ကျောက်မျက်ပြပွဲကော်မတီ ရန်ပုံငွေ ၁ ရာခိုင်နှုန်း ကောက်ခံဖွယ် မရှိတော့ဟုဆို

မြန်မာ့ကျောက်မျက်ပြပွဲ ဗဟိုကော်မတီရန်ပုံငွေအဖြစ် ကျောက်မျက်ရောင်းရငွေ၏ ၁ ရာခိုင်နှုန်း အခွန်ကောက်ခံနေခြင်းကို ယခုလကုန်ပိုင်း၌ နေပြည်တော်တွင် ကျင်းပမည့် ကျောက်စိမ်း ကျောက်မျက်ပြပွဲမှစတင်ကာ ကောက်ခံဖွယ်မရှိတော့ကြောင်း သတင်းရရှိသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲများတွင် တင်ပြရောင်းချသည့် ကျောက်စိမ်းကျောက်မျက်များ၏ ရောင်းရငွေ ၁ ရာခိုင်နှုန်းကို ပြပွဲကျင်းပရေးကော်မတီ ရန်ပုံငွေအဖြစ် အစဉ်အဆက်ကောက်ခံခဲ့ပြီး လတ်တလောဖြစ်ပွားနေသည့် ကျောက်မျက်အသင်း  ငွေကြေးအရှုပ်အရှင်းများကြောင့် ယခုကျင်းပမည့် (၅၃) ကြိမ်မြောက် ကျောက်မျက်ပြပွဲမှ စတင်ကာ ဆက်လက်ကောက်ခံဖွယ်မရှိတော့ကြောင်း မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းတာဝန်ရှိသူများက ပြောသည်။

Read more

အသစ်ပြဋ္ဌာန်းမည့် ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ အစိုးရသိမ်းယူပါက လုပ်ဆောင်မည့် အချက်များကို ထည့်သွင်းထားဟုဆို

ပုဂ္ဂလိကပိုင် ရင်းနှီးမြှုပ်နှံမှုများကို သိမ်းယူမည်ဆိုပါက ဈေးကွက်ပေါက်ဈေးနှင့်အညီ အစိုးရက လျော်ကြေးပေး ရမည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။

အများပြည်သူ တောင်းဆိုမှုကြောင့် ရွှေတိဂုံစေတီတော်အနီး ဒဂုံစီးတီးစီမံကိန်းကို ရပ်ဆိုင်းရာတွင် ယခင်အစိုးရ အနေဖြင့် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး စီမံကိန်းရပ်ဆိုင်းရသဖြင့် အစိုးရကို တရားမစွဲရန် ညှိနှိုင်းဆောင် ရွက်ခဲ့ရသည်ဟု ဦးအောင်နိုင်ဦး က ပြောသည်။ ‘‘ဥပဒေမှာ တရားဝင်ပြဋ္ဌာန်းထားရင် နောက်ပိုင်း ပြဿနာတွေက ဖြေရှင်းရတာလွယ်တာပေါ့’’ ဟု ဦးအောင်နိုင်ဦး က ပြောကြားသည်။

Read more

MPT Job Fair 2016 မန္တလေးမြို့တွင် ကျင်းပမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မန္တလေးမြို့တွင် အရောင်းကိုယ်စားလှယ်များ တိုးချဲ့ခန့်ထားရန်နှင့် ၀န်ထမ်း ခေါ်ယူရန် MPT Job Fair 2016 အလုပ်အကိုင် အခွင့်အလမ်းပြပွဲကျင်းပမည်ဟု ထုတ်ပြန်သည်။

MPT Job Fair 2016 ကို ဇွန်လ ၁၁ နှင့် ၁၂ ရက်တွင် မန္တလေးမြို့ ၂၆ လမ်း၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြားရှိ တိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရုံး၌ ကျင်းပမည်ဖြစ်သည်။

Read more

တခါသုံး စက္ကူခွက်ဖြူဖြူတွေကို သတိထား အသုံးပြုစေရန်

အမေရိကန်နိုင်ငံရှိ Technopark ကုမ္ပဏီမှ၊ IT နည်းပညာရှင်တစ်ဦးဖြစ်သူ Mr. Varun ရဲ့ ရောဂါက ထူးဆန်းနေပါတယ်။

သူဟာတနေ့ လုံးနေကောင်းပြီး၊ ညရောက်ပြီဆိုတာနဲ့  ဗိုက်ထဲကရစ်ရစ်နာ တဲ့ဝေဒ နာကို ခံစားရလေ့ရှိပါတယ်။ ဒီလို ဝေဒနာစွဲနေ တာ နှစ်နဲ့ ချီနေပါပြီတဲ့။ ဆရာ ၀န်တွေနဲ့ စမ်းသပ်ပြီး သာမန်ဆေးစစ်ချက်လေးတွေ လုပ်ခဲ့ပေမယ့် ရောဂါ ရှာမရ ခဲ့ပါဘူး။ နောက် ဆုံးမှာတော့ deeper probes(ခေါ်)ရောဂါရှာဖွေတဲ့ ထိပ်တုံးခွဲ စိတ်ကိရိယာတစ်မျိုး နဲ့ သူ့ ရဲ့ အစာအိမ်ထဲကို စစ်ဆေးကြည့် လိုက်တဲ့ အခါ ပြဿ နာ ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

Read more

ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး “သုခ၀တီ” သီလရှင် (သင်) အမျိုးသမီးပညာရေး ပရဟိတကျောင်း ကျောင်းဆောင်သစ်ဆောက်လုပ်ရန် အလှူငွေနှင့် ဘာသာရေး စာအုပ်/စာစောင်များ လှူဒါန်း

ဟင်္သာတမြို့၊ ကနောင်စုရပ်ကွက်၊ သုခဝတီ သီလရှင် (သင်) ပညာရေး ပရဟိတကျောင်း ယခင် မူလတန်းအဆင့်အထိ သင်ကြားပို့ချရာမှ မူလွန် အဆင့် တိုးချဲ့သင်ကြားမည်ဖြစ်သည့်အတွက် စာသင်သား (၁၄၅) ပါး ကျောင်းတက်ရန် ကျောင်းဆောင်ဆောက်လုပ်ရာရန် မြေနေရာ အခက်အခဲ ကြောင့် သုံးထပ်ကျောင်းဆောင် ဆောက်လုပ်ရန် အလှူငွေများ လိုအပ်လျှက် ရှိသောကြောင့် စေတနာရှင်များမှလည်း ပါဝင်လှူဒါန်းလျှက်ရှိကြသည်။

Read more

သာစည်မြို့နယ် စာသင်ကျောင်းများ အဆင့်တိုးမြှင့်ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် သာယာကုန်း ကျေးရွာ၊ နန်းတော်ကုန်းကျေးရွာ၊ မြိုင်သာကျေးရွာ ကျောင်းများ အဆင့် တိုးမြှင့် ဖွင့်လှစ်ပွဲအခမ်းနားများကို ဇွန်လ (၅) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းနားများသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးမိုးမြင့်သိန်း၊ ဦးစံထွန်း၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ အတွင်းရေးမှူး နှင့် ပါတီကော်မတီဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

Read more

ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီး ရေးရာကော်မတီ တိုင်း/ခရိုင်/မြို့နယ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တိုင်းဒေသကြီး ပါတီရုံးခန်းမတွင် ယနေ့ ( ဇွန်လ ၇ ရက် ) နံနက် (၉) နာရီတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးသာဝင်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။

Read more

မြ၀တီပြည်ခိုင်ဖြိုး မြို့နယ်ပါတီကော်မတီပြန်လည်ရွေးချယ်ရေး အကြိုညှိနှိုင်း စည်းဝေး

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြ၀တီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဇွန်လ (၃၀) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မျက်နှာစုံညီ ပါတီညီလာခံနှင့်အတူ မြို့နယ်ပါတီကော်မတီ ပြန်လည်ရွေးချယ်ရေးအတွက် အကြိုညှိနှိုင်းစည်းဝေးပွဲကို ဇွန်လ (၄) ရက် နံနက်ပိုင်းက မြို့နယ်ပါတီရုံးခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။

Read more

ကျောက်မဲပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ပြင်ဆင်ဖွဲ့စည်းပြီးစီး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကော်မတီဝင် ပြင်ဆင်ဖွဲ့စည်းခြင်းကို ဇွန်လ (၆) ရက် နံနက် (၉)နာရီအချိန်က မြို့နယ်ပါတီရုံး ခန်မတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ပါတီကော်မတီဝင် ဦးစိုင်းနော်ခမ်းဦး၊ ခရိုင်ပါတီအတွင်းရေးမှူးနှင့် ခရိုင်ပါတီ ကော်မတီဝင်များ မြို့နယ်ပါတီနာယကများနှင့် ပါတီကော်မတီ ဝင်များ ရပ်/ကျေး စည်းရုံးရေးမှူးများ တက်ရောက်ခဲ့ကြသည်။

Read more

ကျောက်ဆည်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီကေဒါဖွဲ့စည်းမျက်နှာစုံညီအစည်းအဝေးကွင်းဆင်းဆောင်ရွက်`

မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှအဖွဲ့ (၁)ခေါင်းဆောင် ပြည်ခိုင်ဖြိုး အတွင်းရေးမှူး ဦးသန်းထွန်းနှင့် အဖွဲ့ဝင်သုံးဦးတို့သည် ယခုလ ၄ ရက် နံနက် ၈ နာရီတွင် ရဲယမန်း သမန်းသာ၊ ရဲရွာ၊ ကြောင်ရွာ၊ သရက်ပင်ကျေးရွာ တောင်တန်း ဒေသများသို့ ပါတီဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းအခန်း(၄) အပိုဒ်(၆)အရ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ပါတီ ကေဒါဖွဲ့စည်းခြင်း မျက်နှာစုံညီ အစည်းအဝေးကျင်းပခြင်းများ ပြု လုပ်ခဲ့ကြကြောင်းသိရသည်။

Read more