မြင်းခြံခရိုင်ပြည်ခိုင်ဖြိုးပါတီ မီဒီယာသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီခန်းမ၌ ပြည်သူ့ဆက်ဆံရေးနှင့် အခြေခံသတင်းမီဒီယာသင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ (၂၇) ရက် နံနက် (၉) နာရီအချိန်က ပြုလုပ်ရာ မန္တလေးတိုင်း ဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းကော်မတီဝင်များဖြစ်ကြသော ဦးမြတ်​သူ၊ ဦးအောင်နိုင်ဦး၊ မြင်းခြံခရိုင်ဥက္ကဌနှင့် ခရိုင်ကော်မတီဝင်များ၊ ​ညောင်​ဦးခရိုင်​ဥက္ကဌနှင့်​ ခရိုင်​​ကော်​မတီဝင်​များ၊ မြင်းခြံခရိုင်​နှင့် ညောင်ဦးခရိုင်​အတွင်းရှိ မြို့နယ်​များမှ ဥက္ကဌများ၊ သင်​တန်းနည်းပြများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြပြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

Read more

ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ပါတီလုပ်ငန်းဆိုင်ရာများ တွေ့ဆုံဆွေးနွေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးစောမော်ထွန်း သည် တိုင်းအတွင်းရေးမှူး ဦးညီညီမြင့်၊ တိုင်းကော်မတီဝင် ဦးရဲမြင့်ထွန်း ပဲခူးခရိုင်ပါတီဥက္ကဌ ဦးအောင်စိုး တို့လိုက်ပါလျှက် ယနေ့ (ဒီဇင်ဘာ ၂၇) ရက် နံနက် ၉ နာရီခွဲအချိန်တွင် ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်း အဝေးခန်းမ၌ မြို့နယ်ပါတီကော်မတီဝင်များ ရပ်ကျေးစည်းမှူး အမှုဆောင်များနှင့်တွေ့ဆုံ၍ ပါတီတွင်းဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၂၀ ရွေးကောက်ပွဲပါတီအောင်နိုင်ရေးဆိုင်ရာကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Read more

ဗဟိုအတွင်းရေးမှူးဦးသန်းထွန်းနှင့်အဖွဲ့ သလဲဦးကုန်းသာကျေးရွာနှင့် ကုန်းခြံအထက်ကျေးရွာ ပြည်သူများနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးအောင်တင်မြင့် (တောင်သူလယ်သမားရေးရာ)၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဦးမင်းမင်း ဇေယျာမြင့် (ပါတီလုပ်ငန်းစိစစ်ရေး)၊ ဦးတင့်လှိုင်မြင့် (ပါတီစည်းကမ်းထိန်းသိမ်းရး)၊ ဦးကိုကိုနိုင် (သုတေသနနှင့် ပညာရေးဌာနကြီး)၊ ဦးအောင်ကျော်ညွန့် (စီးပွားရေးရာ)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပါတီကော်မတီဝင်များ ဖြစ်ကြသည့် ဦးအုန်းဖေနှင့် ဦးမိုးစည်သူ၊ တောင်ကြီးခရိုင်ပါတီ ကော်မတီဝင် ဦးကျော်တိုး၊ ညောင်ရွှေမြို့နယ် ပါတီဥက္ကဋ္ဌ ဦးစံရွှေနှင့် မြို့နယ်ပါတီကော်မတီဝင်များလိုက်ပါပြီး ဒီဇင်ဘာ (၂၆) ရက် နံနက် ၁ဝ နာရီခွဲတွင် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် သလဲဦးကျေးရွာသို့လည်းကာင်း၊ မွန်းလွဲ ၁၂ နာရီခွဲတွင် ကုန်းခြံအထက် ကျေးရွာသို့လည်းကောင်း သွားရောက်၍ ဒေသခံ မိဘပြည်သူများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ကူညီဆောင်ရွက်ပေးခဲ့သည်။

 

(more…)


Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ခေါင်းဆောင်သော အဖွဲ့ဝင်ငါးဦး ပါဝင်သည့် ပါတီ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ဒီဇင်ဘာ (၂၇) ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းခရီးစဉ် MU2032 ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။

(more…)


Read more

၂၀၁၆ အတွက် Google မှာ ရိုက်နှိပ်ရှာဖွေမှုအများဆုံး ဝေါဟာရ (၁၀) ခု

Google ကနေ search request ထရီလီယံနဲ့ချီ နှစ်စဉ် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကယ်လ်လီဖိုးနီးယား အခြေစိုက် Google ကုမ္ပဏီဟာ ၂၀၁၆ ခုနှစ်အတွင်း သူ့ရဲ့ search engine ကို အကြီးစိုးနိုင်ဆုံး ဝေါဟာရတွေကို ထုတ်ဖော်ခဲ့ပါတယ်။

(more…)


Read more

မနက်စာအတွက် ကြက်ဥကိုစားသင့်တဲ့အကြောင်းအရင်းများ

လူတိုင်းမနက်မိုးလင်ရင် မနက်စာကို စားသုံးကြရပါတယ်။ မနက်စာဟာ လူတွေအတွက် အရေးကြီးတဲ့ ပထမဆုံး အစာစားချိန်တစ်ခုဖြစ်ပါတယ်။ မနက်စာစားပြီး နေ့တစ်နေ့အတွက် ခွန်အားတွေကိုဖြည့်ဆည်းကာ အလုပ်လုပ်ကြ ရတာဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်းအတွက် မနက်စာဟာ အာဟာရပြည့်ဝတဲ့ အစားအစာဖြစ်စေဖို့ လိုအပ်ပါ တယ်။ ကြက်ဥဟာ မနက်စာအတွက် အာဟာရပြည့်ဝစေတဲ့အစားအစာတစ်ခုအဖြစ် ကျန်းမာရေးအကျိုးကျေးဇူး များပုံကို လေ့လာသူတွေက အခုလို ဖော်ပြထားကြပါတယ်-

 

ကြက်ဥဟာ ဗိုက်ပြည့်စေပြီး အဆာခံပါတယ်

ကြက်ဥမှာပါတဲ့ ပရိုတင်းနဲ့ အသားဓာတ်တွေက လူတွေအတွက် စွမ်းအင်တွေကို သိုလှောင်ထိန်းသိမ်းပေးသလို အဆာခံစေပြီး ဗိုက်ပြည့်တင်းစေပါတယ်။ မနက်စာစားတဲ့အခါ ကြက်ဥလေးတစ်လုံးလောက် ပါဝင်ဖြည့်စွက်လိုက် ခြင်းဖြင့် နေ့လည်စာစားချိန်မတိုင်မှီ စောစီးစွာဆာလောင်ခြင်းတို့ ကင်းဝေးစေပါတယ်။

 

(more…)


Read more

နှုတ်ခမ်းနီ အဆီတောင့်တွေနဲ့ သင်မသိသေးတဲ့ လျှို့ဝှက်အသုံးပြုနည်းတွေ

ဆောင်းတွင်းဖက်နဲ့ နှုတ်ခမ်းခြောက်သွေ့တဲ့အခါမှာ ဆိုးလေ့ရှိပြီး ဈေးသက်သက်သာသာနဲ့ အလွယ်တကူ ဆောင် ထားနိုင်တဲ့ နှုတ်ခမ်းအဆီတောင့်တွေဟာ နှုတ်ခမ်းအက်ကွဲတာကို ပျောက်ကင်းစေတဲ့အပြင် တခြားအသုံးဝင်တဲ့ နေရာတွေ အများကြီး ရှိနေပါသေးတယ်။

(more…)


Read more

ဈေးဘက်တွင်မက ဆေးဘက်လည်းဝင် နံနံပင်ကို စိုက်ပျိုးကြ

စိုက်ပျိုးပျော်ရွှင် သိစေချင်အစီအစဉ်ကနေ ဒီနေ့မှာတော့ နံနံပင် စိုက်ပျိုးရေးအကြောင်းကို တင်ဆက်ပေးမှာဖြစ် ပါတယ်။ နံနံပင်ကတော့ မုန့်ဟင်းခါး ညှပ်ခေါက်ဆွဲတို့နဲ့ ဆိုရင်တော့ အလွန်လိုက်ဖက်တဲ့ အပင်လည်းဖြစ်ပါတယ်။ အခြားသော ဟင်းလျာများ ချက်ပြုတ်ရာမှာလည်း နံနံပင်ကို အုပ်ပြီးတော့ ချက်စားနိုင်သလို အတို့အမြှုပ် အဖြစ်လည်း စားသုံးနိုင်ပါတယ်။

(more…)


Read more

တရုတ် လာအိုရထားလမ်းဆောက်လုပ်ရေး တရားဝင်စတင်

တရုတ်-လာအို ရထားလမ်းဆောက်လုပ်ရေးလုပ်ငန်းများ တရားဝင်စတင်သည့် အထိမ်းအမှတ်အဖြစ်လာအိုနိုင်ငံ Luang Prabang (လူအန်ပရာဘန်) မြို့တွင် ဒီဇင်ဘာလ(၂၅)ရက်နေ့က အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

(more…)


Read more

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးနိုင်မည့် မဲဆန္ဒရှင်ဦးရေ နှစ်သန်းကျော်ရှိ

လာမည့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးနိုင မည့် မဲဆန္ဒရှင်ဦးရေ ၂ ဒသမ ၂ သန်းခန့်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးတင်ထွန်းက ပြောသည်။ (more…)


Read more