နေပြည်တော်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တပ်ကုန်းမြို့နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

နေပြည်တော်ခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ပါတီကော်မတီဝင် များနှင့် တွေ့ဆုံပွဲကို တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာ (၃၀) ရက် နံနက် ၁ဝ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားသို့ နေပြည်တော် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ နယ်မြေတာဝန်ခံ ဦးဖေအံ့မောင်၊ နေပြည်တော်ခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ခရိုင်ကော်မတီဝင်များ၊ တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဇော်မြင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူးနှင့် စုစုပေါင်းအင်အား ၆ဝ ခန့် တက် ရောက်ခဲ့သည်။

Read more

ပြည်မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲ ပြည်ခိုင်ဖြိုးပါတီ ပါဝင်လောင်းလှူ

ပြည်တောင်တန်းတောရကျောင်းများ ဆန်လှူအသင်းကြီး၏ (၃၅)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲအား အောက်တိုဘာ (၁) ရက်နေ့က ကျင်းပ ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးအောင်၊ စီမံနှင့်ခရိုင်ဥက္ကဋ္ဌ ဦးအောင်ဇော်ဌေး၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဆွေဆွေသင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်တိုးနှင့် ကော်မတီ ဝင်များနှင့် ပါတီဝင် (၇၃) ဦးတို့ ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက်လှူဒါန်းကြသည်။

Read more

မင်္ဂလာတောင်ညွန့်ပြည်ခိုင်ဖြိုးပါတီ ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်လွင်၊ အတွင်းရေးမှူး ဦးဇော်ဝင်း အောင်နှင့်နယ်မြေတာဝန်ခံများသည် ခရိုင်ပါတီကော်မတီဝင် ဒေါ်အိအိလှိုင်နှင့် ရပ်ကွက်အမာခံပါတီဝင်များထံ ကွင်းဆင်း တွေ့ဆုံခဲ့သည်။ စက်တင်ဘာ ၂၉ ရက် ညနေ ၅ နာရီခွဲက ထီးတန်းရပ်ကွက် အမာခံပါတီဝင်များအား မဟာဒုက် ဓမ္မာရုံတွင်တွေ့ဆုံကာ ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ထိန်ဝင်း(ကြည့်မြင်တိုင်)

Read more

• အတိုက်အခံလုပ်ခြင်းသည် အစိုးရလုပ်သမျှကို ကန့်လန့်တိုက်ပြီး အတိုက်အခံလုပ်နေခြင်း မဟုတ်ဘူး။အမျိုးသားရေးအတွက် အင်မတန် အန္တရာယ်ကြီးတဲ့ ကိစ္စမျိုးမှာ တိုင်းပြည်အတွက် ထိခိုက်နိုင်သည့် ကိစ္စမျိုးတွေ ကို ဝေဖန်ထောက်ပြခြင်းဖြစ်တယ်။ • ပူးပေါင်းဆောင်ရွက်ရေးဆိုသည်မှာ တိုင်းပြည်အတွက်၊ အမျိုးသားရေးအတွက် ကောင်းတာတွေ ၊တူ တာတွေ ပေါင်းလုပ်ကြ မယ်။မတူတာတွေကို ဘေးဖယ်ထားပြီး အမျိုးသားရေးကို သစ္စာ မဖောက် ဘူးဆိုရင် ပူးပေါင်းလုပ်ဖို့အသင့်ဘဲ။ • မြန်မာပြည်မှာ ရိုဟင်ဂျာမရှိဘူးဆိုတာသမိုင်းမှာ မှတ်ကျောက်တင်လို့ရအောင် ကမ္ဘာ သိအောင် ပြောခဲ့ တယ်။ဒီအတိုင်းဆက်ရပ်တည်မယ်။ပြည်ခိုင်ဖြိုး အဲ့ဒီလမ်းကြောင်းပေါ်မှာ တစ်သွေမတိမ်းရပ် တည်မယ်။ဒါဟာ အမျိုးသားရေးကိစ္စဖြစ်တယ်။ သားစဉ်မြေးဆက်ကာလမှာ တိုင်းပြည်နောင်ရေး စိတ်ချရအောင် အဲ့ဒီအတိုင်းဘဲ ရပ်တည်မယ်။ •ယနေ့ စီးပွားရေးနဲ့ပတ်သက်လို့ ရှင်းလင်းပြတ်သားတဲ့ မူဝါဒရှိပါသလား။ အဲဒါနဲ့ နောက်ဆက်တွဲရှင်းလင်းပြတ်သားတဲ့မူဝါဒမရှိတဲ့အတွက် ဘယ်ကမှ အလုပ်လာလုပ်တာမရှိပါဘူး။ •လက်ရှိပြည်သူတို့ရဲ့လုံခြုံရေး အတော်ကြာက်စရာကောင်း နေပါပြီ၊ အမှုအခင်းကြီးတွေဖြစ်လာတယ်။ နေ့ခင်း ကြောင်တောင် အိမ်ပေါ်တက် အနုကြမ်းစီးတာတွေ၊ လမ်းလယ်ခေါင်၊ လူလယ်ခေါင်မှာဖြစ်တဲ့ပြစ်မှုတွေ အလွန်တရာများပြားလာပါပြီ၊ ဒါနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေ ဘာလုပ်ပေးနိုင်ပါသလဲ။


Read more

မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး မြန် အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ် ပါတီကော်မတီဝင်များ လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၃ဝရက်က ပြည်ခိုင် ဖြိုးပါတီရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ် ပါတီဥက္ကဋ္ဌ ဦးတင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ပါတီဝင်များအားလုံး အရည် အချင်းပြည့်ဝအောင် ကြိုးစားကြရန်၊ မိမိတို့ပါတီဝင်အင်အား ပိုမို ခိုင်မာအောင်လုပ်ကြရန်၊ ပါတီ ဝင်အားလည်း တစ်သားတည်းဖြစ် နေရန်လိုအပ်ပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

Read more

တာချီလိတ်ခရိုင်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ကျိုင်းလပ်ဝေဿန္တရာအလှူပွဲသို့ တက်ရောက်ပါဝင်လှူါးန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နယ်၊ ရပ်ကွက်(၃)၀မ်ကျင်း ၀မ်မိုင်ကျောင်းထိုင် ဆရာတော်နှင့် ဂေါပကအဖွဲ့တို့၏ ဖိတ်ကြားမှုဖြင့် တာချီလိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးဘိုစံ၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်နန်းဝိုးလှိုင်၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးအောင်ထန်နှင့် ပါတီလူငယ် အဖွဲ့တို့သည် စက်တင်ဘာု (၃၀) ရက်နေ့က ၀မ်မိုင်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည့် ဝေဿန္တရာ အလှူပွဲသို့ တတ်ရောက်ခဲ့သည်။

Read more

တင်း(၁၀၀) အထွက်အာမခံသည့် ဆင်းပဒေသာ (၇) မြေပဲ

မြေပဲလောက စင်ပေါ်သို့ ရောက်လာပြီး ပွဲဦးထွက်ပင် နာမည်ကြီးခဲ့သောမျိုးမှာ ဆင်းပဒေသာ(၇)ပင် ဖြစ်သည်။ ဆင်းပဒေသ(၇)မြေပဲမျိုးသည် အမိနိုင်ငံမှာ အိန္ဒိယနိုင်ငံ (ICRISAT)ဖြစ်သည်။ ၁၉၉၄-၉၅ ခုနှစ်တွင် မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်အခြေချလာခဲ့ခြင်းဖြစ်သည်။ စိုက်ပျိုးရေးသုတေသနဌာန ရေဆင်းမှ မျိုးလိုင်း (၂၁) လိုင်းမှ ရွေးချယ်ခဲ့သော သက်လျင်မျိုးဖြစ်သည်။ ရေကောင်း မြေကြောင်းကြိုက်ပြီး အထွက်နူန်းရာကျော်အောင် သီးခဲ့ သဖြင့် တောင်သူများနှစ်ခြိုက်ကြသည်။ ဆီထွက်သီးနှံ ဖွံ့ဖြိုးရေးစီမံကိန်းမှ စံပြကွက်များစိုက်ပျိုးခဲ့ပြီး စံကွက် ရိတ်သိမ်းခဲ့ရာ အနိမ့်ဆုံးတင်းဧက (၅၀ – ၇၀) တင်းဖြင့် အမြင့်ဆုံး (၈၀ -၁၂၀) တင်းအထိ ထွက်ရှိခဲ့သည်။ ပျဉ်းမနားခရိုင်၊ လယ်ဝေးမြို့ တွင် စိုက်ပျိုးရာ တစ်ဧကတင်း ၁၁၀ ထွက်ရှိခဲ့သည်။

ground-nut2

(more…)


Read more

စွံပလွံသီးမှ ရရှိနိုင်သောကျန်းမာရေးအကျိုးကျေးဇူးများ

(၁)    စွံပလွံသီးသည် ကိုလက်စရောဓာတ်ကို များစွာ လျော့ချပေးနိုင်သည့်အပြင် အဝလွန်သူများအတွက်လည်း ကောင်းမွန်ပါတယ်။ ဗီတာမင်ဓာတ်ကိုလည်း ကြွယ်ဝစေပါတယ်။

 

new-picture-1

(more…)


Read more

DJI ၏ Mavic Pro ဒရုန်းသစ်ကို နိုဝင်ဘာလတွင် Apple စတိုးများမှ ရောင်းချမည်

DJI သည် အရွယ်အစား သေးငယ်သည့် နောက်ဆုံးပေါ်ဒရုန်းဖြစ်သော Mavic Pro ကို မိတ်ဆက်ကြေညာခဲ့သည်။ DJI Mavic Pro ကို ခေါက်သိမ်းပြီး အိတ်တစ်ခုထဲထည့်ကာ အလွယ်တကူ သယ်ဆောင်သွားနိုင်သည်။

djimavic-800x396

(more…)


Read more

Offline ဗီဒီယိုကြည့်ရှုနိုင်မည့် YouTube Go app ကို Google မိတ်ဆက်ကြေညာ

သုံးစွဲသူများထံ Bluetooth ဖြင့် ဗီဒီယိုများ ဝေမျှနိုင်မည့် YouTube Go app သစ်ကို Google က မိတ်ဆက် ကြေညာခဲ့သည်။

new-picture

(more…)


Read more