Author: USDP 2016
မလေးရှားဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကို ၄၈ နာရီအတွင်း နိုင်ငံမှ ထွက်ခွာရန်နှင်ထုတ်
မလေးရှားနိုင်ငံသည် မြောက်ကိုရီးယားသံအမတ် ကန်ချွဲလ်ကို ၄၈ နာရီအတွင်း နိုင်ငံမှထွက်ခွာသွားရန် ညွှန်ကြား လိုက်ပြီး ယင်းသည် မလေးရှားနိုင်ငံတကာလေဆိပ် တွင် မြောက် ကိုရီးယားခေါင်းဆောင်၏ ဖအေတူ မအေကွဲ အစ်ကိုတော်စပ်သူ ကင်ဂျုံနမ်အား အဆိပ်ဖြင့် လုပ်ကြံခဲ့ခြင်းအတွက် အရေးယူ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး အနီပါဟာဂျီ အာမန်က မတ် ၅ ရက်က ထုတ်ဖော် ပြောဆိုလိုက်သည်။

Read more
အသီးကိုဖျော်မသောက်ဘဲ စားပေးခြင်းက ကျန်းမာရေးအတွက်ပိုကောင်းမွန်
အသီးအနှံဖျော်ရည်များကိုသောက်သုံးခြင်းသည် ကျန်းမာရေးကိုအထောက်အကူပြုသည်ဟု အများကယုံကြည်နေ ကြသည်မှာ ကျယ်ပြန့်စွာသုတေသနပြုလေ့လာစမ်းသပ်ထားသည့် အဖြေများကြောင့်မဟုတ်ဘဲ လူတစ်ယောက်စ၊ နှစ်ယောက်စ၌ အကျိုးသက်ရောက်သည်ကိုတွေ့ရှိပြီးနောက် အယုံလွယ်သွားကြခြင်းသာဖြစ်ပြီး တစ်ကယ်တမ်း တွင် အသီးအနှံဖျော်ရည် များ၌ပါဝင်သည့် အချိုနှင့်သကြားဓါတ်တို့ကြောင့် သောက်သုံးသူများတွင် ကျန်းမာရေးကို အထောက်အကူပြုသည်ထက် ထိခိုက်စေသည်က ပိုများနိုင်သည်ကို ဂရုပြုရန်လိုအပ်ကြောင်း အမေရိကန် သုတေသီများက ပြောသည်။

Read more
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဟနွိုင်းမြို့သို့ ရောက်ရှိ၊ သံရုံးမိသားစုများအား တွေ့ဆုံ
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး H.E. Mr. Ngo Xuan Lich ၏ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီးသွားရောက်သည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မတ်လ (၅) ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြသည်။

Read more



















