ဝန်ကြီးချုပ်ဟောင်း ပီရက်စ်၏ ဈာပန တက်ရောက်ရန် ကမ္ဘာ့ခေါင်းဆောင်များ အစ္စရေးသို့ရောက်ရှိ

ကွယ်လွန်သူ အစ္စရေး ဝန်ကြီးချုပ်ဟောင်း ရှီမွန်ပီရက်စ်၏ ဈာပနကို တက်ရောက်ရန်အတွက် ကမ္ဘာအရပ်ရပ်မှ နိုင်ငံခေါင်းဆောင်များ အစ္စရေးသို့ စုရုံး ရောက်ရှိလာ ကြောင်း သိရသည်။

14463151_1267383126626016_7972116892231940951_n

(more…)


Read more

တရုတ်နိုင်ငံကွမ်ကျိုးပြည်နယ်ပါတီခေါင်းဆောင်ဟောင်း လာဘ်စားမှုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးပြည်နယ် ကွန်မြူနစ်ပါတီအကြီးအကဲဟောင်း ၀မ်ရှန်လင်းအား အဂတိလိုက်စား မှုဖြင့် နန်နင်းမြို့ တရားရုံးက တစ်သက်တစ်ကျွန်း ထောင်ဒဏ်ကို စက်တင်ဘာ ၃၀ ရက် ကချမှတ်လိုက်သည်။

wan

(more…)


Read more

မြန်မာနှင့်ကိုလံဘီယာ သံတမန်နှင့် အထူးပတ်စ်ပို့ ကိုင်ဆောင်သူများအတွက် ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ် လက်မှတ်ရေးထိုး

မြန်မာနိုင်ငံနှင့် ကိုလံဘီယာနိုင်ငံတို့အကြား သံတမန်နှင့်အထူးပတ်စ်ပို့ ကိုင်ဆောင်ထားသူများအတွက် ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ်လက်မှတ် ရေးထိုး ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ (more…)


Read more

သီလ၀ါအထူးစီးပွားရေးဇုန်တွင် ဟိုတယ်နှင့် Service Apartment Project လုပ်ကိုင်ရန် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တင်ဒါခေါ်မည်

ရန်ကုန်၊ စက်တင်ဘာ ၂၈- သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ဟိုတယ်နှင့် Service Apartment Project လုပ်ကိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားသော ပြည်တွင်း၊ ပြည်ပလုပ် ငန်းရှင်များအား Thilawa Property Development Limited (TPD) က ဖိတ်ခေါ်ထားကြောင်း သိရသည်။ (more…)


Read more

ဇီကာဗိုင်းရပ်စ်ကြောင့် ကိုယ်ဝန်ဆောင်များ ခရီးမသွားသင့်သည့် နိုင်ငံများစာရင်းတွင် မြန်မာပါဝင်နေ

လတ်တစ်လောတွင် ဇီကာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်ကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ခရီးမသွားသင့်သည့် အရှေ့တောင်အာရှနိုင်ငံများစာရင်းကို အမေရိကန်က ထုတ်ပြန်လိုက်ရာတွင် မြန်မာနိုင်ငံလည်း ပါဝင်နေ လျက်ရှိသည်။ (more…)


Read more

အမျိုးသားပညာရေးမူဝါဒကော်မရှင်ကို စတင်ဖွဲ့စည်း

အမျိုးသားပညာရေးမူဝါဒကော်မရှင်ကို စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က စက်တင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ (more…)


Read more

အာဆီယံပါလီမန်များညီလာခံကို မြန်မာက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပ

၃၇ ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံကို ဒီကနေ့မနက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပလျှက် ရှိသည်။ (more…)


Read more

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ကျင်းပ

 

ယနေ့(၂၉-၉-၁၆)ရက်နေ့ ကြာသပတေးနေ့ နံနက်(၀၉၀၀)ချိန်မှ
စတင်ကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် အစည်းအဝေးခန်းမတွင် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို
ပါတီဥက္ကဌ ဦးသန်းဌေးနှင့်၊ဗဟိုအလုပ်အမှုဆောင်များ နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ပါတီ အသီးသီးမှ ဥက္ကဌ များအပါအ၀င် ကျင်းပသွားခဲ့ပါသည်။
အစည်းအဝေးတွင် ပါတီဥက္ကဌပြောကြားချက် မှ ကောက်နှုတ်ချက်မှာ-
(၁) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြည်သူ့ပါတီဖြစ်၍
ပြည်သူလူထု အကျိုးစီးပွားကို ဦးထိပ်ထားဆောင်ရွက်ရန်။
(၂) လုံခြုံရေး ပြည်ထောင်စုအနာဂတ်အရေး တစ်မျိုးသားလုံး၏ လတ်တလော စီးပွားရေး
အခြေအနေများ မျက်ခြေမပြတ်လေ့လာသုံးသပ်ဆောင်ရွက်ရန်။
(၃) ယင်းအရေးကိစ္စများအတွက် ပါတီအဖွဲ့အစည်းအဆင့်ဆင့်ကကွပ်ကဲမှု အနည်းဆုံးဖြင့်
သွက်လက်စွာ ဆောင်ရွက်သွားကြရန်။

Read more

ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပက်သက်၍ ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ(၁၁)ပါတီ၏ သဘောထား ကြေညာချက်များကို အများပြည်သူ သိရှိစေရန်ဖြန့်ဝေ

ပခုက္ကူခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသိန်းထွန်း၏ ဦးဆောင်လမ်းညွန်းမှူဖြင့် ယနေ့ (စက်တင်ဘာ ၃၀ ရက်) နံနက် (၈) နာရီ အချိန်တွင် ပခုက္ကူမြို့နယ် မြစ်ခြေတိုက်နယ်ရှိ လူစည်းကားရာ မြစ်ခြေ ပြည်သူဈေးနှင့် ပခုက္ကူ-ဆိပ်ဖြူ ကားလမ်းမပေါ်တွင် ပခုက္ကူမြို့နယ် ပါတီကော်မတီဝင်များဖြစ်ကြသော ဦးဇော်မင်းထိုက် (yawminthar)၊ ဒေါ်ပိုပိုမြင့်၊ ဦးကံဦး၊ ဦးမောင်နိုင်၊ ဦးဝင်းဌေးမြင့်တို့ ဦးဆောင်သော ပါတီဝင်များ စုပေါင်းကာ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပက်သက်၍ ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ(၁၁)ပါတီ၏ သဘောထား ကြေညာချက်များကို အများပြည်သူ သိရှိစေရန် ခရီးသွားပြည်သူများအား ဖြန့်ဝေခြင်းနှင့် မြစ်ခြေ ဈေးသို့ ဈေးရောင်းဈေးဝယ် လာရောက်ကြသော ပြည်သူများကို ဖြန့်ဝေခြင်းများကို နံနက် (၉) နာရီခွဲအထိ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရှိရသည်။

Read more

သူစကား… သူ့အားမာန်

ကျွန်တော်တို့ပါတီက အမျိုးသားရေးလုပ်တယ်။ နိုင်ငံရေးဆိုလည်း အမျိုးသားနိုင်ငံရေးပဲ အဓိကထား လုပ်ကြတာပဲ။ ရဲရဲဝံ့ဝံ့ လုပ်ကြရမယ်။ ပုဂံမှာ ကျွန်တော်တို့ ကလေးတွေဆိုလည်း ကြည့်… ပရဟိတလုပ်ငန်းတွေ လုပ်ကြတယ်။
ကောင်းတာလုပ်တာပဲ ဘာကိုမှ စောင့်နေစရာမလိုဘူး။ ကျွန်တော် ရောက်သွားတယ် ဘုရားပြင်ဖို့ တောင်းခိုင်းထားခဲ့တယ်။
တိုင်းပြည်အတွက်လုပ်တာ၊ ဘာသာသာသနာအတွက်လုပ်တာ ရဲရဲလုပ်။ နိုင်ငံရေးအရ ပါတီကို သစ္စာမဖောက်ရင်ပြီးရော ကိုယ့်ညီတို့။ လွတ်လပ်စွာ တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တယ် ဒါလေးတွေ ကျွန်တော်ကိုယ်တိုင် ရဲရဲဝံ့ဝံ့ ခွင့်ပြုထားပါတယ်။

Read more