လပွတ္တာစာဖြေကျောင်းသားကျောင်းသူများအား ပြည်ခိုင်ဖြိုးပါတီမှ သောက်ရေသန့်များလှူဒါန်း

 

ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌဦးဝင်းဆွေ၊ ဘဏ္ဍာ ရေးမှူး ဦးစန်းဝင်းတို့ ဦးဆောင် သော ပါတီဝင်များ စုပေါင်းလျက် ယခုလ ၈ ရက်မှ ၁၇ရက်အထိ လပွတ္တာမြို့တွင်းရှိ အမှတ်(၅) အမက၊ အမှတ်(၄)အမက၊ နန္ဒဝန် ဘုန်းကြီးကျောင်း၊ ကံ့ကော်ဘုန်း ကြီးကျောင်း၊ ဓမ္မိကာရုံဘုန်းကြီး ကျောင်း၊ လေးမျက်နှာဘုန်းကြီး ကျောင်း၊ လေးထပ်ဘုန်းကြီး ကျောင်း၊ သရက်တောဘုန်းကြီး ကျောင်းတို့၌ တည်းခိုနေထိုင်လျက် စာဖြေလာကြသော ကျောင်းသား ကျောင်းသူများအတွက် သောက် ရေသန့်ဖြစ်သော ရွှင်လန်းသောက် ရေသန့်ဘူးကြီးများကို နေ့စဉ်လှည့် လည်သွားရောက်လှူဒါန်းခဲ့ကြပြီး လိုအပ်သောကူညီမှုများ ပံ့ပိုးကူညီ ပေးခဲ့ကြောင်း သိရသည်။

Read more

ဘုတ်ပြင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အခြေခံကွန်ပျူတာသင်တန်းဖွင့်

 

တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့ နယ် ပြည်ခိုင်ဖြိုးရုံးခန်းမအတွင်း ယမန်နေ့နံနက် ၁ဝနာရီက ဘုတ် ပြင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နွေရာသီ အခြေခံကွန်ပျူတာသင် တန်းဖွင့်ပွဲ ကျင်းပခဲ့သည်။

ယင်းသင်တန်းကို မြို့နယ်ပြည် ခိုင်ဖြိုးမှကြီးမှူး၍ရုံးအဖွဲ့မှူးဦးထွန်း ညွန့်နှင့်အဖွဲ့ဝင်တစ်ဦးက နေ့စဉ်၁ဝ နာရီမှစတင်ကာ အဆိုင်းငါးဆိုင်းခွဲ ၍ ဒေသခံပဉ္စမတန်းမှအဋ္ဌမတန်း ကျောင်းသားကျောင်းသူ ၃ဝကို အခမဲ့သင်ကြားပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။

Read more

အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဝင်များ နှစ်စဉ်ကြေးပေးအပ်

 

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် အလုံမြို့နယ်ရုံး ခန်းမတွင် ယနေ့ နံနက် ၁ဝနာရီ က အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ် ၁၃မြို့နယ်မှ ပါတီဝင်များ ၏ နှစ်စဉ်ကြေးငွေပေးအပ်ပွဲအခမ်း အနား ကျင်းပသည်။
အခမ်းအနားကို အနောက်ပိုင်း ခရိုင်ကဦးစီးပြုလုပ်ပြီး အနောက် ပိုင်းခရိုင်ဥက္ကဋ္ဌ၊ အရန်ဗဟိုကော် မတီဝင် ဦးနေဝင်း ၊ အနောက်ပိုင်း ခရိုင်အတွင်းရေးမှူး ဦးမြင့်ဆောင်၊ ခရိုင်ဘဏ္ဍာရေးမှူး ဦးမိုးဝင်း ကျော်တို့က မြို့နယ် ၁၃ မြို့နယ်၏ နှစ်စဉ်ကြေးငွေများ လက်ခံရယူ သည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီနာယက ဦးသိန်းစိန်အား မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး လာရောက်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုဦးဆောင်ကော်မတီ နာယက ဦးသိန်းစိန်အား တာဝန် ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံ အမတ်ကြီး HE. Mr Pisanu Suvanajata နှင့်ဇနီးတို့က ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ် ဧည့်ခန်းမဆောင်၌ လာရောက်တွေ့ဆုံသည်။

 

(more…)


Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးနှင့်အဖွဲ့ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ထွက်ခွာ

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး ခေါင်းဆောင်သောအဖွဲ့ဝင် ၂၁ ဦးပါ ပါတီကိုယ်စားလှယ်အဖွဲ့သည် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ မတ်လ (၁၄) ရက် မွန်းလွဲပိုင်းက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

 

(more…)


Read more

အမှားမြင်၍ အမှန်ပြင်မည်

 

၂ဝ၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲက နီးကပ်လာပြီဖြစ်သည်။ မဲဆန္ဒရှင် ပြည်သူတွေ၏ တစ်နှစ်တာနီးပါး ခါးစည်းခံစားခဲ့ရသည့်ဒုက္ခတွေက ရင်နှင့် အမျှ ဖြစ်၍ ပွင့်အန် ထုတ်ဖော်ပြောလာကြသည်ကို မီဒီယာများတွင် နေ့စဉ် မြင်တွေ့နေရသည်။ ဒေသချင်း အနီးကပ်ဆုံးဖြစ်နေသည့် ရန်ကုန်တိုင်းဒေသ ကြီးရှိ လှိုင်သာယာမြို့နယ်မှ မဲဆန္ဒရှင် ပြည်သူအချို့၏ ပြည်သူ့အသံကို မတ်လ ၁၃ရက်က မီဒီယာတစ်ခုတွင် ဖတ်မှတ်ခဲ့ရ၍ ထပ်ဆင့်ကောက်နုတ် ဖော်ပြအပ်ပါသည်။ (more…)


Read more

ထပ်မံရောက်ရှိလာသော စစ်ဘေးရှောင်ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီမှ ထမင်းထုပ်များ၊ မုန့်ထုပ်များ၊ ရေသန့်ဗူးများ ဝေငှလှူဒါန်း

 

လောက်ကိုင်မြို့တွင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေနရာမှ နေရပ်သို့ပြန်လည်ထွက်ခွာလာကြသည့် စစ်ဘေး ရှောင် ပြည်သူ(၂၅၀)ခန့်သည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့ရှိ ကျွဲဆည်ကန် ကားကြီးကွင်း တွင် (၁၃.၃.၂၀၁၇)ရက်နေ့ ညပိုင်းက ထပ်မံ ရောက်ရှိလာရာ ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုးအေးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပြည်ခိုင်ဖြိုးအမာခံအဖွဲ့များမှ သွားရောက် အားပေးစကား ပြောကြားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီမှလှူဒါန်းသော ထမင်းထုပ်များ၊ မုန့်ထုပ်များ၊ ရေသန့်ဗူးများ ဝေငှပေးခဲ့ကြ ကြောင်း သိရသည်။

Read more

ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကျိုင်းတုံမြို့ရှိ ပါတီဝင်များ တွေ့ဆုံ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ ရောက်ရှိသော ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးသန်းဌေးနှင့် အဖွဲ့သည် မတ်လ (၁၃) ရက် ညနေ ၄ နာရီတွင် ကျိုင်းတုံမြို့ ပြည်နယ်ပါတီရုံးအပေါ်ထပ် ခန်းမတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ပါတီဝင်များနှင့် တွေ့ဆုံခဲ့ကြသည်။

Read more

ရှမ်း(အရှေ့) ပြည်ခိုင်ဖြိုးပါတီ လူထုတွေ့ဆုံပွဲကျင်းပခြင်း

 

ယနေ့ (၁၄-၃-၂၀၁၇) နံနက် ( ၀၇ : ၄၅ ) အချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်ခိုင်ဖြိုးပါတီ၏ လူထုတွေ့ဆုံပွဲကို ကျိုင်းတုံမြို့နယ်၊ ပင်းတောက်အုပ်စု၊ ဝမ်ပင်းရွာတွင် ကျင်းပပြုလုပ်ရာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်၊ ဗဟိုအတိုင်ပင်ခံ ဦးစ၀်အောင်မြတ်၊ ဗဟို ကော်မတီဝင် ဒေါက်တာ နန္ဒာလှမြင့် တို့တက်ရောက်ခဲ့ကြပါသည်။

Read more

ဖျာပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆွမ်းဆန်စိမ်းလောင်းလှူ

 

ဖျာပုံခရိုင် ဖျာပုံမြို့နယ် ပြည် ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၏ဦးဆောင်မှုဖြင့် နှစ်စဉ်ကျင်းပ မြဲဖြစ်သော ဖျာပုံမြို့လုံးဆိုင်ရာ (၂၂)ကြိမ်မြောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယမန်နေ့ ညနေ ၄ နာရီတွင် ဖျာပုံခရိုင် ရတနာ့သိဒ္ဒိ သာသနာ့ဗိမာန်တော်ကြီးမှ ပထမ လမ်း တစ်လျှောက်လောင်းလှူ ပွဲကျင်းပခဲ့သည်။

Read more