လွှတ်တော်တွင်းနိုင်ငံရေးနှင့် လွှတ်တော်ပြင်ပ နိုင်ငံရေး အချိုးညီစွာပေါင်းစပ်ပြီး အမ်းမြို့နယ် ဘက်စုံဖွံ့ဖြိုးရေး အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးစား သွားမယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသောင်းငြိမ်း
လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်လာရင်တော့ လွှတ်တော်ဆိုင်ရာ လုပ်ငန်းတွေ လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။ ဒီအထဲမှာ အစိုးရကို လွှတ်တော်က အပြန်အလှန်ထိန်းကျောင်းဆိုတာလည်းရှိပါတယ်။ အတတ်နိုင် ဆုံးဆောင်ရွက်သွားမှာပါ။
လက်ရှိလွှတ်တော်ကတော့ အစိုးရလုပ်ချင်တာတွေ ကို တစ်ဖက်သတ် အတည်ပြုနေတာတွေ တွေ့ရပါတယ်။ ဒါမကောင်းပါဘူး။ ဒီလိုဆက်သွား ရင်တော့ အာဏာရှင်စနစ်နဲ့ မထူးဘူးလို့မြင်ပါတယ်။












