ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဌာနချုပ်​တွင်​ ​ပြော​ရေးဆိုခွင့်​ရအဖွဲ့နှင့်​ သတင်းမီဒီယာများ​တွေ့ဆုံ

 

ယ​နေ့ ၁၇.၁.၂၀၁၇ ရက်​​နေ့ ပါတီဌာနချုပ်​ အစည်းအ​ဝေးခန်းမ (၂)တွင်​ ပါတီ​ပြော​ရေးဆိုခွင့်​ရှိသူများဖြစ်​သည့်​ ဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေး ၊ ဗဟို​ကော်​မတီဝင်​ ​ဒေါက်​တာဝင်း​အောင်​​ကျော်​ နှင့်​ ဗဟိုအလုပ်​အမှု​ဆောင်​ ဦးလှသိန်း တို့သည်​ ​နေ့လည်​(၁၃း၃၀)အချိန်​ မှ (၁၄း၃၀)
အချိန်​ထိ သတင်းမီဒီယာများဖြစ်​သည့်​ eleven ၊ DVB ၊
News Watch ၊ ဧရာဝတီ ၊ Skynet ၊ အစရှိ​သော သတင်းမီဒီယာ (၂၀) တို့နှင့်​ ​တွေ့ဆုံကာ မြန်​မာနိုင်​ငံအတွင်းဖြစ်​​ပေါ်​နေ​သော အ​ခြေအ​နေများနှင့်​ပတ်​သတ်​၍ လွှတ်​​တော်​ဆိုင်​ရာ Right To Recall ကိစ္စရပ်​များ ၊ ရခိုင်​ပြည်​နယ်​ဆိုင်​ရာ ကိစ္စရပ်​များ ၊ ကြားဖြတ်​​ရွေး​ကောက်​ပွဲအ​​ခြေအ​နေများ နှင့်​ နိုင်​ငံအတွင်းဖြစ်​​ပေါ်​နေ​သော ကိစ္စရပ်​အသီးသီးတို့အား ​ရှင်းလင်း​ပြောကြားခဲ့ပါသည်​။

Read more

လူငယ့် အားမာန် ပရဟိတလူငယ်အဖွဲ့ လုပ်အားဒါန ကုသိုလ်ပြု

 

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဖွဲ့စည်းထားသော လူငယ့် အားမာန် ပရဟိတလူငယ်အဖွဲ့ဝင်များသည် ယနေ့ (၁၄.၁.၂၀၁၇)ရက်နေ့ နံနက်(၀၈:၀၀)နာရီချိန်မှစတင်ကာ ကျိုက်ထို မြို့ ရှိ ရွှေဘုံသာဘုရားဝင်း အတွင်ရှိစေတီများကို ရောင်တော်ဖွင့်ခြင်းနှင့် ဝန်းကျင်တဝိုက်တို့တွင် တံမြတ်စည်းလှည်းခြင်း၊ စုပေါင်းအမှိုက်ကောက်ခြင်းများ၊ မြက်ပင်များ ရှင်းလင်းခြင်းများဖြင့် စုပေါင်း လုပ်အား ဒါနပြုခဲ့ကြောင်းသိရှိရသည်။

Read more

ဒေဒရဲပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်အမျိုးသမီးရေးရာ အပ်ချူပ်စက်များ ပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်

 

ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်ပါတီရုံး၌ ပါတီ
အမျိုးသမီးရေးရာအဖွဲ့၏ အရစ်ကျသွင်းစနစ်ဖြစ် အပ်ချုပ်
စက်ပေးအပ်ပွဲအခမ်းအနားသို့ တိုင်း ခရိုင် အလုပ်မှုဆောင်များ၊ မြို့နယ် ပါတီအတွင်းရေးမှူးနှင့်အလုပ်မှုဆောင် များ၊ လှုမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ဒေးဒရဲ မြို့နယ် မိချောင်းအိုင်၊
ကျုံဘုတ်၊ မရမ်းကျေးရွာမှ စက်ချုပ်သင်တန်းဆင်းအမျိုး
သမီးငယ်များအား တနိုင်တပိုင် သက်မွေးဝမ်းကျောင်း
စီးပွားရေးလုပ်ကိုင်နိုင်ရန်အတွက် တိုင်းပါတီကော်မတီ
ဝင်ဒေါ်စိုးစိုးရီ၏ ချိတ်ဆက်ဆောင်ရွက်ပေးမှုဖြင့် အပ်
ချုပ်စက် ၄လုံးနှင့် ဓားစက် ၁လုံး ကို( ၁၀ )လဆိုင်း
အရစ်ကျသွင်းစနစ်ဖြင့် ဝယ်ယူပေးအပ်ပေးခဲ့ခြင်း
ဖြစ်ကြောင်းသတင်းပေးပို့ပါသည်။

Read more

ချောင်းဆုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

 

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ သက္ကော
ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၂၈၀ ဦးခန့်အား ဇန်န၀ါရီ ၁၅ ရက်တွင် မွန်ပြည်နယ် ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဖြိုးမေတ္တာ (အခမဲ့)နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့အား အထွေထွေရောဂါကုဆရာဝန် Dr. တိုးတိုးအောင် ဦးဆောင်သည့် ဆရာဝန်ကြီးများ လိုက်ပါပြီး ကုသပေးလျှက်ရှိသည်။

Read more

မိုးညှင်းပြည်ခိုင်ဖြိုးပါတီမှ စက်ချုပ်သင်တန်းဖွင့်လှစ်

 

မိုးညှင်းမြို့ နယ် ဟိုပင်ဒေသ ပြည်ခိုင်ဖြီုးပါတီရုံးခမ်းမ၌
အမျိုးသမီးရေးရာကော်မတီ မှ ဖွင်လှစ် သော အခြေခံ
စက်ချုပ်သင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့  နေ့ လည် ၁ နာရီအချိန်က
ဟိုပင်ဒေသပြည်ခိုင်ဖြိုးရုံ၌ ကျင်းပရာ ခရိုင် အရံ ကော်မတီဝင်ဦးဘုန်းမြင့် မြို့ နယ်ကော်မတီဥက္ကဌ ဦးကြည်စိုး အတွင်းရေးမှူး ဦးဌေးဝင်း ဟိုပင်ဒေသပါတီကော်မတီ နာယကဦးညီလေးနှင့်ရပ်မိ ရပ်ဖများ
မြို့ နယ်/ရပ်ကျေး ကော်မတီဝင်များ စည်းမှူးများနှင့်
ရေးရာအဖွဲ့ များ တက်ရောက်ခဲ့ကြောင်း ယင်းစက်ချုပ်သင်တန်းသို့  သင်တန်းသူ ၄၀ ဦးတက်ရောက်ပြီး အစည်းဝေးတက်ရောက်သူ ၁၂၀ခန့်ရှိပြီး ဟိုပင်ဒေသအတွက် အလှူရှင်တစ်ဦး မှသင်တန်းအတွက် အပ်ချုပ်စက် ၃ လုံးနှင့် ထူးချွန်သင်တန်းသားများအား အပ်ချုပ်စက်ဂုဏ်ပြုချီးမြင့်လှူဒါန်းမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

Read more

ဖါးလင်ပိုးမြတ်စွာဘုရား ရင်ပြင်တော်နှင့်ဘုရားပွဲကျင်းပ ရာကွင်းပြင်အတွင်း ပြည်ခိုင်ဖြိုးပါတီမှ သန့်ရှင်းရေးလုပ်အားကုသိုလ်ပြုလုပ်

 

စဥ့်ကိုင်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီနှင့် စေတနာဖြိုးပရဟိတလူငယ်များစုပေါင်း၍ ဖါးလင်ပိုးမြတ်စွာဘုရားရင်ပြင်တော်နှင့်ဘုရားပွဲကျင်းပ
ရာကွင်းပြင်၌ အမှိုက်ကောက်သန့်ရှင်းရေး
ကုသိုလ်ဆောင်ရွက်ရာ မန္တလေးတိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သိင်္ဂီအောင်၊ ကျောက်ဆည်ခရိုင်ကော်မတီဝင်ျဒ်ါခင်နွယ်မြင့်၊ စဥ့်ကိုင်မြို့နယ်ပါတီဥက္ကဌ ဦးကြည်ပြုံးနှင့် မြို့နယ်
ကော်မတီဝင်များရပ်/ကျေးစည်း/မှူးများ စုစုပေါင်းအင်အား
(၁၀၀)တက်ရောက်၍လုပ်အားဒါနကုသိုလ်ပြုခဲ့ကြပါသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး


Read more

ပါတီဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် ကောလင်းမြို့နယ်နှင့် ဝန်းသိုမြို့နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ကောလင်းမြို့တွင်ရောက်ရှိနေ သောပြည်ခိုင်ဖြိုးပါတီဗဟိုဦးဆောင် ကော်မတီဝင် သူရဦးအေးမြင့်သည် ယနေ့နံနက်၇နာရီတွင် စစ်ကိုင်း တိုင်းဒေသကြီး ကသာခရိုင် ကော လင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပသော ကောလင်းမြို့နယ်နှင့် ဝန်းသိုမြို့နယ်တို့မှ ပါတီကော်မတီ ဝင်များနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပါတီစည်းရုံး ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေး ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ခိုင် ဖြိုးပါတီမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာမြင့်သိန်း (တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ)၊ ဗဟို ကော်မတီဝင်များဖြစ်ကြသည့် ဦးမင်းမင်းဇေယျာမြင့်(ပါတီလုပ် ငန်းစိစစ်ရေး)၊ ဒေါ်သိင်္ဂီဝင်းရွှေ (တိုင်းဒေသကြီးပါတီစာရင်းစစ်)၊ တိုင်းဒေသကြီးပါတီအလုပ်အမှု ဆောင်ကော်မတီဝင်ဦးအောင်ကိုစံ၊ ကသာခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်း အောင်ဝင်းနှင့် ခရိုင်ပါတီကော် မတီဝင်များ၊ကောလင်းမြို့နယ်နှင့် ဝန်းသိုမြို့နယ်တို့မှ မြို့နယ်ပါတီ ကော်မတီဝင်များ၊ အရန်မြို့နယ် ပါတီကော်မတီဝင်များတက်ရောက် ကြသည်။

Read more

မြိတ်မြို့နယ် ၊ပြည်ခိုင်ဖြိုးပါတီဥက္ကဌ၊ ရပ်ကွက်ပါတီစည်း/မှူး နှင့် ပါတီဝင်များအား ကွင်းဆင်းတွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဝင် ၊မြိတ်မြို့နယ်ပါတီ ဥက္ကဌ ဦးမိုးမြင့် သည် ဇန်​န၀ါရီ လ ၁၅ရက် ၊ည ၇းဝဝအချိန်ခန့်တွင် မြို့နယ်ပါတီအတွင်းရေးမှူး နှင့်ကော်မတီဝင်များ လိုက်သောအဖွဲ့သည် မြိတ်မြို့ ၊ရေပုန်း-အောင်ချမ်းသာ ရပ်၊ ပြည်ခိုင်ဖြိုးပါတီစည်း/မှူး ဦးစိုးထွန်းဦး ၏နေအိမ်သို့ ရောက်ရှိကာ ၎င်းရပ်ကွက်တွင်းရှိပါတီဝင်များနှင့် တွေ့ဆုံ ကာ သက်ဆိုင်ရာရပ်ကွက်အတွင်းရှိ မိမိတို့ ပြည်ခိုင်ဖြိုး ပါတီဝင်များအနေဖြင့် ပြည်သူ့အကျိုးပြု လှုပ်ရှား ဆောင်ရွက်မှုအခြေအနေများနှင့်ဆောင်ရွက်ရ မည့် ပါတီရှေ့လုပ်ငန်းစဉ်များအားနှီးပွင့်လင်းစွာဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး လိုအပ်ချက်များဆိုင်ရာကိစ္စရပ်များအား မြို့နယ်ပါတီ ဥက္ကဌ မှ ဖြည့်ဆည်းပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးခဲ့ကြောင်းသိရသည်။

Read more

ကော့မှူးမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီအလုပ်ရုံဆွေးနွေးပွဲပြုလုပ်

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ကော့မှူးမြို့နယ် ပါတီရုံး၌ပြုလုပ်ခဲ့ရာ ကော့မှူးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော် ဇင်ဟိန်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးကြည်ငြိမ်း၊ ဘဏ္ဍာ ရေးမှူး ဦးအေးနိုင်နှင့် ရေးရာအလိုက်ကော်မတီတာဝန်ခံများ စုံညီစွာတက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် လူငယ်လှုပ်ရှား ဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆောင်ရွက်ရန်အစီအစဉ်များ၊ အမျိုး သမီးကဏ္ဍ လှုပ်ရှားဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင် ရွက်ရန် လုပ်ငန်းစဉ်များ၊ ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အောင်နိုင်ရေးလုပ် ငန်းစဉ်များ၊ ရေးရာအလိုက် အခက်အခဲများနှင့် ဖြည့်စွက် ဆောင်ရွက်နိုင်ရန် အကြံပြုဆွေးနွေးချက်များ၊ တိုင်းဒေသကြီး ခရိုင်ညွှန်ကြားချက်များစသည့်အကြောင်းအရာများကို အပြန် အလှန်မေးမြန်းဆွေးနွေးအကြံပြုကြပြီး အစည်းအဝေးကို နံနက် ၁၁ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

Read more

နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် The 3rd Asia Cosmopolitan Awards 2017 ဆုလက်ခံရယူ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီနာယက နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် အာဆီယံနှင့်အရှေ့အာရှဆိုင်ရာ စီးပွားရေးသုတေသနသိပ္ပံ (ERIA)မှ ချီးမြှင့်သည့် Grand Prize of 3rd Asia Cosmopolitan Awards 2017ဆုကို ဂျပန်နိုင်ငံ နာရာမြို့တွင်ကျင်းပသည့် နာရာဖိုရမ်အခမ်းအနားတွင် ဇန်နဝါရီ ၁၅ရက်က လက်ခံရယူပြီး ဆုရရှိသူများနှင့်အတူ တွေ့ရစဉ်။

Union daily

Read more