ရုရှားဂရင်းပရီ ပြေးလမ်းပြိုင်ပွဲတွင် ဘော့တတ်စ် အောင်ပွဲခံ

မာစီးဒီးစ်အသင်း ကိုယ်စားပြု ဖင်လန်ပြိုင်ကားမောင်းသမား ဘော့တတ်စ်သည် ရုရှားနိုင်ငံ ဆိုချီမြို့တွင် ကျင်းပပြီးစီးသွားခဲ့သည် ရုရှားဂရင်းပရီဖော်မြူလာဝမ်းပြိုင်ပွဲတွင် အနိုင်ရ ဗိုလ်စွဲသွားခဲ့ပြီး ယခုအနိုင်ရရှိမှုမှာ ဘော့တတ်စ်အတွက် ၎င်း၏ ကစားသမားဘဝ ဖြတ်သန်းမှုအတွင်း ဂရင်းပရီပြေးလမ်းပြိုင်ပွဲ တစ်ခုတွင် ပထမဆုံးအကြိမ် အောင်ပွဲခံနိုင်ခြင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

(more…)


Read more

မန်ယူအသင်းမှ ၀န်ထမ်းများကို ကျေးဇူးတင်သောကြောင့် ညစာဖိတ်ကျွေးရန် မိုဗစ်စီစဉ်

မန်ယူအသင်းတွင် ကစားခဲ့သည့်ကာလအတွင်း အကောင်းဆုံး ပံ့ပိုးကူညီပေးခဲ့ကြသည့် ၀န်ထမ်းများကို ကျေးဇူးတင်သောကြောင့် တိုက်စစ်မှူးအီဗရာဟီမိုဗစ်က ညစာဖိတ်ကျွေးရန် စီစဉ်လျက်ရှိသည်။

(more…)


Read more

ကလစ်ရှ်ကိုကို ဗြိတိန်နိုင်ငံသားဂျိုရွှာ အလဲထိုးပြီး WBA ဟဲဗီးဝိတ် ချန်ပီယံဖြစ်

အင်္ဂလန်နိုင်ငံ ၀င်ဘလေ အားကစားကွင်းရှိ လက်ဝှေ့ရုံ၌ ကျင်းပခဲ့သော WBA ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံ ခါးပတ်လုပွဲတွင် ယူကရိန်းနိုင်ငံသား လက်ဝှေ့ကျော် ကလစ်ရှ်ကိုသည် ဗြိတိန်နိုင်ငံသား အန်သိုနီ ဂျိုရွှာကို ရှုံးနိမ့်ခဲ့သည်။

(more…)


Read more

ရာသီမကုန်မီ ဘိုင်ယန်မြူးနစ် ဘွန်ဒက်စ်လီဂါ ချန်ပီယံဖြစ်

ဝုဖ်ဘတ်ကို ခြောက်ဂိုးပြတ်အနိုင်ယူပြီး ဘိုင်ယန်မြူးနစ်သည် ပြိုင်ပွဲပြီးဆုံးရန် သုံးပွဲအလိုတွင် အမှတ်ပေး ချန်ပီယံဆုဖလားကို ၂၇ ကြိမ်မြောက် သိမ်းပိုက်နိုင်ခဲ့ပြီး ဘွန်ဒက်စ်လီဂါသမိုင်း၌ ငါးကြိမ်ဆက် ပထမဆုံး ဗိုလ်စွဲနိုင်သည့် အသင်းအဖြစ် မှတ်တမ်း ရေးထိုးနိုင်ခဲ့သည်။

 

(more…)


Read more

ပါတီလစ်လပ်နေရာများ ဖြည့်ဆည်းရေး၊ ပါတီဝင်အင်အားစိစစ်ရေးနှင့် ပါတီရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်ရေး ဆွေးနွေးမှာကြား

 


(၁.၅.၂၀၁၇) ရက်​​နေ့ နံနက် (၀၉း၀၀) အချိန်​တွင်​ ပြင်ဦးလွင်မြို့နယ် အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးဝင်းမောင်နှင့်​ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များသည်​ ပြင်​ဦးလွင်​ခရိုင်ပါတီဥက္ကဌနှင့်​ ​ကော်​မတီဝင်​များ၊ ပြင်​ဦးလွင်​မြို့နယ် ​ပါတီအတွင်းရေး မှူးနှင့်​ မြို့နယ်ကော်မတီဝင်များအားတွေ့ဆုံပြီး ပါတီလစ်လပ်နေရာများ ဖြည့်ဆည်း​ရေး၊ ပါတီဝင်အင်​အားစိစစ်ရေးနှင့် ပါတီရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်​ရေးတို့ကို ​ဆွေး​နွေးမှာကြားခဲ့ကြပါသည်​။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး

Read more

အင်းတော်ကြီးဒေသ ပါတီတိုင်းရင်းသားရေးရာဆွေးနွေး

 

ယနေ့ ဧပြီ (28) ရက်နေ့ ၁း၃၀ နာရီတွင် မိုးညှင်းမြို့နယ် အင်းတော်ကြီး ဒေသ လုံးတုံကျေးရွာတွင် ရှမ်းတိုင်းရင်းသားများနှင့်တွေ့ဆုံရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးကျော်စိုးလေးမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ပြည်နယ်ကော်မတီဝင် ဦးစိုးဝင်းမှ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာများကို လည်းကောင်း၊ ခရိုင်အတွင်းရေးမှူး ဦးစိန်ဝင်းက ပါတီတိုင်းရင်းသားရေးရာအခြေခံမှု ကိစ္စရပ်များကို လည်ကောင်း၊ မြို့နယ်အတွင်းရေးမှူး ဦးဌေးဝင်းက တိုင်းရင်းသားလူငယ်ကိစ္စရပ်များကိုလည်းကောင်း၊ ကော်မတီဝင် ဦးမောင်မောင် (တိုင်းရင်းသားရေးရာတာဝန်ခံ) က တိုင်းရင်းသားလူမျိုး ဖွံ့ဖြိုးရေးနှင့်စည်းရုံးရေးရာ ကိစ္စရပ်များဆွေနွေးခြင်းပြုလုပ်ခဲ့သည်။

Read more

ရခိုင် ALD ပါတီထူထောင်ခွင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ခွင့်ပြု

ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သို့ ပါတီထူထောင်ခွင့်လျှောက်ထားသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အနေဖြင့် ပါတီထူထောင်ခွင့်ရရှိ ပြီဖြစ်ကြောင်း ALD ခေါင်းဆောင် ဦးမျိုးကျော်က ပြောသည်။ (more…)


Read more

အနိမ့်ဆုံး လုပ်ခလစာ ကျပ် (၅၆၀၀) တိုးမြင့် သတ်မှတ်မှုနှင့်အတူ ကုန်ဈေးနှုန်း ထိန်းချုပ်မှု အတွက်ပါ ကြိုတင် ပြင်ဆင်ထားသင့်

အနိမ့်ဆုံးလုပ်ခလစာကျပ် (၅၆၀၀) တိုးမြင့်သတ်မှတ်ပေးဖို့နဲ့ အတူကုန်ဈေးနှုန်း မတက်စေရေး အတွက်ပါ ကြိုတင်ပြင်ဆင်ထားမှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက မေလ(၁)ရက် အလုပ်သမားနေ့မှာ ပြောကြားလိုက်ပါတယ်။ (more…)


Read more

လှိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီရုံးခန်းမ၌ ယခုလ ၂၇ ရက်မွန်းလွဲ ၁ နာရီခွဲတွင် ရပ်ကွက်ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံစည်းဝေး ခဲ့သည်။
အစည်းအဝေးတွင် လှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌဦးမင်းလွင်က ပါတီဝင်ဦးရေမှန်ကန်တိကျ သောစာရင်းရရှိရန်နှင့် ပါတီဝင်အင်အားတိုးရရှိအောင် စိစစ်ခြင်း လုပ်ငန်းများဆောင်ရွက်ရန်၊ ပါတီဝင်နှစ်စဉ်ကြေးများကောက်ခံ ပေးကြရန်ပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာသူ ရပ်ကွက်ပါတီခေါင်းဆောင်များက မရှင်းလင်းသော အချက်များ၊ လုပ်ငန်းအခက်ခဲများကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့သည်။
ထိုအစည်းဝေးသို့ မြို့နယ်ကော်မတီများ၊ ရပ်ကွက်ပါတီ ခေါင်း ဆောင်များ စုပေါင်းအင်အား ၅ဝ တက်ရောက်ပြီး မွန်းလွဲ ၃ နာရီတွင် ပြီးဆုံးကြောင်း သိရသည်။

Read more