ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌဒိုင်းဘောလုံးပြိုင်ပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌဒိုင်းဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ (၂၈) ရက် မွန်းလွဲ ၂နာရီကပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ခြံဝင်းအတွင်းရှိ ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။

အဆိုပါဘောလုံးပြိုင်ပွဲကို ပြည်ခိုင်ဖြိုးပါတီပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီဌာနချုပ် အသင်းအပါအဝင် ပြည်ထောင်စုနယ်မြေ အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်ဖြစ်သော ပျဉ်းမနားမြို့နယ်ပါတီအသင်း၊ လယ်ဝေးမြို့နယ် ပါတီအသင်း၊ တပ်ကုန်းမြို့နယ်ပါတီအသင်း၊ ဇမ္ဗူသီရိမြို့နယ် ပါတီအသင်းနှင့် ဒက္ခိဏမြို့နယ် ပါတီအသင်း၊ ဥတ္တရသီရိပါတီအသင်း၊ ပုပ္ဗသီရိပါတီအသင်း၊ ဇေယျာသီရိမြို့နယ်ပါတီအသင်း စုစုပေါင်း အသင်းကိုးသင်းတို့က လာရောက်ယှဉ်ပြိုင်ကြသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေး၏ခရစ္စမတ်ဆုတောင်းပေးပို့သည့် သဝဏ်လွှာ ကွမ်းလုံမြို့နယ် လူမျိုးပေါင်းစုံခရစ်ယာန်ဘာသာကျောင်းတွင်ဖတ်ကြား

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့ ဥာဏသိပံ္ပရပ်ကွက်ရှိ လူမျိုးပေါင်းစုံခရစ်ယာန်ဘာသာကျောင်း၌ ယခုလ ၂၅ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။ ခရစ်ယာန်ဘာသာဝင်များ၏ ထူးခြားလေးနက်သော ကောင်းချီးမင်္ဂလာများနှင့်ပြည့်စုံသည့် နေ့ထူးနေ့မြတ်ဖြစ်သည့် (ခရစ္စမတ်နေ့)တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး၏ ခရစ္စမတ်ဆုတောင်းပေးပို့သည့်သဝဏ်လွှာကို ကွမ်းလုံခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးထွန်းရင်က ပါတီဥက္ကဋ္ဌကိုယ်စားတက်ရောက်အားပေးချီးမြှင့်ဖတ်ကြားခဲ့သည်။

Union Daily


Read more

မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာ လှုပ်ရှားမှု ခြေလျင်တောင်တက်ခရီးစဉ် အောင်မြင်စွာ ပြီးစီး

 

ခရီးစဉ်အတွင်း အစစအဆင်ပြေချောမွေ့အောင် ကူညီ ခဲ့ကြသော ဆောမြို့နယ်ပါတီဥက္ကဌနှင့်ကော်မတီဝင်များ၊ ချင်းပြည်နယ်ပါတီအတွင်းရေးမှူး၊ ကန်ပက်လက်မြို့နယ် ပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ နှင့် ချင်းပြည်နယ်မှ မိတ်ဆွေများအားလုံးကို အထူး ကျေးဇူးတင်ရှိပါသည်။
ခရီးစဉ်အတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ခြင်း၊ ကျေးရွာနေပြည်သူများ၏လူမှုစီးပွား ဘ၀အခြေအနေများလေ့လာနိုင်ရေးတို့အတွက် ကျေးရွာအတွင်း CBT အစီအစဉ်ဖြင့် ဖွင့်လှစ်ရန်ပြင်ဆင်နေသောSor Long Lodged အား လေ့လာနိုင်ရန်စီစဉ်ပေးခဲ့သော ကျေးရွာမှတာဝန်ရှိသူများ အားလည်း အထူးကျေးဇူးတင်ရှိပါသည်။

Read more

ပါတီအောင်နိုင်ရေး တွေ့ဆုံဆွေးနွေး

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွမ်းလုံခရိုင် ဟိုပန်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ဒီဇင်ဘာ (၂၆) ရက် နံနက် (၁၀) နာရီအချိန်က ပြည်နယ်၊ ကွမ်းလုံခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင် များနှင့် ရပ်ကွက်/ကျေးရွာ စည်းရုံးရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

Read more

ပြည်နယ်ကော်မတီဝင်နှင့်အဖွဲ့ မိုင်းဆတ်ခရိုင်/မြို့နယ်နှင့် မိုင်းတုံမြို့ရှိ အမျိုးသမီးရေးရာအဖွဲ့များဖြင့် တွေ့ဆုံ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီကော်မတီဝင်၊ ရှမ်း(အရှေ့) အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်တင်မေထွန်း၊ တာချီလိတ်ခရိုင်ဥက္ကဋ္ဌ ဦးဘိုစံ၊ မြို့နယ်ဥက္ကဋ္ဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ် ကော်မတီဝင် ဦးစိုးကျော်အောင်၊ မြို့နယ်(အရန်)ကော်မတီဝင် ဦးထက်အောင်၊ အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်နာ လော်ဘိုနှင့် ပါတီလူငယ် များသည် ဒီဇင်ဘာ (၂၇) ရက်နေ့ မိုင်းဆတ်ခရိုင်/မြို့နယ်နှင့် မိုင်းတုံမြို့နယ်ရှိ ပါတီဝင် အမျိုးသမီးအဖွဲ့များဖြင့် သွားရောက်တွေ့ဆုံခဲ့သည်။

Read more

လှိုင်သာယာပြည်ခိုင်ဖြိုး ဓမ္မာရုံများ ပြုပြင်မွမ်းမံရန် ဘိလပ်မြေအိတ်များ လှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒီဇင်ဘာ (၂၇) ရက် နံနက်ပိုင်းက လှိုင်သာယာမြို့နယ် ရွှေလင်ပန်းကျေးရွာ မြေတိုင်း(၂၆) အောင်ချမ်းသာဓမ္မာရုံ နှင့် မြေတိုင်း(၂၃) စိတ္တသုခဓမ္မာရုံတို့အား ပြန်လည်ပြုပြင် မွန်းမံနိုင်င်ရန် အတွက် ဘိလပ်မြေအိတ်များ လှူ ဒါန်းခဲ့ကြောင်း သိရှိရပါသည်။

လှိုင်သာယာပြည်ခိုင်ဖြိုး

Read more

နှစ်ကျိပ်ရှစ်ဆူအပူဇော်ခံပွဲ မြစ်ကြီးနားပြည်ခိုင်ဖြိုးပါဝင် ဆောင်ရွက်

 

ကချင်ပြည်နယ်သာ သနာနုဂ္ဂဟအသင်းမှ ကြီးမှူးကျင်းပ ပူဇော်အပ်သော (၁၅) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓမြတ်စွာဘုရား မြစ်ကြီးနားမြို့အတွင်း ကိန်းဝပ်စံပါယ် ပူဇော်ခံပွဲကို (၂၇ -၁၂ -၂၀၁၆) မှ (၃၁ -၁၂ -၂၀၁၆) ရက်နေ့အထိ ရပ်ကွက်များ၊ ဌာနဆိုင်ရာများ၌ ကျင်းပပြုလုပ် လျှက်ရှိရာ မြစ်ကြီးနားမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှလည်း မြို့နယ်ပါတီရုံးရှေ့တွင် ယာယီစံမြန်းမဏ္ဍပ်တည်ဆောက်လျှက် ”ဓမ္မဒဿီ” မြတ်စွာဘုရားအား ပင့်ဆောင်ပြီး အပူဇော်ခံထားရှိရာ နေ့စဉ် ဝတ်အသင်းများဖြင့် ပူဇော်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Read more

မလေးရှားထောက်ပံ့ရေးရေယာဉ်ဖြတ်သန်းခွင့် မြန်မာသံရုံးသို့ ခွင့်ပြုချက်မတောင်းခံသေး

မလေးရှားနိုင်ငံ အစ္စလာမ်မစ်အဖွဲ့အစည်းများ အတိုင်ပင်ခံကောင်စီ၏ ထောက်ပံ့ရေးရေယာဉ်များ ရခိုင်ဒေသသို့စေ လွှတ်မည်ဟု မလေးရှားအခြေ စိုက်မီဒီယာများတွင် သတင်းများ ဖော်ပြခဲ့ကြသော်လည်း ရေယာဉ်ဖြတ်သန်းခွင့် အတွက် မြန်မာသံရုံးသို့ ခွင့်ပြုချက် မတောင်းခံသေးကြောင်း သတင်းရရှိသည်။ (more…)


Read more

ကြည့်မြင်တိုင်ပြည်ခိုင်ဖြိုးအမှုဆောင်များ မဲရုံကိုယ်စားလှယ်များနှင့်တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ကြည့်မြင်တိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယခုလ ၂၃ရက် မွန်းလွဲ ၁နာရီမှ ညနေ ၄နာရီအထိ ရပ်ကွက်အမှုဆောင်များ၊ မဲရုံကိုယ်စားလှယ်များအားတွေ့ဆုံ၍ ကြားဖြတ်ရွေးကောက်ပွဲ အတွက်ဆွေးနွေးပြုလုပ်ရာ ရန်ကုန်အနောက်ပိုင်းခရိုင်ပါတီကော်မတီ ဝင် ဒေါ်အိအိလှိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်လွင်နှင့် ကော်မတီဝင် များ၊ ရပ်ကွက်အမှုဆောင်များနှင့် မဲရုံကိုယ်စားလှယ် ၅ဝ တို့တက် ရောက်ကြကြောင်း သိရသည်။

ထိန်ဝင်း(ကြည့်မြင်တိုင်)

Read more

ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ (၆၉)နှစ်မြောက်လွတ်လပ်ရေးနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၁၄)နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ ကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်ပြီး (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲကို မြို့နယ် ပြည်သူ့ အားကစားကွင်းတွင် ယခုလ ၂၅ ရက် ညနေပိုင်းက ကျင်းပခဲ့သည်။

Read more