အာရှတွင် မိခင်မှ ကလေး အိတ်ခ်ျအိုင်ဗီကူးစက်မှု ပပျောက်သည့် နိုင်ငံ ထိုင်းနိုင်ငံပ ထမဆုံးဖြစ်လာ

Thailand_0

ဘန်ကောက်၊ ဇွန် ၈

အိတ်ခ်ျအိုင်ဗီပိုး တိုက်ဖျက်ရာ၌ သမိုင်းမှတ်တိုင်တစ်ရပ်အနေဖြင့် အာရှတွင် မိခင်မှ ကလေး ရောဂါပိုးကူးစက်မှု ပပျောက်ကင်းစင်သည့် ပထမဆုံးနိုင်ငံသည် ထိုင်းနိုင်ငံဖြစ်လာခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ဇွန် ၈ ရက် တွင် ပြောသည်။

အာရှ၏ အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ဖြစ်ပွားမှု အများဆုံးအနက် တစ်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံအတွက် ကောင်းမွန်သည့် အပြောင်းအလဲကို မျိုးဆက်သစ်များအတွက် ဖော်ဆောင်နိုင်သည့် မှတ်တိုင်တစ်ရပ်လည်းဖြစ်သည်။

Read more

ရာဇဝတ်သားများကို ပြည်သူများက စီရင်သတ်ဖြတ်ခွင့်ရှိဟု ဖိလစ်ပိုင် သမ္မတသစ် ဖြစ်လာမည့် ဒူတာတေး ဆို

1465178580855

ရာဇဝတ်သားများကို ပြည်သူလူထုက ၎င်းတို့ဖာသာ ကွပ်မျက်စီရင်ခြင်းကို အားပေး ထောက်ခံသွားမည်ဟု ဖိလစ်ပိုင် သမ္မတသစ် ဖြစ်လာမည့် ရိုဒရီဂို ဒူတာတေးက ပြောကြားလိုက်သည်။

Read more

တူရကီတွင် ကားဗုံးခွဲ တိုက်ခိုက်မှုကြောင့် ၁၁ ဦး သေဆုံးပြီး ၃၆ ဦး ဒဏ်ရာရ

Bomb-attack

တူရကီနိုင်ငံ အစ္စတန်ဘူလ် မြို့လယ်တွင် ဇွန်လ ၇ ရက်က ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် ရဲကားတစ်စီး ပျက်စီးသွားပြီး ရဲများအပါအ၀င် ၁၁ ဦး သေဆုံးသွားကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် ယခုကဲ့သို့ ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အခြား ၃၆ ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

Read more

နိုင်ငံခြားကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများအတွက် အတားအဆီးများ လျှော့ချရေး တရုတ်ကို အမေရိကန် တိုက်တွန်း

13346123_1716750098565491_5233017665179618871_o

ပေကျင်း ဇွန် ၇

နိုင်ငံခြားစီးပွားရေး လုပ်ငန်းများအတွက် အတားအဆီးများလျှော့ချပေးရန် အင်္ဂါနေ့တွင် အမေရိကန်ထိပ်တန်းအရာရှိ တစ်ဦးက တရုတ်ကိုထပ်မံ၍ တိုက်တွန်း ပြောဆိုခဲ့သည်။

နိုင်ငံခြားကူးသန်းရောင်းဝယ်ရေး ကိစ္စများတွင် နိုင်ငံခြားကုမ္ပဏီများကို အဓိကထား၍ အစိုးရက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ ပင်လယ်ရပ်ခြား နည်းပညာ အသုံးပြုမှုကိုလည်း အမျိုးသား လုံခြုံရေးဥပဒေအရ ကန့်သတ်ချက်များ ထားရှိခြင်းနှင့် အကာအကွယ် ပေးသူအဖွဲ့အစည်းများ၏ စောင့်ကြည့် မှုများနှင့်လည်း ကြုံတွေ့နေရသည်။

Read more

ပြောင်းလဲချိန်တန်ပြီဆိုပေမယ့် အကုန်လုံးတော့ မပြောင်းလဲသေးပါဘူးဆိုတဲ့ သရုပ်ဆောင်သဉ္ဇာနွယ်ဝင်း


လတ်တလောမှာ ဂီတလူငယ်လေးတစ်ဦးရဲ့အချစ်တော် ကောင်မလေးဖြစ်နေသူ Bo Bo Film ရုပ်ရှင်ထုတ်လုပ်ရေးကနေထုတ်လုပ်ရိုက်ကူးပြီး ဇာတ်လမ်း မိုးစက်ဝိုင်၊ဇာတ်ညွှန်း ဆူးခက်မင်း၊ ဒါရိုက်တာသားညီရိုက်ကူးတဲ့ ‘ဟဲ့’ဗီဒီယိုဇာတ်ကားတွင် အဆိုတော်ရဲရင့်အောင်နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားသူ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် သဉ္ဇာနွယ်ဝင်း။

Read more

အသက်ကြီးသော်လည်း အောင်မြင်နေဆဲ ဟောလိဝုဒ် မင်းသားကြီး

ဟောလိဝုဒ်အနုပညာလောကရဲ့ အထွန်းတောက်ဆုံးနဲ့ အကျော်ကြား အအောင်မြင်ဆုံး ကြယ်တစ်ပွင့်လို့ ပြောလို့ရတဲ့ အမေရိကန် လူမည်းမင်းသားကြီး မော်ဂန်ဖရီးမန်းဟာ မမ်ဖစ်မှာ မွေးဖွား ကြီးပြင်းခဲ့သူဖြစ်ပြီး နီဂရိုးလူမျိုးမိသားစုက ဆင်းသက်လာသူပါ။

၁၉၇၁ ခုနှစ်ကတည်းက စတင်ပြီး အနုပညာလောကကို ဝင်ရောက်ခဲ့ပြီး ၁၉၈၅ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Marie ရုပ်ရှင်ဇာတ်ကားမှာ ပရိသတ်တွေ စတင်အသိအမှတ်ပြုခဲ့ကြပါတယ်။ နောက်ပိုင်းမှာလည်း သူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းဟာ ဇာတ်လမ်း ဇာတ်အိမ်ကောင်းခြင်း၊ ကိုယ်တိုင်က သရုပ်ဆောင် ပီပြင်ထူးချွန်လွန်းခြင်းတို့ကြောင့် အမြဲတစေဆိုသလို အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

Read more

3D printer မှထုတ်လုပ်ထားသော အစိတ်အပိုင်းများဖြင့် ဖန်တီးထားသည့် Airbus ဒရုန်း

လေယာဉ်များထုတ်လုပ်သည့် ကုမ္ပဏီ Airbus သည် 3D printer မှ ထုတ်လုပ်ထားသော အစိတ်အပိုင်းများဖြင့် တည်ဆောက်ထားသည့် Thor အမည်ရ ဒရုန်းတစ်မျိုးကို လတ်တလောတွင် ပြုလုပ်နေသည့် ဘာလင် လေကြောင်းဆိုင်ရာပြပွဲ၌ မိတ်ဆက်ခဲ့သည်။ (more…)


Read more

အမြဲငယ်ရွယ်နုပျိုနေစေဖို့ မပြုလုပ်သင့်တဲ့ အချက် (၁၀) ချက်

Shaolin kung fu ကိုယ်ခံပညာဆိုတာ အကြီးမားဆုံးပျော်ရွှင်မှု၊ လူတစ်ဦးတစ်ယောက် အသက်လုံခြုံမှုနဲ့အတူ ဘဝကို အဆုံးစွန်ထိ ရှင်သန်စေနိုင်စွမ်းရှိတဲ့ ခန္ဓာကိုယ်နဲ့ စိတ်ထိန်းသိမ်းခြင်းနဲ့ ဆက်နွယ်ပါတယ်။ တစ်သက်လုံး ဒေါင်ဒေါင်မြည် ကျန်းမာစေဖို့ ကွယ်လွန်သွားပြီဖြစ်တဲ့ Shaolin ကိုယ်ခံပညာရှင်နဲ့ Instant Health: The Shalin Qigong Workout for Longevity ကလောင်ရှင် Shifu Yan Lei မှ ဖော်ပြပေးထားတဲ့ အချက် (၁၀) ချက်ရှိ ပါတယ်။ အဲဒါကတော့ –

Read more

စွယ်တော်မြတ်စေတီတော်အနီးရှိ ဥယျာဉ်တော် (၁၈)ရပ်သို့ လာရောက် လေ့လာနိုင်

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ စွယ်တော်မြတ်စေတီတော် ပရ၀ုဏ်ဝန်းအတွင်း၌ တည်ရှိ သော ဥယျာဉ်တော် (၁၈) ရပ်ကို လာရောက်လေ့လာနိုင်ပြီး ဗုဒ္ဓဆင်းတုတော်များ လှူဒါန်းနိုင်ကြောင်း သိရသည်။

အဆိုပါ ဥယျာဉ်တော်ကြီးကို မြေဧက (၃၀)ဧက ကျုယ်ဝန်းသောနေရာ၌ ၂၀၁၃ ခုနှစ် သြဂုတ်လက စတင်၍ ပဓါနမဟာနာယက၊ အဂ္ဂမဟာပဏ္ဏိတ ဘဒ္ဒန္တတိက္ခ မှကြီးမှူး၍ နယ်စပ်တောင်တန်းနှင့် ကမ်းရိုးတန်းဒေသ ဗုဒ္ဓသာသနာ ပြန့်ပွားရေး အသင်းမှ ဦးဆောင်ကာ စွယ်တော်မြတ်စေတီတော် ဂေါပကအဖွဲ့တို့ ပူးပေါင်း၍ စတင်တည်ထောင်ခဲ့ကြောင်းသိရသည်။

Read more

လူမျိုးအမည် အငြင်းပွားမှုကြောင့် သန်းခေါင်စာရင်းတွင် မပါဝင်ခဲ့သည့် လူဦးရေစာရင်းကို ပြန်လည်ကောက်ယူ

ရခိုင်ပြည်နယ်အတွင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူစဉ်က လူမျိုးအမည် အငြင်းပွားမှု များကြောင့် ကျန်ရှိခဲ့သော လူဦးရေစာရင်းကို ပြန်လည် ကောက်ယူမှုများ ပြုလုပ်နေကြောင်း ရခိုင် ပြည်နယ် အစိုးရထံမှ သိရသည်။

၂၀၁၄ခုနှစ် ပြည်လုံးကျွတ် သန်ခေါင်းစာရင်း ကောက်ယူစဉ်က မွတ်စလင်ဘာသာဝင်များ အများဆုံးနေထိုင်သည့် ဒေသများတွင် လူမျိုးအမည် အငြင်းပွားမှု များကြောင့် ဒေသခံများက စာရင်းကောက်ယူမှုကို ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

Read more