တ႐ုတ္ေတာင္ပိုင္းတြင္ မိုးသည္းထန္ၿပီး ေရကာတာမ်ား က်ိဳးေပါက္ကာ လူရာေပါင္းမ်ားစြာ ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းရ


တ႐ုတ္ေတာင္ပိုင္းတြင္ မိုးသည္းထန္ၿပီး ေရကာတာမ်ား က်ိဳးေပါက္ကာ လူရာေပါင္းမ်ားစြာ ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းရ

================

တ႐ုတ္နိုင္ငံေတာင္ပိုင္း ကြမ္ရွီးေဒသသို႔ ေမဆတ္တိုင္ဖြန္းမုန္တိုင္း ဝင္ေရာက္လာသျဖင့္ မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားခဲ့ရာ အာဏာပိုင္မ်ားက ဇူလိုင္ ၆ ရက္တြင္ ေရႀကီးမႈသတိေပးခ်က္အဆင့္ကို တိုးျမႇင့္သတ္မွတ္ခဲ့သည္။

ကြမ္ရွီးေဒသ၏ ၿမိဳ႕ေတာ္နန္နင္းတြင္ ေရကာတာမ်ား က်ိဳးေပါက္လာသည့္အတြက္ အာဏာပိုင္မ်ားက ေရေဘးကာကြယ္ေရး အေရးေပၚတုံ႕ျပန္မႈကို အျမင့္ဆုံးအဆင့္သို႔ တိုးျမႇင့္ခဲ့ရသည္။

နိုင္ငံပိုင္႐ုပ္သံ CCTV က ေဖာ္ျပခဲ့သည့္ ႐ုပ္သံမွတ္တမ္းမ်ားအရ လ်ိဳလန္ေရေလွာင္ကန္မွ ေရကာတာတစ္ခု က်ိဳးေပါက္သြားၿပီးေနာက္ ႐ႊံ႕ႏြံမ်ားေရာႏွောေနေသာေရမ်ား အနီးအနားရွိ အေဆာက္အအုံမ်ားဘက္သို႔ စီးဝင္ေနသည္ကို ျမင္ေတြ႕ရသည္။

လ်ိဳလန္ေရေလွာင္ကန္အျပင္ ေနာက္ေရေလွာင္ကန္ႏွစ္ခုတြင္လည္း ေရကာတာက်ိဳးေပါက္မႈႏွင့္ ေရေက်ာ္မႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း နန္နင္းၿမိဳ႕အာဏာပိုင္မ်ားက တရားဝင္ WeChat စာမ်က္ႏွာတြင္ ထုတ္ျပန္ထားသည္။ထို႔ျပင္ ကြမ္ရွီးေဒသအတြင္းရွိ ဖန္းခ်န္းကန္ၿမိဳ႕တြင္လည္း ေရႀကီးမႈဆိုး႐ြားခဲ့သျဖင့္ ေဒသခံ ၈၀၀ ေက်ာ္ကို ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းေပးခဲ့ရသည္။

ေမဆတ္မုန္တိုင္းသည္ တ႐ုတ္ျပည္မႀကီးသို႔ ဝင္ေရာက္ၿပီးေနာက္ အပူပိုင္းမုန္တိုင္းအျဖစ္ အားေပ်ာ့လာေသာ္လည္း လာမည့္ရက္မ်ားအတြင္း ကြမ္ရွီးေဒသႏွင့္ နိုင္ငံေတာင္ပိုင္းေဒသတို႔တြင္ မိုးဆက္လက္႐ြာသြန္းနိုင္ေၾကာင္း သတိေပးခ်က္ထုတ္ထားသည္။

Ref:Reuters


 

တရုတ်တောင်ပိုင်းတွင် မိုးသည်းထန်ပြီး ရေကာတာများ ကျိုးပေါက်ကာ လူရာပေါင်းများစွာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရ

================

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးဒေသသို့ မေဆတ်တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်လာသဖြင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ အာဏာပိုင်များက ဇူလိုင် ၆ ရက်တွင် ရေကြီးမှုသတိပေးချက်အဆင့်ကို တိုးမြှင့်သတ်မှတ်ခဲ့သည်။

ကွမ်ရှီးဒေသ၏ မြို့တော်နန်နင်းတွင် ရေကာတာများ ကျိုးပေါက်လာသည့်အတွက် အာဏာပိုင်များက ရေဘေးကာကွယ်ရေး အရေးပေါ်တုံ့ပြန်မှုကို အမြင့်ဆုံးအဆင့်သို့ တိုးမြှင့်ခဲ့ရသည်။

နိုင်ငံပိုင်ရုပ်သံ CCTV က ဖော်ပြခဲ့သည့် ရုပ်သံမှတ်တမ်းများအရ လျိုလန်ရေလှောင်ကန်မှ ရေကာတာတစ်ခု ကျိုးပေါက်သွားပြီးနောက် ရွှံ့နွံများရောနှောနေသောရေများ အနီးအနားရှိ အဆောက်အအုံများဘက်သို့ စီးဝင်နေသည်ကို မြင်တွေ့ရသည်။

လျိုလန်ရေလှောင်ကန်အပြင် နောက်ရေလှောင်ကန်နှစ်ခုတွင်လည်း ရေကာတာကျိုးပေါက်မှုနှင့် ရေကျော်မှုများ ဖြစ်ပွားခဲ့ကြောင်း နန်နင်းမြို့အာဏာပိုင်များက တရားဝင် WeChat စာမျက်နှာတွင် ထုတ်ပြန်ထားသည်။ထို့ပြင် ကွမ်ရှီးဒေသအတွင်းရှိ ဖန်းချန်းကန်မြို့တွင်လည်း ရေကြီးမှုဆိုးရွားခဲ့သဖြင့် ဒေသခံ ၈၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

မေဆတ်မုန်တိုင်းသည် တရုတ်ပြည်မကြီးသို့ ဝင်ရောက်ပြီးနောက် အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့လာသော်လည်း လာမည့်ရက်များအတွင်း ကွမ်ရှီးဒေသနှင့် နိုင်ငံတောင်ပိုင်းဒေသတို့တွင် မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း သတိပေးချက်ထုတ်ထားသည်။

Ref:Reuters