ပခုက္ကူပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ရှေ့လုပ်ငန်းစဉ်များဆွေးနွေး

မကွေးတိုင်းဒေသကြီးပါတီကော်မတီဝင် ဦးသော်ဇင်ဦး၊ ပခုက္ကူခရိုင်ပါတီဥက္ကဌ ဦးသိန်းထွန်းတို့သည် စက်တင်ဘာလ (၂၉) ရက် နေ့လည်ပိုင်းက ပခုက္ကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီဝင်များ၊ အရံကော်မတီ များနှင့် တွေ့ဆုံ၍ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ပါတီကော်မတီများမှ ပြန်လည်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

# ရဲနိုင်


Read more

မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့်ပညာရည်ချွန်ဆုနှင်းသဘင်အခမ်းအနားသို့ ကျောက်ဆည်ပြည်ခိုင်ဖြိုးဥက္ကဌတက်ရောက်

ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုးစိုးထွန်းသည် ယနေ့ နံနက် ၉း၀၀ အချိန် ကျောက်ဆည်မြို့ အထက(၁) သုံးထပ်ဆောင် ခန်းမတွင် မိဘဆရာအသင်းနှစ်ပတ်လည်အစည်း အဝေးနှင့် ပညာ ရည်ချွန်ဆုနှင်းသဘင်အခမ်းအနား တက်ရောက်၍ ပညာရည်ချွန်ဆု ရရှိသော ကျောင်းသား/သူများနှင့် ထူးချွန်ဆုရရှိသော ဆရာမများအား ဂုဏ်ပြုခွင့်ရခဲ့ပါသည်။

အခမ်းအနားသို့ အထက(၁ )ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမ များ။ မိဘဆရာအသင်းဥက္ကဌနှင့်အဖွဲ့ဝင်အကျိုးတော်ဆောင်များ။ဆုရရှိ သောကျောင်းမိဘများနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

Read more

ဖက်ဒရယ် အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

ကြံခင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီရုံးတွင် Canada အခြေစိုက် The Global Network On Federalism နှင့် PAÑÑÃ Institute မှ ပြုလုပ်သော Workshop on Federalism အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို စက်တင်ဘာလ (၂၉) ရက်က ဆက်လက်ကျင်းပခဲ့ပြီး အမေရိကန်နိုင်ငံ၏ Constitution နှင့် လွှတ်တော် အထွေထွေရွေးကောက်ပွဲ ပုံစံများ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

Read more

တမူးပြည်ခိုင်ဖြိုးပါတီမှ လုပ်အားဒါနကုသိုလ်ယူ

 

တမူး ခရိုင် / မြို့ နယ်ပါတီကော်မတီ၏ ဦးဆောင်မှုနှင့် စော်ဘွားအင်း ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဝင်အင်အား(၈၀)ဦးခန့်တို့သည် စော်ဘွား(၄)ရပ်ကွက် ဆရာတော်ဦးသာသန၏*ဝိဇယဓမ္မသုခ*ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်ထားတော်မူသောဥာဏ်တော်(၇) တောင် *အောင်ဇဗ္ဗူသာသနာထွဋ်ခေါင်*ရပ်တော်မူဗုဒ္ဓရုပ်ပွါးတော်မြတ်ကြီး၏ဂန္ဓာကုဋီတိုက်ကြီး၏အမိုးအား ယနေ့နံနက်(၉း၀၀)နာရီအချိန်တွင် ကျောက်သွေး လောင်းရာ၌လုပ်အားဒါနကုသိုလ်များပါဝင် ရယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Khin Maung Shwe


Read more

(29-9-2016) တွင် ပြုလုပ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ် အမှုဆောင် အစည်းအဝေးတွင် တိုင်းဒေသကြီး/ပြည်နယ် ပါတီဥက္ကဋ္ဌ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများမှ ရှင်းလင်းဆွေးနွေးစဉ်


Read more

သထုံပြည်ခိုင်ဖြိုးပါတီကော်မတီ လုပ်ငန်းညှိနိုင်းအစည်း အဝေးပြုလုပ်

မွန်ပြည်နယ် သထုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီ အစည်းအဝေးကို မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ၂၀၁၆ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် (၁၀း၀၀)အချိန်ကျင်းပရာ မြို့နယ်ပါတီဥက္ကဌ ဦးစောမျိုးမင်းဌေးနှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ကြပါသည်။

အဆိုပါ အစည်းအဝေးတွင် ပါတီဝင်အင်အား တိကျမှန်ကန်ရေး ၊ တိုးချဲ့စည်းရုံးရေး နှင့်စိစစ်ရေးလုပ်ငန်းများ ပြီးစီးမှုအခြေအနေများ ရေးရာအလိုက် လှုပ်ရှားမှုများအား အပတ်စဉ်သတင်းပို့ရန် ကြိုတင် စီမံချက်ချဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများအားဆွေးနွေးခဲ့ပြီး (၁၁း၃၀)အချိန်တွင် ပြီးဆုံးကြောင်းသိရှိရပါသည်။

Read more

Hitachi က စက်ခန်းမပါဝင်သည့် စက်လှေကားများကို ထုတ်လုပ်

Hitachi ဟာ စက်ခန်းမပါဝင်တဲ့ စက်လှေကားတွေကို ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီ စက်လှေကား တွေကိုတော့ အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသတွေအတွက် အထူးထုတ်လုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

14502783_1427797577235766_3292644247074967216_n

(more…)


Read more

မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များကြောင့် ဒေသအချို့ မိုးသက်လေပြင်း ကျရောက်နိုင်

13081804_1136480829709399_320826700_n

ထိုင်ဝမ်ကျွန်းသို့ ၀င်ရောက် တိုက်ခတ်နေသည့် တိုင်ဖွန်းမုန်တိုင်း MEGI ၏ အကြွင်းအကျန် တိမ်တိုက်များ ရွေ့လျားလာနိုင်ခြင်းကြောင့် မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသများနှင့် ဒေသအချို့တွင် မိုးသက်လေပြင်း ကျရောက် နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ကြေညာချက် ထုတ်ပြန်သည်။

Read more

ရခိုင်အမျိုးသားပါတီ မျက်နှာစုံညီအစည်းအဝေး အောက်တိုဘာတွင် ပြုလုပ်မည်

14518268_1247889905235157_537044929_n

ရခိုင်အမျိုးသားပါတီ မြို့နယ်ပေါင်းစုံမျက်နှာ စုံညီအစည်းအဝေးကို လာမည့် အောက်တိုဘာလဆန်းတွင် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read more

တောင်ကိုရီးယား Shinhan Bank ကို မြန်မာနိုင်ငံတွင် ဘဏ်ခွဲ ဖွင့်လှစ်ခွင့်ပြု

14483924_1247889908568490_1876275151_n

ကိုရီးယားနိုင်ငံ Shinhan Bank အား စက်တင်ဘာ ၂ဝ ရက်မှစတင်ကာ မြန်မာ နိုင်ငံတွင် ဘဏ်ခွဲဖွင့်လှစ်ခွင့်အား လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စက်တင်ဘာ၂၇ ရက်က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် နိုင်ငံခြားဘဏ်စိစစ်ရေးကော်မတီအနေဖြင့် အိန္ဒိယနိုင်ငံမှ State Bank of India နှင့် E.Sun Commercial Bank တို့အား ဘဏ်ခွဲဖွင့်လှစ်ခွင့်ပြုရေး အတွက် စိစစ်လျက်ရှိပြီး မကြာမီလပိုင်းအတွင်း ခွင့်ပြုပေး သွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြချက်အရ သိရသည်။

Read more