ဖဒိုမြို့ ကရင်နှစ်ကူးတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးပေးပို့သော သဝဏ်လွှာဖတ်ကြား

 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ် ဖဒိုမြို့တွင် ယမန်နေ့ နံနက် ၆ နာရီက (၅၃)ကြိမ်မြောက် ကရင်နှစ်သစ် ကူးပွဲတော်အား ကျင်းပရာ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခဲ့ကြောင်း သိ ရသည်။

Read more

ပုသိမ်ခရိုင်ပြည်ခိုင်ဖြိုးပါတီမှ လစဉ်အစည်းအဝေးပြုလုပ်

 

ပုသိမ်ခရိုင်ပုံမှန်အစည်းအဝေးကို ယမန်နေ့(၂၆.၁.၂၀၁၇)(၁၁:၀၀)အချိန်
တွင်ခရိုင်အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်းအစည်းအဝေးအားပုသိမ်ထရိုင်အတွင်းရေးမှူးဦးကျော်ကျော်နှင့်
ခရိုင်ကော်မတီဝင်များတက်ရောက်ခဲ့ပါသည်။
ထို့နောက်အတွင်းရေးမှူးမှခရိုင်အတွင်းရှိမြို့နယ်များမှပါတီနှစ်စဉ်ကြေး
ပေးသွင်းခြင်းကိစ္စများ/ရေးရာအလိုက်ဆောင်ရွက်မှုအခြေအနေ/
နယ်မြေကွင်းဆင်းစည်းရုံးမှုအခြေအနေ/မြို့နယ်များမှအားနည်းချက်
အားသာချက်များအားဆွေးနွေးခဲ့ပါသည်။

ထို့နောက်ခရိုင်ကော်မတီများမှမိမိတာဝန်ယူထားသောနယ်မြေအလိုက်
ရေးရာအလိုက်ဆွေးနွေးပြောကြားခဲ့ပြီးအစည်းအဝေးအား(၁၂:၀၀)
အချိန်တွင်ပြီးစီးခဲ့ပါသည်။

ပုသိမ်ခရိုင်


Read more

ပါတီဝင်များဖြင့် ကွင်းဆင်းတွေ့ဆုံ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့နယ်၊ နားယောင်းအုပ်စု၊ မိုက်ဟွန်းဆမ်ခါကျေးရွာတွင် နေထိုင်သည့် ဦးစိုးမြင့်သိန်း+ဒေါ်အားဘ၏ နေအိမ်ခေါင်မိုးပေါ်သို့ အမျိုးအမည်မသိ လက်ပစ်ဗုံးတစ်လုံးကျရောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသည်။

Read more

ငါန်းဇွန်ပြည်ခိုင်ဖြိုးပါတီ လစဉ်အစည်းအဝေးပြုလုပ်ကျင်းပ

 

(၂၆.၁.၂၀၁၇)နံနက်ပိုင်းတွင် ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးခန်းမ၌ မြို့နယ်နှင့်ရပ်ကျေးခေါင်ဆောင်များလစဉ်ပုံမှန်အစည်းဝေးကျင်းပပြုလုပ်ရာ ငါန်းဇွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးကိုကိုနှင့်ကော်မတီဝင်များ၊ ရပ်/ကျေးခေါင်းဆောင်များတက်ရောက်ခဲ့ကြပြီး မြို့နယ်ပါတီဥက္ကဌ ဦးကိုကိုမှအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး


Read more

စေတနာ့ ညကျောင်းမှ ကျောင်းသူကျောင်းသားများ၏ စံပြမေးခွန်းပြုစုနိုင်ရန် စစ်တွေမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ထောက်ပံ့ငွေများပေးအပ်

 

ရခိုင်ပြည်နယ် စေတနာ့ ည ကျောင်းဖွင့်လှစ်ထားရှိရာ စစ်တွေ မြို့ အထက(၁) ကျောင်းသို့ သွား ရောက်ကာ ကျောင်းသားများ အတွက် စံပြမေးခွန်းငါးစုံ ပြုစု နိုင်ရန်အတွက် ယခုလ ၂၄ ရက် ည ၇ နာရီက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရခိုင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေ(ဗဟိုအလုပ်အမှုဆောင်)၏ လမ်းညွှန်မှုဖြင့် စစ်တွေမြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်နှင့် မြို့နယ်ကော်မတီဝင်များမှ ထောက် ပံ့ငွေကျပ်နှစ်သိန်းကို သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအစည်းအဝေးကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအစည်းအဝေးကို ယနေ့နံနက် ၁ဝနာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးရုံးခန်းမ၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတိုင်းကော်မတီဝင်ဦးတင်လှိုင် ကအဖွင့်အမှာစကားပြောကြားပြီး ပါတီရေးရာကိစ္စများ၊ ပါတီ၏ ရည်ရွယ်ချက်များ၊ ရှေ့လုပ်ငန်းစဉ် များ၊ပုံဖော်ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားကာ ရန်ကုန် တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (တိုင်း ကော်မတီဝင်)ဒေါ်အေးမင်းမိုးက လည်း ပါတီ၏မူဝါဒများ၊ ရေးရာ အလိုက်အခက်အခဲများ၊ အားနည်း ချက်၊အားသာချက်၊ ပြန်လည်သုံး သပ်ချက်များ၊ ကြိုတင်ပြင်ဆင်မှု များကို ဆွေးနွေးပြောကြားခဲ့သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီနာယက နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် ကို ဂုဏ်ပြုပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီနာယက နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်အား ဂုဏ်ပြုပွဲကို ယနေ့ည ၇ နာရီက နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအစည်းအဝေးခန်းမကြီးတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ဗဟိုဦးဆောင်ကော်မတီနာယကကြီး ဦးသိန်းစိန်နှင့်အဖွဲ့ဝင်များ၊ ပါတီဗဟိုအတိုင်ပင်ခံ အဖွဲ့ဝင်များ၊ ပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် များ၊ ဗဟိုကော်မတီဝင်များ၊ ဗဟိုလုပ်ငန်းကော်မတီဝင်များ၊ဒုတိယသမ္မတ(ငြိမ်း)၊ပြည်ထောင်စုဝန်ကြီး(ငြိမ်း)နှင့်ဒုတိယဝန်ကြီး(ငြိမ်း) များ၊ ဖိတ်ကြားထားသော မိတ်ဖက်ပါတီများမှတာဝန်ရှိသူများတက်ရောက်ကြသည်။
အခမ်းအနားဖွင့်လှစ်ပြီးနောက် ပါတီဦးဆောင်ဗဟိုကော်မတီနာယက နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်စဉ်ကာလအတွင်း နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးစီးပွားအတွက် စွမ်းဆောင်ခဲ့မှုများအတွက်ရရှိခဲ့သည့်နိုင်ငံတကာမှချီးမြှင့်သည့်ဆုတံဆိပ်များနှင့်ပတ်သက်၍ ပါတီအထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်းက ရှင်းလင်းတင်ပြခဲ့သည်။

Read more

သမ္မတ​ဟောင်း ဦးသိန်းစိန်​အား ဂုဏ်​ပြုပွဲ (ဖျော်ဖြေပွဲ အစီအစဉ်)

 

အခမ်းအနား အစီအစဉ်အရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှာ ယခင် အစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို ဦးဆောင်ကော်မတီနာယက နိုင်ငံတော် သမ္မတ(ငြိမ်း) ဦးသိန်းစိန်၏ အစိုးရ သက်တမ်းကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ရရှိခဲ့သည့် ဆုတံဆိပ်များနှင့် စပ်လျင်း၍ ရှင်းလင်းတင်ပြခြင်း။

Read more

ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးအဖွဲ့၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း။

 

(၂၅-၁-၂၀၁၇)ရက်နေ့၊ နံနက်(၀၈း၃၀)အချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့ဖြင့် တွေ့ဆုံခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

Read more