သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီအမျိုးသမီးရေးရာတွေ့ဆုံပွဲအခမ်းအနားကျင်းပ

 

သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာတွေ့ဆုံ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီ အထိ မြို့နယ်ပါတီရုံးတွင်ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ မြို့နယ်ပါတီဥက္ကဋ္ဌနှင့်မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်စည်းရုံးရေး မှူးများနှင့် အမျိုးသမီးအဖွဲ့များ စုစုပေါင်း ၇၆ ဦး တက်ရောက်ခဲ့သည်။
တက်ရောက်လာကြသော ရပ်ကွက်အမျိုးသမီးတာဝန်ခံများက ကဏ္ဍအလိုက်ဆွေးနွေးပြီး ဆွေးနွေးတင်ပြချက်များကို မြို့နယ်ကော်မတီ ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

Read more

မကွေးတွင် ပါတီလုပ်ငန်းစဉ်နှင့် မူဝါဒများရှင်းလင်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်သည် ယခုလ ၁၃ ရက် နံနက် ၁၁ နာရီတွင် မကွေးတိုင်းဒေသကြီး အောင်လံ မြို့နယ်မှ မြို့နယ်ဥက္ကဋ္ဌ၊ အတွင်း ရေးမှူး၊ မြို့နယ်ပါတီကော်မတီ ဝင်များ၊ မြို့ပေါ်ကိုးရပ်ကွက်နှင့် အခြေစိုက်ခုနစ်ခုတို့မှ ပါတီဝင်များ စုစုပေါင်းအင်အား ၂၃ဝကျော်တို့ နှင့်တွေ့ဆုံ၍ ပါတီ၏လုပ်ငန်းစဉ် များ၊ မူဝါဒများကိုရှင်းလင်းဆွေး နွေးခဲ့သည်။ တက်ရောက်လာ သောပါတီဝင်များကလည်း ပါတီ ၏အားနည်းချက် အားသာချက် များ မိမိတို့ဒေသတွင် လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေမှန် များကို ပွင့်လင်းစွာတင်ပြကြ သည်။ တင်ပြချက်များအပေါ် ဗဟိုအတွင်းရေးမှူးက ပြန်လည် ရှင်းလင်းဆွေးနွေးပြီး အခမ်းအနား ကို မွန်းလွဲ ၃ နာရီတွင် ရုပ်သိမ်း ခဲ့သည်။

Read more

ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဦးဆောင်သော ဖြိုးစေတနာ နယ်လှည့်အခမဲ့ဆေးကုသမှုအဖွဲ့ကျေးရွာများအရောက်ကွင်းဆင်းကုသ

 

ရန်ကုန်တိုင်းဒေသကြီး တောင် ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူး ဦးအောင်ကျော်မင်း၏ ဦးဆောင်မှုဖြင့် ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ‘ဖြိုးစေတနာ’ တာဝန်ခံဆရာဝန်ဒေါက်တာသိန်း ဇော်မြင့်တို့ပူးပေါင်းပြီး အပတ်စဉ် စနေနေ့တိုင်း ကော့မှူးမြို့နယ် အတွင်း သွားလာရခက်ခဲသော ကျေးရွာများအရောက်ကျန်းမာရေး စောင့်ရှောက် ကုသပေးလျက်ရှိရာ ကော့မှူးအနောက်ခြမ်း သမဲ့ကျေး ရွာအုပ်စု ဥတိုကျေးရွာတွင် ပြည်ခိုင် ဖြိုးပါတီ ကျေးရွာခေါင်းဆောင် ဦးထွန်းအောင်၏နေအိမ်၌ ယမန်နေ့ နံနက် ၈ နာရီမှစ၍ ၁၁ နာရီအထိ အနီးဝန်းကျင်ကျေးရွာများဖြစ်သော ကျွန်းသစ်ကျေးရွာ၊အောက်ကျောင်း ကျေးရွာ၊ နံသာချောင်း၊ ကြည်စု ကျေးရွာများမှ လူနာ၁၆ဝကို ကုသ ပေးခဲ့သည်။

Read more

ပါတီဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် ကန့်ဘလူမြို့နယ်နှင့်ကျွန်းလှမြို့နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ခိုင်ဖြိုးပါတီဗဟိုဦးဆောင် ကော်မတီဝင် သူရဦးအေးမြင့် သည် ယနေ့နံနက် ၁၁ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ ခရိုင် ကန့်ဘလူမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးတွင် ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်ပါတီကော်မတီဝင် များနှင့် တွေ့ဆုံခဲ့ပြီး ပါတီစည်းရုံး ရေးလုပ်ငန်းဆောင်ရွက်မှု အခြေ အနေ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ ပါတီကော်မတီအဖွဲ့ များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေး သည်။

Read more

“ကျွန်တော် သမ္မတဖြစ်လာတဲ့အခါ ကျွန်တော့်ရဲ့ မျှော်မှန်းချက်က အလွန်ရိုးစင်းပါတယ်။ ကျွန်တော်တို့နိုင်ငံကို သာယာဝပြောပြီး ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့ပါ။ လူငယ်တွေအတွက် ကောင်းမွန်တဲ့အနာဂတ်ကို ဖန်တီးပေးနိုင်ပြီး အာရှရဲ့ ချမ်းသာကြွယ်ဝမှုကို မျှဝေပေးနိုင်တဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုဖြစ်စေလိုပါတယ်။” (The 3rd Asia Cosmopolitan Awards ချီးမြှင့်ပွဲတွင် နိုင်ငံတော် သမ္မတ(ငြိမ်း) ဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်း မှ ကောက်နုတ်ချက်)


Read more

လက်ရေတစ်ပြင်တည်း

 

နိုင်ငံရေးဆိုင်ရာ သင်တန်း ၁/၂၀၁၇ ကိုတက်ရောက်နေကြတဲ့ နိုင်ငံအဝှမ်းက သင်တန်းသားတွေနဲ့ ပါတီဌာနချုပ်မှ ဥက္ကဋ္ဌ နှင့် CEC များရဲ့ နေ့လည်စာ


Read more

မွန် ၊ မြန်မာ နှစ်ဘာသာဖြင့် တရနာ​ကျေးရွာ ပြည်​ခိုင်​ဖြိုးပါတီဆိုင်းဘုတ်​တင်

 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တရနာကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲအား ၂၀၁၇ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၀၉း၀၀နာရီအချိန်၌ တရနာကျေးရွာ တွင်ကျင်းပရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်မွန်၊ ရပ်မိရပ်ဖများ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ကျေးရွာကော်မတီဝင်များ တက်ရောက်ကြသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နှင့် မြို့နယ်ပါတီကော်မတီဝင်များသည် ဆိုင်းဘုတ်အား အမွှေးနံသာများ ပက်ဖြန်းပေးခဲ့သည်။

Read more

ပြည်နယ်ပါတီအတွင်းရေးမှူး တောင်ကုတ်မြို့နယ်ပါတီနှင့်တွေ့ဆုံ ရှေ့ဆက်လုပ်ကိုင်ရ မည့်လုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြား

 

ရခိုင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်း ရေးမှူးဦးသန်းဝေ(ဗဟိုကော်မတီဝင်) သည် တောင်ကုတ်မြို့နယ်ပါတီ၏ ရှေ့ဆက်လုပ်ဆောင်သွားရမည့် လုပ်ငန်းစဉ်များအား တောင်ကုတ် မြို့နယ်ပါတီကော်မတီဝင်များနှင့် ယခုလ ၁ဝရက် မွန်းလွဲ ၁ နာရီက မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ တွင် တွေ့ဆုံခဲ့သည်။

Read more

ပါတီအမျိုးသမီးရေးရာကော်မတီများတွေ့ဆုံ

 

မကွေးတိုင်းဒေသကြီး အမျိုး သမီးရေးရာကော်မတီမှကြီးမှူး၍ တိုင်းဒေသကြီးပါတီ အမျိုးသမီး ရေးရာနှင့် မကွေးခရိုင်အတွင်းရှိ မြို့နယ်ပါတီများမှ အမျိုးသမီး ရေးရာကော်မတီများ တွေ့ဆုံပွဲကို ယခုလ ၉ရက် မွန်းလွဲ ၁နာရီတွင် တိုင်းဒေသကြီးပါတီအစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။ အခမ်း အနားသို့ မကွေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဒေါက်တာမောင်မောင် ဌေး၊ အတွင်းရေးမှူးဦးဆန်းညွန့် အောင်နှင့် တိုင်းဒေသကြီးအမျိုး သမီးရေးရာတာဝန်ခံများဖြစ်ကြ သော ဒေါ်ယဉ်ယဉ်လှနှင့် ဒေါ်သီ မာလှိုင်၊ မကွေးခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းရှိန်နှင့် မကွေး၊ ရေနံချောင်း၊ ချောက်၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်မြို့နယ်တို့မှ အမျိုးသမီး ရေးရာကော်မတီဝင် ၂၆ ဦးတက် ရောက်ခဲ့ကြသည်။

Read more