ကလေးအကျဉ်းသားများကို လွှတ်ပေးရန် ယီမင်နိုင်ငံတွင် စစ်ခင်းနေသောအဖွဲ့များ သဘောတူ

ယီမင်နိုင်ငံ၌ တစ်နှစ်ကျော်ကြာ ပြည်တွင်းစစ်ဆင်နွှဲနေသော အဖွဲ့များက ၎င်းတို့ ထိန်းသိမ်းထားသည့် ကလေးအကျဉ်းသား အားလုံးကို လွှတ်ပေးရန် သဘောတူခဲ့ကြသည်ဟု ကူဝိတ် နိုင်ငံတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ညှိနှိုင်းနေသော ကုလအထူးကိုယ်စားလှယ် အစ္စမေးလ်အော် ချိတ်အာမက်က တွစ်တာစာမျက် နှာ၌ ရေးသားခဲ့သည်။

‘‘ကလေးတွေကို ကွင်းလုံးကျွတ်လွှတ်ပေးဖို့ သဘောတူလိုက်ပါပြီ။ လွှတ်မယ့်အစီအစဉ်တွေကိုတော့ ရှေ့လာမယ့်ရက် တွေမှာ ဖြေရှင်းသွားပါမယ်’’ ဟု ချိတ်အာမက်ကပြောသည်။

Read more

သြစတြေးလျမုန်တိုင်းကြောင့် လူသုံးဦးသေဆုံး အိမ်များပြိုပျက်မှု အန္တရာယ်နှင့်ရင်ဆိုင်နေရ

13391620_1716313208609180_5259070669005735364_o

ဆစ်ဒနီ ဇွန် ၆

သြစတြေးလျအရှေ့ဘက်ကမ်းခြေတစ်လျှောက် အင်အားပြင်းမုန်တိုင်းဝင်ရောက် ပြီးနောက် လူသုံးဦး သေဆုံးခဲ့ ကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဇွန် ၆ ရက်က ဖော်ပြခဲ့သည်။

နယူးဆောက်သ်ဝေးလ်တောင်ဘက် ဗစ်တိုးရီးယားနှင့် တက်စ်မေးနီးယားတို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ ဆက်လက်တိုက်ခတ်လျက်ရှိကြောင်း သိရ သည်။

Read more

စီးပွားရေးကြော်ငြာရိုက်ကူးမှုတွင်လည်း သရဖူဆောင်းနေသည့် ဆောင်းဂျုံကီ

ယခုလက်ရှိတွင် အာရှတစ် လွှား၌လွမ်းမိုးမှုအားကောင်းနေ လွန်းသည့် အသက်(၃ဝ)အရွယ် မင်းသားဆောင်းဂျုံကီသည် ၂ဝ၁၆ ခုနှစ် မတ်လကတည်းက သုံးလ တိုင်တိုင် စီးပွားရေးကြော်ငြာရိုက် ကူးမှုများတွင်လည်း နံပါတ်တစ် နေရာတွင် ထိပ်ဆုံးမှရပ်တည်နေ ခဲ့ကြောင်းသိရသည်။ ကိုရီးယား နာမည်ကျော်စောသူများအဖွဲ့အစည်း ၏ပြောကြားချက်အရ ဆောင်းဂျုံ ကီသည် ၂ဝ၁၆ ခုနှစ် မေလ၏ လွှမ်းမိုးနိုင်ဆုံးသောမော်ဒယ်အဖြစ် ကျော်ကြားမှုသရဖူကိုဆောင်းနိုင် ခဲ့ကြောင်း သိရသည်။
၎င်း၏နောက်တွင် အောင်မြင် မှုနှင့် လွှမ်းမိုးမှုအရှိဆုံးသောပုဂ္ဂိုလ် အဖြစ် ရပ်တည်နေသူမှာ Seattle Mariners မှ ဘေ့စ်ဘောကစား သမား Dae Ho ဖြစ်ပြီး တတိယ နေရာတွင် ရပ်တည်နေသူမှာ Cheese in the Trap ဇာတ်ကား၏ ခေါင်းဆောင်မင်းသား Kim Go Eum ဖြစ်သည်။
ဆွန်ပီသတင်းဌာန၏အစီရင်ခံ တင်ပြမှုအရ ထိုကဲ့သို့ လွှမ်းမိုး ကျော်စောမှုအရှိဆုံးသောစီးပွားရေး ကြော်ငြာရိုက်ကူးသည့် မော်ဒယ် များအားရွေးချယ်ရာတွင် မော်ဒယ် ၂၃ ဦးအား ရွေးချယ်ခဲ့ပြီး ထို မော်ဒယ်များအားကိုရီးယားနာမည် ကျော်စောသူများအဖွဲ့အစည်းက ၂ဝ၁၆ ခုနှစ် ဧပြီ ၂၇ ရက်မှ မေ ၂၈ ရက်အတွင်းရရှိခဲ့သည့် အချက် အလက်ပေါင်း ၄၃၇၉ဝ၈၈ဝ အပေါ် တွင်အခြေခံကာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ လွှမ်းမိုးကျော် စောမှုအရှိဆုံးသော စီးပွားရေး ကြော်ငြာရိုက်ကူးသည့် မော်ဒယ် အဖြစ်သတ်မှတ်ရာတွင် ထိုမော်ဒယ် ရိုက်ကူးသည့် အမှတ်တံဆိပ်၏ နာမည်ကျော်စောမှုစံနှုန်းနှင့်ဝယ် ယူသုံးစွဲသူများ၏ သုံးသပ်ချက် များအပေါ်တွင်လည်း အခြေခံကာ ရွေးချယ်ခြင်းဖြစ်သည်။

Read more

ပေါင်းတည်ပြည်ခိုင်ဖြိုးမှ အသည်းရောင်အသားဝါ (ဘီ) ပိုးကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးသွားမည်

ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်ဆိုသော ကျန်းမာရေး ဆောင်ပုဒ်နှင့်အညီ ပေါင်းတည်မြို့နယ်အတွင်းရှိ မိဘပြည်သူများ အသည်းရောင် အသားဝါ (ဘီ) ပိုးကာကွယ်ဆေးများကို သတ်မှတ်အကြိမ်ရေ (၄)ကြိမ်လုံး အခမဲ့ထိုးနှံပေးသွားမည့် အစီအစဉ်အား ပေါင်းတည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒါနပြု ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး ဆေးထိုးခြင်းများအား တတ်ကျွမ်းပညာရှင်များမှ လုပ်အားဒါနဖြင့် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
ပထမအကြိမ်အဖြစ် လူဦးရေ (၁၀၀) ထိသာ ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ် ပါသဖြင့် ပေါင်းတည်မြို့ မင်းကွက် (၃) ရပ်ကွက် ရွှေတောင်လမ်းရှိ မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးသို့ ဇွန်လ (၇) ရက်နေ့ နံနက် (၈) နာရီအရောက် လာရောက်စာရင်းပေးသွင်း၍ အခမဲ့ ကာကွယ်ဆေးထိုးနိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးကြေငြာထားကြောင်း သိရသည်။
‪#‎MyoMinZaw‬

Read more

၂၁ ရာစု ပင်လုံညီလာခံ ကြိုတင်ပြင်ဆင်မှုအဖြစ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံပွဲ ပြုလုပ်ရန် စီစဉ်

၂၁ ရာစုပင်လုံညီလာခံ ကိုကြိုတင်ပြင်ဆင်သည့်အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော အဖွဲ့များနှင့် လက်မှတ်မထိုးရသေးသောအဖွဲ့များ ပါဝင်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ယခုရက်ပိုင်းအတွင်း ပြုလုပ်ရန် စီစဉ်လျက် ရှိကြောင်း သတင်းရရှိသည်။

Read more

မြန်မာနိုင်ငံတွင် အဓိက လုပ်ဆောင်သင့်သည့် အချက် ၉ ချက်ကို ၂ဝ၁၆ အာဆီယံ ထုတ်ပြန်ချက်တွင် ထည့်သွင်းမည်

အရှေ့တီမောနိုင်ငံတွင် သြဂုတ်လအတွင်း ကျင်းပမည့် ၂ဝ၁၆ အာဆီယံဖိုရမ်တွင် မြန်မာနိုင်ငံ၌ အဓိကလုပ်ဆောင်ရမည့်အချက် ကိုးချက်ကို ထည့်သွင်း ထုတ်ပြန်နိုင်ရန် တင်ပြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အာဆီယံ ဆိုင်ရာ အရပ်ဘက် လူ့အဖွဲ့အစည်း အလုပ်ရုံအဖွဲ့ထံမှ သိရသည်။

“အခုတက်လာတဲ့ အရပ်ဘက်လူ့အဖွဲ့စည်းရဲ့ တင်ပြချက်၊ ပြဿနာတွေ၊ အကြောင်းအရာတွေကို ၂ဝ၁၆ အာဆီယံထုတ်ပြန်ချက်မှာ တင်သွင်းမှာဖြစ်တယ်”ဟု မြန်မာ နိုင်ငံဆိုင်ရာ အရပ်ဖက် လူ့အဖွဲ့အစည်း အလုပ်ရုံအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မေသျှီသျှိုက ဆိုသည်။

Read more

ရန်ကုန်ရှိ ရှေးဟောင်းဂျူးဘုရားကျောင်းကို အပြာရောင်ကမ္ပည်းတပ်ဆင်

ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ၂၆ ရှိ မတ်စ်မီးယား ရေရှူအာဂျူးဘုရားကျောင်းကို ဇွန်လ (၅) ရက်တွင် ရန်ကုန် မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က အပြာရောင်ကမ္ပည်းပြား တပ်ဆင်ခဲ့သည်။ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည့် ဘာသာရေးဆိုင်ရာ ဘုရားကျောင်းများစွာတည်ရှိရာ ရန်ကုန်မြို့တွင် တစ်ခုတည်းသာ ကျန်ရှိတော့သည့် ဂျူးဘုရားကျောင်းကို အပြာရောင် ကမ္ပည်းပြား တပ်ဆင်နိုင်ခဲ့ခြင်းဖြစ်သည်။

Read more

နိုင်ငံရေး အကျဉ်းသားဟောင်း ၁၂၀ ကျော် ပါဝင်သည့် ပြည်ထောင်စု လွှတ်တော်တွင် နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် တရားဝင် အသိအမှတ်ပြုနိုင်ရန် မျှော်လင့်ဟုဆို

နိုင်ငံရေးအကျဉ်းသားဟောင်း လွှတ်တော်ကိုယ်စားလှယ် ၁၂၀ ကျော်ပါဝင်သည့် ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် တရားဝင်သတ်မှတ်နိုင်ရန်မျှော်လင့်ကြောင်း နိုင်ငံရေး အကျဉ်းသား ရေးရာဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများက ဇွန် (၃) ရက်တွင် ပြောကြားသည်။

Read more

ပေါင်းတည်ပြည်ခိုင်ဖြိုးမှ အသည်းရောင်အသားဝါ (ဘီ) ပိုးကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးသွားမည်

ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်ဆိုသော ကျန်းမာရေး ဆောင်ပုဒ်နှင့်အညီ ပေါင်းတည်မြို့နယ်အတွင်းရှိ မိဘပြည်သူများ အသည်းရောင် အသားဝါ (ဘီ) ပိုးကာကွယ်ဆေးများကို သတ်မှတ်အကြိမ်ရေ (၄)ကြိမ်လုံး အခမဲ့ထိုးနှံပေးသွားမည့် အစီအစဉ်အား ပေါင်းတည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒါနပြု ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး ဆေးထိုးခြင်းများအား တတ်ကျွမ်းပညာရှင်များမှ လုပ်အားဒါနဖြင့် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

Read more

ကျွန်ုပ်တို့ နေ့စဉ်စားသုံးနေတဲ့ အဆိပ်အတောက်

ဒီတွေ့နေကျပစ္စည်းက ကျွန်ုပ်တို့ နေ့စဉ်စားသုံးတဲ့ အကြီးမားဆုံး အဆိပ်အတောက်ဖြစ်ပါတယ်။ နောက်မကျခင် ရပ်တန့်ပါ။ အချိုမှုန့် monosodium glutamate E621 ဟာ အစားအသောက်အတွင်းရှိ အသံတိတ်လူသတ်သမားပဲ ဖြစ်ပါတယ်။ အစားအစာစွဲလန်းအောင် အရသာတိုးမြင့်တဲ့အရာနဲ့ ဆားအစား အသုံးပြုပြီး စားသောက်ဆိုင်တွေ အမြဲ အသုံးပြုနေကျ ပစ္စည်းဖြစ်ပါတယ်။

Read more