Zenfone 3 series သစ်များ မြန်မာနိုင်ငံဈေးကွက်သို့ စက်တင်ဘာလ ဝန်းကျင်တွင် ဖြန့်ချိရန် စီစဉ်

13912430_1040385839409035_8408574716716903531_n

Zenfone 3 series သစ်များ မြန်မာနိုင်ငံဈေးကွက်သို့ စက်တင်ဘာလဝန်းကျင်တွင် ဖြန့်ချိရန်စီစဉ်ထားကြောင်း Asus Myanmar မှ သတင်းရရှိသည်။

Read more

ဆင်းမ်ကတ်များ မှတ်ပုံတင်ပြီးလျှင် ၁၉၉ သို့ နောက်ပြောင်မှုများကို အရေးယူမည်

IMG_6420aaaaaaaaaaaaa

  မြန်မာ့ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက မိုဘိုင်း ဆင်းမ်ကတ်များကို မှတ်ပုံတင်၍ အသုံးပြုရန် ညွှန်ကြားလိုက်ခြင်းကြောင့် ၁၉၉ Call Center သို့ နောက်ပြောင် သတင်းပေးပို့မှုများကို အရေးယူတော့မည်ဖြစ် ကြောင်း သတင်းရရှိသည်။ ဆက်သွယ်ရေးဦးစီးဌာနမှ ပြည်တွင်း အော်ပရေတာသုံးခု၏ ဆင်းမ်ကတ်များကို ၂၀၁၇ မတ် လ ၃၁ ရက် နောက်ဆုံးထား၍ မှတ်ပုံတင်ရန် ညွှန်ကြားထားပြီး ထိုသို့ ပြုလုပ်ပြီးပါက ၁၉၉ Call Center သို့ နောက်ပြောင်ခေါ်ဆို မှုများ၊ သတင်းအမှား ပေးပို့မှုများ ကို ဖမ်းဆီးအရေးယူရန် ဆောင် ရွက်မည်ဟု ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှူးလှဝေကပြောသည်။

Read more

တစ်နိုင်ငံလုံးရှိ နှုတ်ခမ်းကွဲ အားခေါင်ကွဲ လူနာများအား ပထမဆုံးအကြိမ် စရိတ်ငြိမ်းနှင့် အခမဲ့ ခွဲစိတ်ကုသပေးမည်

YeNaing

မြန်မာတစ်နိုင်ငံလုံးရှိ နှုတ်ခမ်းကွဲ အားခေါင်ကွဲများအား ပထမဆုံးအကြိမ်အဖြစ် စရိတ်ငြိမ်းနှင့် အခမဲ့ ခွဲစိတ်ကုသ ပေးမည့် အစီအစဉ်ကို သြ ဂုတ်လ ၁၃ ရက်နေ့မှ ၂၀ ရက်နေ့ထိ (၇ ရက်ကြာ) ရန်ကုန် ပြည်သူ့ဆေးရုံကြီး ၊ မျက်နှာနှင့် မေးရိုးဌာနတွင် ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

Read more

နိုင်ငံရေးမူဘောင် ပြန်လည်သုံးသပ်မည့် အစည်းအဝေး သုံးရက်ကြာ ကျင်းပမည်

13081804_1136480829709399_320826700_n

နိုင်ငံရေးမူဘောင် ပြန်လည်သုံးသပ်မည့် အစည်းအဝေးကို ရန်ကုန်မြို့တွင် ဩဂုတ် ၁၁ ရက်မှစ၍ သုံးရက်ကြာ ပြုလုပ်မည်ဖြစ်ကြောင်း ပင်လုံအကြိုပြင်ဆင် ရေးကော်မတီမှ သတင်းရရှိသည်။ ဩဂုတ် ၁၁ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် နိုင်ငံရေးပါတီများ ပါဝင်၍ မူဘောင် သုံးသပ်သည့် အစည်းအဝေးကို ဦးစွာပြုလုပ် မည်ဖြစ်သည်။ ဩဂုတ် ၁၂ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက မူဘောင်သုံးသပ်ဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်ပြီး နောက်တစ်ရက်၌ အစုအားလုံးပါဝင်သည့် အစည်းအဝေးကို ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်း ပင်လုံအကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေကပြောသည်။

Read more

ရန်ကုန်တိုင်းအတွင်းရှိ အဓိကတံတားကိုးစင်းကို ရေရှည်အသုံးပြုရန် စီမံမည်

IMG_6189fw

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အဓိကတံတားကြီးကိုးစင်းကို ရေရှည်အသုံးပြုနိုင်ရန် ကုန်တင်ယာဉ်ကြီးများ တန်ပိုတင် ဆောင်မောင်းနှင်ခြင်းကို စိစစ်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

Read more

ယူကေအစိုးရကပေးအပ်သော အထင်ကရ ရှီးဗနင်း ပညာသင်ဆုများအားလျှောက်ထားနိုင်မည်

13882487_1313140292046993_5455049921678809933_n

၂၀၁၇-၂၀၁၈ ရှီးဗနင်းပညာသင်ဆု လျှောက်လွှာများကို www.chevening.org/apply မှတဆင့် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၈ ရက်မှ နိုဝင်ဘာလ ၈ ရက် အထိ လျှောက်ထားနိုင်မည်ဖြစ်ပြီး ရှီးဗနင်း အတွင်းရေးမှူးရုံးမှ လျှောက်လွှာ များကိုလက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ရှီးဗနင်းပညာသင်ဆု ၁၅၀၀ ကျော် ချီးမြှင့်သွားမည် ဖြစ်သည်။

Read more

ရခိုင်ပြည်နယ်တွင် ကျောင်းပြင်ပ အလယ်တန်းပညာရေး သင်ကြားပေးမည်

13876165_1313139572047065_4494727616916153453_n

ယခုနှစ်မှ စတင်ကာ ရခိုင်ပြည်နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် အလယ်တန်းပညာကို ဆက်လက်သင်ယူနိုင်ခြင်း မရှိသည့်သူများအတွက် ကျောင်းပြင်ပ အလယ်တန်းပညာရေး အစီအစဉ်ကို ဖွင့်လှစ်သင်ကြား ပေးသွားမည် ဖြစ်ကြောင်း MOI မှ သိရသည်။

Read more

အောင်လံပြည်ခိုင်ဖြိုးပါတီ ရေဘေးသင့်ပြည်သူများအတွက် ဆန်များ သွားရောက်လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးတင်အောင်ချစ်၊ ဦးတင်ဝင်း၊ ဦးစန်းလွင် တို့ဦးဆောင်မှုဖြင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့် အမှုဆောင်များ အင်အား (၅၀) ဦးဖြင့် အင်းပေါက်ကျေးရွာ၊ ရွာထောင်ရပ်ကွက်၊စက်ရုံ၊ စမ်းချောင်း၊ သရက်တော၊ ဈေးကုန်း၊ မန်ကျည်းကုန်းရပ်ကွက်များရှိ ရေဘေးသင့် အိမ်ထောင်စု (၁၃၆၄) စုအတွက် အိမ်ထောင် တစ်စုလျှင် ဆန် (၂) ပြည်နှုန်းဖြင့် ဆန် (၁၁၃) အိတ် (တန်ဖိုးငွေ ၂၈၂,၅၀၀,၀ ကျပ်) ကို သြဂုတ်လ (၃) ရက်နေ့ နေ့လည် (၁) နာရီမှ ညနေ (၆) နာရီအထိ သွားရောက် ထောက်ပံ့လှူဒါန်းခဲ့သည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဟင်္သာတခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှု ဆောင်များ၊ ရပ်ကျေးစည်းရုံးရေးမှူးများနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ(၂) ရက်နေ့၊ နံနက် (၁ဝ)နာရီအချိန်တွင် ဟင်္သာတမြို့ ပြည်ခိုင်ဖြိုးပါတီရုံး၌ ဧရာဝတီတိုင်းဒေသကြီး ပါတီအလုပ်အမှုဆောင် ဦးခင်မောင်ရီ၊ ဟင်္သာတခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ရပ်/ကျေးစည်းရုံး ရေးမှူးများနှင့် တွေ့ဆုံပါသည်။

Read more

ဆီဗီလာတိုက်စစ်မှူး လိုရန်သီကို ခေါ်ယူရန် ဆွမ်ဆီးအသင်း သဘောတူညီမှု ရရှိ

Fernando-Llorente

သြဂုတ် ၅၊ အင်္ဂလန်

ဆွမ်ဆီးအသင်းသည် ဆီဗီလာအသင်းမှ အသက် ၃၁ နှစ်အရွယ်ရှိ စပိန်တိုက်စစ်မှူး လိုရန်သီကို ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။

ဆီဗီလာအသင်းနှင့် စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးသည့် လိုရန်သီကို ဆွမ်ဆီးအသင်းက ပြောင်းရွှေ့ကြေး ပေါင် ၅ သန်းဖြင့် ခေါ်ယူမည်ဟု သတင်းများက ဖော်ပြထားသည်။

Read more