ဧရာဝတီတိုင်းဒေသကြီး ပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေးအခမ်းအနားကျင်းပ

64541677-06082016

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမတွင် ယနေ့နံနက်က ပါတီမျက်နှာစုံညီအစည်း အဝေးနှင့်ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်း ရေးအခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ဦးသိန်းအောင်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး သဘာ ပတိအဖွဲ့ဝင်များအဖြစ် ပါတီဗဟိုအတွင်း ရေးမှူး ဦးသန်းထွန်းနှင့် တိုင်းဒေသကြီး ပါတီနာယကဦးတင်စိုးတို့က ဆောင်ရွက် ခဲ့ကြပြီး ပထမဦးစွာ သဘာပတိကအဖွင့် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပြည်ခိုင်ဖြိုးပါတီ မျက်နှာ စုံညီအစည်းအဝေးသို့ အလှူရှင်များကအလှူငွေများ လှူဒါန်းခြင်း၊ တက္ကသိုလ် ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် တိုင်းဒေသ ကြီး အတွင်းရှိ ပါတီကော် မတီဝင်များ၏သားသမီးများအား ဆုများ ချီးမြှင့်ခြင်း၊ လူမှုရေးအသင်းအဖွဲ့များအား ဆုများချီးမြှင့်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြသည်။

Read more

ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်း

16968830-07082016

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)တိုင်းဒေသကြီးပါတီ၏ ဦးဆောင်မှုဖြင့် သြဂုတ် ၆ ရက်မွန်းလွဲပိုင်းက ပြည်ခရိုင် ပြည်မြို့နယ် သဲဖြူကျေးရွာရှိ အိမ်ထောင်စု ၁၆၃စုမှ လူဦးရေ ၆၅ဝ ရှိ ရေဘေးသင့် ပြည်သူ များအား ဆန်၊ ဆီ၊ ငါး သေတ္တာဘူး၊ ရေသန့်၊ ခေါက်ဆွဲခြောက်၊ ဖယောင်း တိုင်နှင့် ဆေးပေါ့လိပ် တို့ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

Read more

ပြည်ခိုင်ဖြိုးပါတီမှ(ပဉ္စမနေ့)အဖြစ် အမရပူရမြို့နယ်အတွင်း ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ကူညီ

13892384_525097551021319_407998312223374444_n

(၆.၈.၂၀၁၆)ရက်နေ့တွင် အမရပူရမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ အတွင်ရေးမှူး ဒေါ်စောမြိုင်နှင့်အဖွဲ့တို့သည် အမရပူရ မြို့နယ်၊ မှန်တန်းရပ်ကွက်အတွင်းရှိ ရေလွှမ်း မိုးမှု ဒဏ်ခံစားနေရသော ဆည်တဲရပ်၊ ဝါးတန်းမြောက်ရပ်၊ ဝါးတန်း တောင်ရပ်တို့ရှိ အိမ်ခြေ(၄၀၀)ကျော်အား ခေါက်ဆွဲထုပ်များ လက်ရောက်ပေးအပ် လှူဒါန်းခဲ့ ပါသည်။ မိမိတို့မြို့နယ် ပါတီအနေဖြင့် အမရပူရမြို့နယ်အတွင်း ရေလွှမ်းမိုးမှုဖြစ်ပေါ်နေသော ရပ်ကွက်/ကျေးရွာ အုပ်စု(၂၀)ခန့် သို့ သွားရောက်ထောက်ပံ့ ကူညီနိုင်ခဲ့ပြီး ကျန်ရှိသောရွာများသို့လည်း ဆက်လက်လှူဒါန်းမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

Read more

ကနောင်စုရွာလမ်းမရှိ ခိုလှုံရာခိုကိုးရာမဲ့ဘိုးဘွားရိပ်သာသို့ ပါတီဒုတိယဥက္ကဋ္ဌဦးဌေးဦးက အလှူငွေများပေးအပ်

77139774-06082016

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ယခုလ ၁ ရက် မွန်းလွဲ ၂ နာရီတွင် ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့် လှိုင်နှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးညွန့်ဦးနှင့်အလုပ်အမှု ဆောင်များ၊ ရပ်မိရပ်ဖများနှင့် အတူ ဟင်္သာတမြို့ ကနောင်စုရွာမ လမ်းရှိ ခိုလှုံရာ၊ ခိုကိုးရာမဲ့ ဘိုးဘွား ရိပ်သာသို့ သွားရောက်၍ အကျိုး ဆောင်အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် အကျိုး ဆောင်အဖွဲ့ဝင် ဦးထွန်းဝင်းအောင် က ခိုလှုံရာ၊ ခိုကိုးရာမဲ့ဘိုးဘွား ရိပ်သာနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

Read more

ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းနှင့်ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

12389933-06082016

ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဝါဆိုသင်္ကန်းနှင့်ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းပွဲ ကို ယမန်နေ့ နံနက် ၇ နာရီက မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်၌ ကျင်းပရာ နိုင်ငံတော် သြဝါဒါ စရိယ အဘိဓဇမဟာရဋ္ဌဂုရုဝန်းသို ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ သီလဝံသအမှူးပြုသော ဆရာတော်ကြီးကိုးပါး ကြွရောက် အပူဇော်ခံတော်မူသည်။

Read more

ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ထိန်ကုန်းရပ်ကွက်နေပြည်သူလူထုအား ပြည်ခိုင်ဖြိုးပါတီမှ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်

11265843-06082016

မန္တလေးတိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ အစီအစဉ်ဖြင့် မန္တလေး ခရိုင်ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင် ကာ ပြည်ကြီးတံခွန်မြို့နယ်ပြည်ခိုင် ဖြိုးပါတီမှ မြို့နယ်အတွင်း ရေဝင် ရောက်ခဲ့သော ထိန်ကုန်းရပ်ကွက် နေ ပြည်သူလူထုများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများကို ယနေ့ နံနက် ၁ဝ နာရီက ထိန်ကုန်းရပ်ကွက် အရန် မီးသတ်တပ်ဖွဲ့ စခန်းတွင် ဆောင်ရွက်ပေးခဲ့သည်။

Read more

ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေဝင်ကျေးရွာများ သို့ ပြည်ခိုင်ဖြိုးပါတီမှ ဆန် ၃၄ အိတ်ထောက်ပံ့

65368432-06082016

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ အစီအစဉ်ဖြင့် မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်ကာ ပုသိမ်ကြီး မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေဝင် ကျေးရွာများသို့ ပြည်ခိုင်ဖြိုးပါတီမှ ဆန် ၃၄ အိတ်ကို ယနေ့နံနက် ၁၁ နာရီက အဆိုပါကျေးရွာများအထိ သွားရောက်ပေးအပ်လှူဒါန်းခဲ့သည်။  ”ကျွန်တော်တို့ ပြည်ခိုင်ဖြိုး ပါတီဟာ သဘာဝဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကျေးရွာတွေကို တတ်နိုင်တဲ့ဘက်ကနေ ကူညီနိုင်ဖို့ ပါတီရဲ့ဗဟိုအဆင့်က နေ ရပ်ကျေးအဆင့်ထိ အစီအစဉ် တွေ ချမှတ်ထားပါတယ်။

Read more

ရန်ကုန်တိုင်းဒေသကြီးပါတီမျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည်ပြင်ဆင်ရွေးချယ်ပွဲအခမ်းအနားကျင်းပ

13932937_414965695345230_6133097157466544730_n

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ၂ဝ၁၆ ခုနှစ် မျက်နှာစုံညီအစည်းအဝေးနှင့် တိုင်းပါတီ ပြန်လည် ပြင်ဆင် ရွေးချယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီက ဗဟန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ရုံးခန်းမ၌ ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့်တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟို ကော်မတီဝင် ဦးခင်မောင်စိုး၊ ဗဟိုအလုပ်အမှုဆောင်ဦးနန္ဒကျော်စွာ၊ ဗဟိုအလုပ် အမှုဆောင် ဦးတင်အောင်နှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရေးမှူး ဦးသာဝင်းနှင့်တိုင်းဒေသကြီး ပါတီကော်မတီ ဝင်များ၊ ခရိုင်၊မြို့နယ်များမှ တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ်များ၊ ပထမအကြိမ် လွှတ်တော် အသီးသီးမှ ကိုယ်စားလှယ်များ၊ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများနှင့် မိဘများ၊ အကြိမ်အများဆုံးသွေးလှူဒါန်း သူများ၊ NGOအဖွဲ့များ၊ မီဒီယာ များစုစုပေါင်း ၃၅ဝခန့်တက်ရောက်ကြသည်။

Read more

ဟင်္သာတမြို့ အမှတ်(၅၇ဝ)မြို့မယာဉ်အဖွဲ့ အစည်းနှစ်ပတ်လည်နှင့် အသင်းဝင်သားသမီးများအား ပညာရေး အထောက်အပံ့ပစ္စည်းများပေးအပ်ပွဲသို့ ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးတက်ရောက်

64874802-06082016

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ယခုလ ၁ရက် ညနေ ၄နာရီတွင် ဟင်္သာတ ခရိုင် စက္ခုပါလာဒိဖောင်ဒေးရှင်းဒုတိယ ဥက္ကဋ္ဌဦးသန်းထွန်း၊ဟင်္သာတခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးညွန့်လှိုင်နှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ နှင့်အလုပ် အမှုဆောင်များနှင့်အတူဟင်္သာတမြို့ တာငါးဆယ်တောင်ရပ်ကွက် စနေပါတ်သံဃဒါနဆွမ်းလောင်း အသင်းဓမ္မာရုံ၌ ပြုလုပ်သော အမှတ် (၅၇ဝ)မြို့မယာဉ်အဖွဲ့အစည်း အသင်းသားများ နှစ်ပတ်လည် တွေ့ဆုံပွဲနှင့် အသင်းဝင်သားသမီး များအား ပညာရေးအထောက်အပံ့ ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနား သို့တက်ရောက်သည်။

Read more

ကမ္ဘောဇဘဏ်၏ ရုံးခွဲ ထိုင်းနိုင်ငံတွင် စတင်ဖွင့်လှစ်

13902767_1040354412745511_8818821727372367583_n

ကမ္ဘောဇဘဏ်၏ ရုံးခွဲ ထိုင်းနိုင်ငံတွင် စတင်ဖွင့်လှစ်လိုက်သည်။ သြဂုတ်လ ၃ ရက်နေ့က စတင်ဖွင့်လှစ် လိုက်ခြင်းဖြစ်ပြီး နိုင်ငံတကာသို့ ထိုးဖောက်သည့် မြန်မာ့ ပုဂ္ဂလိက ဘဏ်အဖြစ် ဖွင့်လှစ်ခြင်းဖြစ်သည်ဟု ဆိုသည်။ “ထိုင်းမှာရှိတဲ့ မြန်မာတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ မြန်မာနိုင်ငံကို ဝင်လာဖို့ စိတ်ဝင်စားနေတဲ့ ထိုင်းစီးပွားရေး လုပ်ငန်းတွေအတွက် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေ၊ အကြံဥာဏ်တွေပေးဖို့ ရည်ရွယ်ပါတယ်၊ မြန်မာနိုင်ငံ ငွေကြေး ဈေးကွက်နဲ့ပတ်သက်တဲ့ ကျွန်တော်တို့ ရဲ့အတွေ့အကြုံ၊ အသိပညာတွေကို အားပြုပြီး ထိုင်းစီးပွားရေး လုပ်ငန်းတွေ ပါဝင်လာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု အကြီးတန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးသန်းချိုက ပြောသည်။

Read more