ရမည်းသင်းပြည်ခိုင်ဖြိုးပါတီမှ Social Media အခြေခံသင်တန်းဖွင့်ပွဲကျင်းပ

 

ယမန်နေ့ နံနက်(၀၉း၃၀)အချိန်တွင် ရမည်းသင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ Social Media အခြေခံသင်တန်းဖွင့်ပွဲကျင်းပပြုလုပ်ရာ ရမည်းသင်းမြို့နယ်ပြည်ခိုင်ဖြိုးနာယက ဦးကျော်မြင့်၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ဦးအောင်နိုင်ဦး၊ ရမည်းသင်းခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်ကော်မတီဝင်များ၊ ရမည်းသင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်ကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ ရပ်/ကျေးပါတီမှ သင်တန်းသား/သူများတက်ရောက်ကြပြီး ရမည်းသင်းမြို့နယ်ပြည်ခိုင်ဖြိုးနာယက ဦးကျော်မြင့်မှ အဖွင့်အမှာစကားပြောကြားကာ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သန်းသန်းအေးမှသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကိုရှင်းလင်းခဲ့ပါသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး


Read more

ဟင်္သာတပြည်ခိုင်ဖြိုးပါတီ ကျောင်းသားကျောင်းသူများအား အာဟာရလှူဒါန်း

 

ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သည် ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းသား ကျောင်းသူများအား အာဟာရတိုက်ကျွေးလျက်ရှိရာ ယမန်နေ့ နံနက် ၁ဝနာရီတွင် နတ်မော်တိုက်နယ် မိုးကုတ်ကျေးရွာအခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသားကျောင်းသူ ၁၂၂ ဦးတို့အား ပေါင်မုန့်အုန်းနို့ဆမ်းဖြင့် အာဟာရကျွေးမွေးလှူဒါန်းခဲ့သည်။

အဆိုပါကျောင်းများသို့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီကိုယ်စား အတွင်းရေးမှူး ဦးခင်ဦးနှင့်အတူ မြို့နယ်ကော်မတီဝင်များဖြစ်ကြ သော ဦးဌေးဝင်း(၁)၊ ဦးအောင်မြိုင်၊ ဦးလှမင်း၊ ဒေါ်ဝေမာကိုနှင့် ဒေါ်ခင်သီတာနိုင်တို့ လိုက်ပါလှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်နှင့်အဖွဲ့အားတွေ့ဆုံ

 

Read more

ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အခမဲ့နယ်လှည့်ဆေးကုသရေးလုပ်ငန်း ဆောင်ရွက်

 

၂၄၊၁၊၂၀၁၇ ရက်နေ့တွင် နံနက်(၉)နာရီ အချိန်မှစတင်ကာကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူများ ကျန်းမာရေးအတွက် ဖြိုးစေတနာ အခမဲ့ ဆေးကုသရေး အဖွဲ့သည် မြို့မတိုက်နယ် ပျဉ်မပင်လှ ကျေးရွာသို့ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် နယ်လှည့်ဆေးကုသခြင်းဆောင်ရွက်ရာသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဒေါက်တာထိန်ဝင်း၊ ဒေါ်ခင်စောမူနှင့် ပုသိမ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ
အတွင်းရေးမှူးနှင့်ကော်မတီများ ၊ တက်ရောက်ကြပြီး ဆေးကုခံပြည်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ ပြည်သူများ၏ လိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးရေးများ ကို အပြန်အလှန်ဆွေးနွေးကြသည်။
၎င်းအခမဲ့ဆေးကုသရေးအဖွဲ့တွင် ပြည်သူလွှတ်တော်ကိုယ်စားလှယ်(ငြိမ်း) ဒေါက်တာ စိုးသူရမှကြီးကြပ်ကုသဆောင်ရွက်ခဲ့ပြီး ကျုံပျော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ၊ အတွင်းရေးမှူးနှင့်မြို့နယ်ပါတီကော်မတီများ ၊ အရန်ပါတီကော်မတီများ၊ ပျဉ်မပင်လှ ကျေးရွာ အုပ်စုရှိ ရပ်မိ/ဖ များ ပါတီဝင်ပြည်သူများကူညီဆောင်ရွက်ခဲ့ကြောင်း ၊လူနာပေါင်း ၈၃ ဦးကုသမှုခံယူခဲ့ပြီး ဆေးအလှူငွေ (၂) သိန်းကျပ်ခန့် ကုန်ကျကြောင်းသတင်းရရှိပါသည်။

Read more

မိုးညှင်းခရိုင်ပြည်ခိုင်ဖြိုးလူငယ်ရေးရာတွေ့ဆုံပွဲအင်းတော်ကြီးဒေသတွင်ကျင်းပ

 

ယမန်နေ့ဇန်နဝါရီ(၂၄)ရက် ညနေ (၃)နာရီခွဲတွင် မိုးညှင်းခရိုင်
ပြည်ခိုင်ဖြိုးလူငယ်ရေးရာတွေ့ဆုံပွဲကိုအင်းတော်ကြီးဒေသ အင်းတော်ဓမ္မာရုံရှေ့ နဂါးရုံပတ်လမ်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုကော်မတီဝင်ဦးကျော်စိုးလေးတက်ရောက်ချီးမြင့်ခဲ့
သည်။

ရှေးဦးစွာလူငယ်မိတ်ဆက်ခြင်းအစီအစဉ်ကိုပြုလုပ်ပြီး မိုးညှင်း
မြို့နယ် အင်းတော်ကြီးဒေသ ပြည်ခိုင်ဖြိုးပါတီနာယက ဦးကြည်လင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ
ပြည်နယ်ပါတီလူငယ်ရေးရာတာဝန်ခံ ဦးမရမ်ဘရန်ရှောင်က
လူငယ်ရေးရာလုပ်ငန်းစဉ်များနဲ့စပ်လျဉ်ြး့ပီး ရှင်းလင်းပြောကြား
သည်။

အစီအစဉ်အရ မိုးညှင်း မိုးကောင်း ဖားကန့် ပါတီလူငယ်ရေး
ရာတာဝန်ခံများက သက်ဆိုင်ရာမြို့နယ်အလိုက် လူငယ်ရေးရာ
လုပ်ရှားမှုများကိုဆွေးနွေးတင်ပြကြသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံဦးသိန်းဇော် ထားဝယ်မြို့နယ်၌ တိုင်း ခရိုင် မြို့နယ် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးသိန်းဇော်သည် ယနေ့နံနက် ၈ နာရီက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ပါတီရုံးအစည်းအဝေး ခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် နိုင်ငံရေးပါတီများတွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် နိုင်ငံရေးပါတီ ၁ဝ ပါတီမှ ခေါင်းဆောင်များနှင့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် သံလွင်လမ်းရှိ ပါတီဌာနချုပ်ရုံးခွဲရှိခန်းမဆောင်၌ ယနေ့နံနက် ၁ဝနာရီက တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီနှင့်တအာင်း-ပလောင်အမျိုးသားပါတီတို့ တက်ရောက်ခဲ့ကြသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာ လက်ရှိနိုင်ငံအတွင်း ဖြစ်ပေါ်နေသော လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများ ပြည်သူလူထုလူမှုစီးပွားရေးလုံခြုံမှုနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြဋ္ဌာန်းထားသော အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကသာ ကိုင်တွယ် ဆောင်ရွက်သွားသင့်သည့် အခြေအနေများနှင့် စပ်လျဉ်း၍ အကျယ်တဝင့်ဆွေးနွေးခဲ့သည်။

Read more

ဘုတ်ပြင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲဆောင်ရွက်

 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့ နယ် ပြည်ခိုင်ဖြိုးရုံးခန်းမအတွင်း ယမန်နေ့နံနက် ၁ဝ နာရီခွဲ က လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။ ယင်းသို့ ဆွေးနွေးရာတွင်ဥက္ကဋ္ဌဦးအောင်ကျော်ဦးက”ပါတီဝင်တိုင်းသည် မိမိတို့ရပ်တည်ခံယူချက်များကိုမပြောင်းလဲဘဲ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန်နှင့်အထက်မှ လမ်းညွှန်မှာကြားလာသည်များ ကို လိုက်နာဆောင်ရွက်ကြရန်နှင့်မိမိတို့ပါတီမှ အောင်မင်္ဂလာ ရပ်ကွက်ရှိ ရပ်/ကျေးကော်မတီဝင် ဦးကျော်ထိုက်ဦးအား မျက်စိ ဝေဒနာကုသရန်ထောက်ပံ့ငွေကျပ်တစ်သိန်း၊ မြို့နယ်အတွင်းရှိ ရွှေဘုံသာအမကကျောင်းနှင့် ကရသူရိအမကကျောင်းများသို့ ဗလာစာအုပ်များလှူဒါန်းခြင်း၊ ဒီဇင်ဘာအားကစားလတွင် စာသင် ကျောင်းများ၌ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ အားကစားပွဲ များဆောင်ရွက်နိုင်ခဲ့သည်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။ ယင်းသို့ မြို့နယ်အတွင်းရေးမှူးဦးကျော် သူရဝင်းတင်နှင့်မြို့နယ်ကော်မတီဝင်များလည်း တက်ရောက်ခဲ့ ကြောင်း သိရသည်။

Read more

ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရေစင်ပြီးမြောက် ရေပေးဝေနိုင်ရေးအတွက် အလှူငွေများ လှူဒါန်း

 

ကျိုက်ထိုမြို့နယ် မလော့ချောင်းကျေးရွာမှ ကျေးရွာနေပြည်သူများ ရေပေးဝေနိုင်ရေးအတွက် ရေစင်တခုအား ၂၀၁၅ ခုနှစ်ကတည်းက၊ကျိုက်ထိုမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မတည် တည်ဆောက်ပေးခဲ့ရာ ရေပေးဝေနိုင်ရေးအတွက် ကျန်ရှိနေသော ရေပိုက်များတပ်ဆင်ရန် ယနေ့ ဇန်နဝါရီလ (၂၀) ရက်နေ့၊ နံနက် (၀၉း၀၀)ချိန်တွင် မွန်ပြည်နယ် ပြည်နယ်ပါတီကော်မတီဝင်(အမျိုးသမီးရေးရာတာဝန်ခံ) ဒေါ်ခင်မြင့်၊ ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးဌေးလွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များမှ အလှူငွေ (၃၃၅၀၀၀)ကျပ်အား ရေစင်ဖြစ်မြောက်ရေး အဖွဲ့အားပေးအပ် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

Read more