တရားမ၀င်နေထိုင်သည့် နိုင်ငံခြားသားတွေ့ရှိပါက ရဲလက်အပ်ရန် ပြည်သူများတွင် တာဝန်ရှိဟု ရန်ကုန်တိုင်း ၀န်ကြီးဆို

13081804_1136480829709399_320826700_n

ရန်ကုန်မြို့တွင် တရား မ၀င်နေထိုင်လုပ်ကိုင်နေသော နိုင်ငံခြားသားများတွေ့ရှိပါက ဖမ်းဆီး၍ ရဲလက်အပ်ရန် ပြည်သူများ၌ တာဝန်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာနှင့် ရခိုင်တိုင်းရင်းသား လူမျိုးရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ပြောသည်။

ရန်ကုန်မြို့တွင် နေထိုင်လုပ် ကိုင်လျက်ရှိသော နိုင်ငံခြားသားများသည် မည်သည့်ဗီဇာဖြင့် လာသနည်း၊ အလုပ် လုပ်ကိုင်ခွင့် တရားဝင်အလုပ်ပါမစ်ရှိ၊ မရှိသိလို ကြောင်း ပန်းဘဲတန်းမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ မေးမြန်းရာ ဦးဇော်အေးမောင်က  အထက်ပါ အတိုင်း    ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

Read more

လူမှုကွန်ရက် စာမျက်နှာတွင် မမှန်သတင်း ဖော်ပြသူနှင့် ခြိမ်းခြောက်ငွေတောင်းယူမှုများကို ဖော်ထုတ်အရေးယူမည်

လူမှုကွန်ရက် စာမျက်နှာများတွင် မတူကွဲပြားသည့် ဘာသာရေးလူမျိုးရေးအပေါ် အမုန်းတရားဖြစ်စေမည့် ဝါဒဖြန့် သူများနှင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် လူတစ်ဦး၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် ဆောင်ရွက်ပြီး အတင်းအကျပ် စေခိုင်းမှု၊ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေသူတို့ကို ဖော်ထုတ်အရေးယူမည် ဖြစ်ကြောင်း ရဲချုပ် ဇော်ဝင်းက ပြောကြားသည်။ (more…)


Read more

Harrow International School Bangkok ၏ ပညာရေးဆွေးနွေးပွဲ ကျင်းပမည်

Harrow International School Bangkok ၏ ထောက်ပံ့မှုဖြင့် ဗြိတိသျှကောင်စီမှ အာဆီယံနိုင်ငံအတွင်း အကောင်းဆုံး ကျောင်းအိပ်ကျောင်းစားကျောင်းတွင် ပညာသင်ယူလိုသော မြန်မာနိုင်ငံရှိ အသက် (၁၁) နှစ်မှ (၁၇) နှစ်အတွင်းရှိ ကျောင်းသားများအတွက် ပညာရေးဆွေးနွေးပွဲတစ်ရပ်ကို ၂၀၁၆ အောက်တိုဘာလ ၁၃ ရက်၊ ညနေ ၄ နာရီမှ ၆ နာရီအထိ ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ဗြိတိသျှကောင်စီစာကြည့်တိုက်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ (more…)


Read more

တောင်တရုတ် ပင်လယ်အရေး AIPA ညီလာခံတွင် မဆုံးဖြတ်နိုင်ခဲ့

တင်သွင်းသည့် ပင်လယ်ရေကြောင်း လုံခြုံရေးပူးပေါင်းမြှင့်တင်ရန်နှင့် ရေသယံဇာတများ ကာကွယ်ရေး မြင့်တင် ရန်ဆိုသည့် စာတမ်းအောက်တွင် တောင်တရုတ် ပင်လယ်အရေးကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့သော်လည်း ဆုံးဖြတ်ချက် တစုံတရာ ချမှတ်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။ (more…)


Read more

ရခိုင်ကျောင်းသားသမဂ္ဂ ဖွဲ့စည်းမည်

ရခိုင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာ အထက်တန်းကျောင်းသားများ အားလုံးစုံ ပါဝင်သည့် သမဂ္ဂတစ်ခုကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သမဂ္ဂဖြစ်မြောက်ရေးကော်မတီတာဝန်ခံ ကိုဇော် ဇော်ငြိမ်းက ပြောသည်။ (more…)


Read more

ကိုလံဘီယာမဲဆန္ဒရှင်များက FARC ငြိမ်းချမ်းရေးသဘောတူညီချက်ကို ငြင်းပယ်

14543558_1251343241556490_1641953054_n

FARC သူပုန်တို့နှင့် ငြိမ်းချမ်းရေးစာချုပ်ကို အတည်ပြုရန် ကိုလံဘီယာနိုင်ငံတွင် သမိုင်းဝင်ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများက ကန့်ကွက်မဲ ၅၀.၂၄ ရာခိုင်နှုန်းဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ငြင်းဆန်ခဲ့ကြသည်။

အဆိုပါ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ပြီးခဲ့သည့် သီတင်းပတ်တွင် သမ္မတ ဂျူအန်မန်နျူရယ် ဆန်းတို့စ်နှင့် FARC သူပုန်အဖွဲ့ခေါင်းဆောင် တင်မိုလွန် ဂျီမန်နက်စ်တို့ လေးနှစ်ကြာ စေ့စပ်ညှိနှိုင်းရေး ဆွေးနွေးပွဲပြီးနောက် လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။

Read more

ယွမ်ငွေကို နိုင်ငံတကာအရန်ငွေကြေးစာရင်းတွင် ထည့်သွင်း

14555889_1251343294889818_164703881_n

ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံအဖြစ် တရုတ်အစိုးရ၏ ကြိုးပမ်းမှုကို အသိအမှတ်ပြုခြင်းတွင် တရုတ်နိုင်ငံသုံး ယွမ်ငွေ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၏ နိုင်ငံတကာ အရန်ငွေကြေးစာရင်းတွင် အောက်တိုဘာ၁ ရက်မှ စတင် ထည့်သွင်းလိုက်သည်။

တရုတ်ယွမ်ငွေသည် အမေရိကန်ဒေါ်လာ၊ ယူရို၊ ဂျပန်ယန်း ငွေ၊ ဗြိတိသျှပေါင်တို့နှင့်အတူ IMF၏ အထူးငွေကြေး အုပ်စုတွင် ပါဝင်လာခြင်းဖြစ်သည်။

Read more

ကျိုက်ထိုပြည်ခိုင်ဖြိုး ရပ်ကွက်/ကျေးရွာကော်မတီများနှင့် တွေ့ဆုံဆွေးနွေး

ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီ အစည်းအဝေးကို ကျိုက်ထို မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ၂၀၁၆ခုနှစ် စက်တင်လာလ (၃၀) ရက် နေ့နံနက် (၁၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်ပါတီဥက္ကဌ ဦးဌေးလွင်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာများမှ ပါတီခေါင်းဆောင်များ၊ ပါတီကော်မတီဝင်များ တက်ရောက်ခဲ့သည်။

Read more

မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ GREEN- 9 ပရဟိတ လူငယ်အဖွဲ့ဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ မွန်ပြည်နယ်ပါတီဥက္ကဌ ဦးအောင်ကြည်သိန်းသည် အောက်တိုဘာလ(၂)ရက်နေ့ နံနက်(၀၈:၃၀)နာရီချိန်တွင် မော်လမြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဖွဲ့စည်းထားသော GREEN-9 ပရဟိတလူငယ်များအား တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲကို ပြည်နယ်ပါတီဥက္ကဌ ၊အတွင်းရေးမှူး၊ ပြည်နယ်ကော်မတီဝင်များ ၊ မော်လမြိုင်ခရိုင်ဥက္ကဌ နှင့် GREEN-9 အဖွဲ့ဝင် ပရဟိတ လူငယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

မုဒုံသား

Read more

ပုသိမ်ကြီးတွင် ရပ်/ကျေးပါတီ အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးအစည်းအဝေး ၁/၂ဝ၁၆ ကို ယနေ့ နံနက် ၁ဝ နာရီတွင်ပြုလုပ်ရာ ခရိုင်ပါတီကော်မတီဝင် ဦးထွန်းထွန်း၊ မြို့နယ်ဥက္ကဋ္ဌ ဦးဆွေသန်း၊ အတွင်းရေးမှူး ဦးကိုကိုလွင်၊ ဘဏ္ဍာရေးမှူး ဦးဝင်းနိုင်နှင့်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင် ၅၃ ဦး စုစုပေါင်း ၆၅ ဦး တက်ရောက် ခဲ့သည်။

Read more