ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ သမ္မတ(ငြိမ်း)ဦးသိန်းစိန်နှင့်ဇနီးတို့အားအမှူး ထား၍ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်းရေဘေးဒုက္ခသည်များအား လှူဒါန်း။

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ သမ္မတ(ငြိမ်း) အဂ္ဂမဟာသီရိသုဓမ္မဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းတို့အား အမှူးထား၍ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းကြီးနှင့် ညောင်ဦးခရိုင်/ညောင်ဦးမြို့နယ် ၊ဆယ်လံကျေးရွာရှိ ရေးဘေးသင့်ပြည်သူများ အိမ်ခြေ (၂၃၅) အိမ် ၊ အိမ်ထောင်စု (၂၉၈ )အိမ်ထောင်တို့အား ဆန်၊ဆီနှင့် ခေါက်ဆွဲခြောက်များပေးဝေလှူဒါန်းခဲ့ကြောင်း
သိရသည်။

Kohtein Win


Read more

ဂိုးသမား ဆက်ဇီနီ ရိုးမားအသင်းသို့ ဒုတိယအကြိမ် အငှားဖြင့် ပြန်လည် ရောက်ရှိ

Wojciech-Szczesny

သြဂုတ်လ ၄ ရက်နေ့က အီတလီနိုင်ငံ၊ ရောမမြို့ရှိ လေဆိပ်သို့ ဂိုးသမား ဆက်ဇီနီ ရောက်ရှိလာစဉ်။ (ဓာတ်ပုံ – အီးပီအေ)

ဂိုးသမား ဆက်ဇီနီဟာ အာဆင်နယ်အသင်းမှ ရိုးမားသို့ နောက်ထပ် တစ်ရာသီ အငှားဖြင့် ပြောင်းရွှေ့မှု ပြီးမြောက်ခဲ့ကြောင်း နှစ်ဖက်ကလပ်အသင်းတွေက အတည်ပြုခဲ့ပါတယ်။

Read more

ရီးယဲလ်အသင်းနှင့် စီရော်နယ်လ်ဒို ၂၀၂၁ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စီစဉ်နေ

13906777_1747049032214647_6486194341951823481_n

ရီးယဲလ်အသင်းမှ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ၂၀၂၁ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။

စီရော်နယ်လ်ဒိုသည် အသက်(၃၁)နှစ်ရှိပြီဖြစ်သော်လည်း အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ဆဲဖြစ်သည့်အပြင် ထင်ပေါ်ကျော်ကြားမှုတွင်လည်း ထိပ်တန်းအဆင့်တွင် ရှိနေသည့်အတွက် ခေါ်ယူလိုသည့်အသင်းများစွာ ရှိနေသည်။

ထို့ကြောင့် ရီးယဲလ်အသင်းက စာချုပ်သက်တမ်းတိုးမြှင့်ကာ အသင်းတွင် ဆက်ထိန်းထားရန် ရည်ရွယ်နေခြင်းဖြစ်ပြီး စီရော်နယ်လ်ဒိုကလည်း စပိန်မြေတွင် ဆက်လက်ဖြတ်သန်းရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။

Read more

ထိုင်းအသင်း နှစ်ကြိမ်ဆက်ဗိုလ်စွဲပြီး အိမ်ရှင်မြန်မာ တတိယနေရာရရှိ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲတွင် ထိုင်းအသင်း နှစ်နှစ်ဆက်ဗိုလ်စွဲ

13925515_1068475679911985_3926842246586577000_o

အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ယနေ့ညနေ(၆) နာရီက မန္တလာသီရိအားကစား ကွင်းတွင် ကျင်းပခဲ့ရာ ထိုင်းအသင်းနှင့်ဗီယက်နမ် အသင်းတို့ မိနစ်(၁၂၀)အတွင်း(၁-၁)ဂိုးစီသရေကျနေသဖြင့် ပယ်နယ်တီဖြင့် ဆုံးဖြတ်ရာထိုင်းအသင်းက (၆-၅)ဂိုး၊ စုစုပေါင်းဂိုးရလဒ်(၇-၆)ဂိုးဖြင့် အနိုင်ရရှိကာ နှစ်နှစ်ဆက် ဗိုလ်စွဲခဲ့ကြောင်း သိရသည်။

ထိုင်းအသင်းအတွက်အဖွင့်ဂိုးကို အသင်းခေါင်းဆောင်ဆရီတာလာက ပွဲချိန်(၆)မိနစ်တွင် ဦးစွာသွင်းယူခဲ့ပြီး ဗီယက်နမ်အသင်းအတွက် ချေပဂိုးကို ပွဲချိန်(၈၆)မိနစ်တွင် လူစားဝင်ကစားသမားငုယင်သီမင်က သွင်းယူပေးခဲ့သည်။

Read more

အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် နောက်ကွယ်က ကူညီခဲ့သည်ဟုဆိုကာ ဘာသာရေးခေါင်းဆောင် ဂူလင် အား တူရကီ ဖမ်းဝရမ်းထုတ်

Turkey

သြဂုတ် ၅

တူရကီတွင် သမ္မတ ရီဆက်ပ် တေယစ်ပ် အာဒိုဂန် အားဖြုတ်ချရန် ရည်ရွယ်သည့် အာဏာသိမ်း ကြိုးပမ်းမှုဖြစ်စဉ် ဇူလိုင်လ ၁၅ ရက်က ပေါ်ပေါက်ခဲ့ပြီးနောက် ယခုအခါ ယင်းဖြစ်စဉ်နှင့်စပ်လျင်း၍ အမေရိကန်တွင် အခြေချ နေထိုင်သော ဘာသာရေးခေါင်းဆောင် ဖက်တူလာ ဂူလင်အား ဖမ်းဆီးရန် တရားရုံးက အမိန့်ထုတ်ပြန်လိုက်သည်။

Read more

ထိုင်းဝန်ကြီးချုပ်ဟောင်းယင်လတ် တရားရုံးမှာ အမှုရင်ဆိုင်

yingluck-2016-620-413-100

ထိုင်းနိုင်ငံဝန်ကြီးချုပ်အဖြစ်မှ ဖယ်ရှားခံခဲ့ရတဲ့ ယင်လတ်ရှင်နာဝပ်က သူမအပေါ် စွဲချက်တင်ထားတဲ့ လယ်သမား ထောက်ပံ့ငွေ အမှုကိစ္စအတွက် တရားရုံးမှာ (သြဂုတ် ၂ ရက်) လာရောက်ထွက်ဆိုပါတယ်။

ယင်လတ်ဟာ ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်ပြီး မေလအတွင်း စစ်တပ်က အာဏာမသိမ်းမီ ရက်ပိုင်းအလိုမှာ တရားရုံးဆုံးဖြတ်ချက်ဖြင့် ရာထူးမှဖယ်ရှားခံခဲ့ရပါတယ်။ လယ်သမားတွေကို ထောက်ပံ့ငွေများ ထုတ်ပေးခဲ့တဲ့ အစီအစဉ်က ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲမှာ ယင်လတ်ကို အပြတ်အသတ် အနိုင်ရရှိစေခဲ့ပါတယ်။

Read more

အာဖဂန်နစ္စတန်မှာ နိုင်ငံခြားဧည့်သည်တွေ လိုက်ပါလာတဲ့ ယာဉ်တန်း တိုက်ခိုက်ခံရ

Foreign-tourists-attacked-in-Herat

(ဓာတ်ပုံ – အီးပီအေ)

အာဖဂန်နစ္စတန် အနောက်ပိုင်းမှာ နိုင်ငံခြားခရီးသွား ဧည့်သည်တွေလိုက်ပါလာတဲ့ ယာဉ်တန်းကို စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့လို့ (၆) ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အာဖဂန်တပ်သားများရဲ့ အစောင့်အရှောက်ဖြင့် လိုက်ပါလာတဲ့ နိုင်ငံခြား ခရီးသည် (၁၂) ဦး ပါတဲ့ အုပ်စုဟာ ဟီရတ်မြို့ကို သွားစဉ် လမ်းမှာ ချုံခိုတိုက်ခိုက် ခံခဲ့ကြရတာဖြစ်တယ်လို့ အာဖဂန် အရာရှိတွေက ဘီဘီစီကို ပြောပါတယ်။

Read more

အမေရိကန်နှင့် အစ္စရေး ကာကွယ်ရေးအကူအညီ သဘောတူညီချက်ရရန် နီးစပ်လာ

အရှေ့အလယ်ပိုင်းတွင် အမေရိကန်နိုင်ငံ၏ ထိပ်တန်းမဟာမိတ် အစ္စရေးနိုင်ငံသို့ ဒေါ်လာဘီလီယံများစွာ တန်ကြေးရှိ စစ်ဘက်ဆိုင်ရာအကူအညီသစ် ထပ်မံပေးရေး ဆွေးနွေးညှိနှိုင်းမှုများ၌ ကျန်ရှိနေသေးသော ကွာဟချက်များကို ကျဉ်းမြောင်းအောင် လုပ်နိုင်ခဲ့ပြီး မကြာမီ သဘောတူညီချက်ရမည်ဟု နှစ်ဖက်စလုံးက မျှော်လင့်ကြောင်း ကန်ထိပ်တန်းအရာရှိကြီးတစ်ဦး က ပြောသည်။

(၁၀)နှစ်ကြာ ကာကွယ်ရေး သဘောတူညီမှု အသစ်အတွက် သုံးရက်ကြာ တံခါးပိတ် အစည်းအဝေးများ အပြီးသတ်သွားပြီ ဖြစ်သည်။

Read more

ဂျပန်မှာ ကလေးသူငယ် ညှဉ်းပမ်းမှု အမြင့်ဆုံးရောက်

6

ဂျပန် နိုင်ငံမှာ ကလေးသူငယ် ညှဉ်းပမ်း နှိပ်စက်မှု အရေအတွက်ဟာ စံချိန်တင် အမြင့်ဆုံး ရောက်ခဲ့တယ်လို့ ဂျပန် အစိုးရရဲ့ စစ်တမ်းထဲမှာ ဖော်ပြ ထားပါတယ်။

ပြီးခဲ့တဲ့ နှစ် ၂၀၁၅ အတွင်းမှာ ကလေးသူငယ် ညှဉ်းပမ်းမှု အရေအတွက် စံချိန်တင် စုစုပေါင်း တစ်သိန်းနဲ့ သုံးထောင်ကို ဂျပန် လူမှုဖူလုံရေး အရာရှိတွေ ကိုင်တွယ် ခဲ့ရတယ်လို့ ဆိုပါတယ်။

Read more