထောက်ခံသူပေါင်း ၂၃၈၃ ရရှိ၍ ဟီလာရီအနေဖြင့် ချွင်းချက်မရှိ ရွေးချယ်ခံရခြင်း ဖြစ်သည်။

Read more

သပိတ်မှောက်နေသူများ ယူရိုပြိုင်ပွဲကို မနှောင့်ယှက်ရဟု ပြင်သစ်သမ္မတ ပြောကြား

French President Francois Hollande delivers a speech during an international and interministerial conference in a bid to revive the Israeli-Palestinian peace process, in Paris, France, June 3, 2016.   REUTERS/Stephane de Sakutin/Pool

သောကြာနေ့တွင် ပြင်သစ်နိုင်ငံ၌ စတင်ကျင်းပမည့် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲကို ပို့ဆောင်ရေးလုပ်သားများ သပိတ် က အနှောင့်အယှက် ဖြစ်စေမည်ဆိုပါက နားမလည်နိုင်ဖြစ်ရလိမ့်မည်ဟု သမ္မတဟော်လန်ဒီက ပြောကြားလိုက်သဖြင့် တိုက်ပွဲဝင်လိုသော CGT သမဂ္ဂအနေဖြင့် ယင်းလုပ်ရပ်ကို ရပ်တန့်ရေး ဖိအားများ မြင့်တက်လာသည်။

Read more