ကြားဖြတ်ရွေးကောက်ပွဲ (၃) ရက်သာ လို

 

(28-3-2017) ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ
အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်ကော်မတီဝင်များ တိုင်းဒေသကြီး ခရိုင်ဥက္ကဋ္ဌ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ မြို့နယ်ဥက္ကဋ္ဌ အတွင်းရေးမှူး
နှင့် ကော်မတီဝင်များတို့သည် မုံရွာပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ပြည်သူ လွှတ်တော် ကိုယ်စားလှယ်လောင်း DR ဝင်းမြင့်အောင် ကြားဖြတ်အောင်နိုင် ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Read more

ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးအတွက် တစ်အိမ်တက်ဆင်း ပန်းဖလက်များ ဖြန့်ဝေ

 

၂၀၁၇ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလောင်း ဦးအောင်ကြည်သိန်း အောင်မြင်ရေးအတွက် ယနေ့ မတ်လ
(၂၈) ရက်နေ့တွင် ချောင်းဆုံမြို့နယ် ကညော်ကျေးရွာနှင့် ဘိုးနက်၊ သက္ကော ကျေးရွာများရှိ မဲဆန္ဒရှင်ပြည်သူများဆီသို့ တစ်အိမ်ဝင်တစ်အိမ်ထွက် ပန်းဖလက်များ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

Read more

#အထွေထွေကိစ္စရပ်များ လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ(ဟိုပင်)

 

ယနေ့မတ်လ ၂၇ နေ့မနက်၉နာရီတွင် မိုးညှင်းမြို့နယ် ဟိုပင်ပြည်ခိုင်ဖြိုး ပါတီရုံး၌ ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ဟိုပင်ပြည်ခိုင်ဖြိုး ရုံးတွင် ခရိုင်ကော်မတီဝင် ဦးဖုန်းမြင့်၊ ဟိုပင်တာဝန်ခံ ဦးမြဝင်း ၊ မြို့နယ်ကော် မတီဝင် ဒေါ်သန္ဒာဝင်းမောင်နှင့် အရန်ဒေါ်ဝါဝါဆွေ၊ ဒေသကော်မတီ ဦးစောအေးလွင်၊ ဦးမင်းအောင်၊ ဦးဇော်မောင်မောင်လတ်နှင့် ရပ်ကျေး စည်းမှူးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

မိုးညှင်းပြည်ခိုင်ဖြိုးပါတီ

Read more

ပါတီဝင်အင်အား စိစစ်ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်

 

(27-3-2017) ရက်နေ့တွင် ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှု ဆောင် နယ်မြေတာဝန်ခံ ဦးတင်ထွန်းက ဦးဆောင်လျက် ညောင်ပင်သာ ကျေးရွာအုပ်စု ၊ အင်ဒိုင်းကျေးရွာအုပ်စုနှင့် ဒိုးတန်းကျေးရွာ အုပ်စုများသို့ သွားရောက်ပြီး ရပ်ကျေးပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံကာ ပါတီဝင် အင်အား စာရင်းအမှန် ရရှိရေးအတွက် ဗဟိုပါတီကတ် ကိုင်ဆောင် ထားသော ပါတီဝင်များ မိမိရပ်ရွာတွင် (ပြောင်းရွှေ့ ၊ သေဆုံး ၊ နှုတ်ထွက် နှင့်အခြား) စတဲ့ ပါတီဝင်အင်အား စိစစ်ခြင်း လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်လျက် ရှိပါသည်။

Read more

တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီပထမပြန်စာမေးပွဲစာဖြေသံဃာများအတွက် နဝကမ္မငွေကျပ် ၁ဝ သိန်းလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီးတာမွေ မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်းဆွေနှင့် မြို့နယ်ပါတီ ကော်မတီဝင်များစုပေါင်း၍ ယမန် နေ့မွန်းလွဲ ၂ နာရီက နိုင်ငံတော် အစိုးရမှကျင်းပမည့် ပါဠိပထမ ပြန်စာမေးပွဲတွင် ဝင်ရောက်ဖြေဆို တော်မူကြမည့် တာမွေမြို့နယ်မှ စာဖြေသံဃာတော်အပါး ၇၅ဝ ကျော်တို့အား ဆွမ်းကွမ်းဝေယျာဝစ္စ ကပ်လှူနိုင်ရန်အတွက် နဝကမ္မ အလှူငွေကျပ် ၁ဝ သိန်းကို မြို့နယ် သံဃနာယကအကျိုးတော်ဆောင် ဆရာတော် ဦးကောဝိနန္ဒထံ သွား ရောက် ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးနှင့်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ

 

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်း ရေးမှူး ဒေါက်တာကျော်ကျော်ဌေး
ခေါင်းဆောင်သော အဖွဲ့ဝင် ၂၁ ဦးပါ ပါတီကိုယ်စားလှယ်အဖွဲ့ သည် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ယခုလ၁၄ရက် မွန်းလွဲပိုင်းက တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး ယနေ့ညနေပိုင်း တွင် China Eastern Airline ဖြင့် နေပြည်တော်လေဆိပ်သို့ ပြန်လည် ရောက်ရှိခဲ့သည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့ အား ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်း ရေးမှူး ဦးတင်အောင်ချစ်၊ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် များဖြစ်ကြသည့် ဦးသူရိန်ဇော်၊ ဦးအောင်တင်မြင့်နှင့် တာဝန်ရှိသူ တို့က နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် သွားရောက် ကြိုဆိုခဲ့ကြောင်း သိရသည်။

Read more

ရွှေဆံတော်စေတီ အရှေ့ဘက်မုခ်ဦး ရေစက်ချပွဲ တွံတေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်အဖွဲ့တက်ရောက်

 

Read more

ပျော်ဘွယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဝင်နှစ်စဉ်ကြေး စုပေါင်းပေးအပ်ပွဲနှင့် ပရဟိတကလေးငယ်များအား ဝတ်စုံလှူဒါန်းပေးအပ်

 

Read more

ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးလိှုင်သာယာမြို့နယ်တွင်ကွင်းဆင်းစည်းရုံး

 

လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲအောင်နိုင်ရေးအတွက် အမှတ်(၁၁)ရပ်ကွက်အတွင်း မတ် (၂၇) ရက် နံနက်ပိုင်းမှ စတင်ကာ ကွင်းဆင်းစည်းရုံးခဲ့သည်။

အဆိုပါမဲဆွယ်စည်းရုံးခြင်းကို ရန်ကုန်မြောက်ပိုင်းခရိုင် ပါတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးတင်ယု၊ လှိုင်သာယာမြို့နယ် ပါတီခေတ္တဥက္ကဋ္ဌ ဦးဇေယျာအောင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ အမှတ်(၁၁) ရပ်ကွက်ပါတီဝင်များက မဲဆန္ဒရှင် ပြည်သူများထံ တစ်အိမ်တက်ဆင်း သွားရောက်ပြီး မိတ်ဆက်ဂါရဝ ပြုခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့်ဆန္ဒမဲပေးရန် နမူနာ ပုံစံတို့ကို လိုက်လံရှင်းလင်းပြသ ခဲ့သည်။

Read more