ဂျပန်က ရထားဘူတာရုံများနှင့် အဆောက်အအုံအချို့၌ခုန်ချသေကြောင်းကြံစည်မှုများကို AI နည်းပညာဖြင့် ကြိုတင်တားဆီး

=======================
ဂျပန်နိုင်ငံက ရထားဘူတာရုံများနှင့် အဆောက်အအုံအချို့၌ ခုန်ချသေကြောင်း ကြံစည်မှုများကို ကြိုတင်ဖော်ထုတ်တားဆီးနိုင်ရန် ဉာဏ်ရည်တု (AI) နည်းပညာကိုအသုံးပြုနေပြီး ထိုစနစ်ကြောင့် လူနှစ်ဦး၏ အသက်ကို ကယ်တင်နိုင်ခဲ့ကြောင်း ယင်းစနစ်ကိုဖန်တီးသည့် ကုမ္ပဏီကပြောသည်။
တိုကျိုမြို့အခြေစိုက် Asilla ကုမ္ပဏီက ဖန်တီးထားသည့် အဆိုပါ AI စနစ်သည် လုံခြုံရေးကင်မရာများမှရရှိသော ရုပ်သံမှတ်တမ်းများကိုခွဲခြမ်းစိတ်ဖြာကာ ရထားဘူတာပလက်ဖောင်းအစွန်း သို့မဟုတ် အဆောက်အအုံခေါင်မိုးအနီးတွင် အချိန်ကြာမြင့်စွာရပ်နေခြင်း၊ လှည့်လည်သွားလာနေခြင်း စသည့်အပြုအမူများကို စောင့်ကြည့်ပြီး ခုန်ချသေကြောင်း ကြံစည်နိုင်ခြေကို အကဲဖြတ်ပေးခြင်းဖြစ်သည်။ အန္တရာယ်ရှိနိုင်သည့် လက္ခဏာများတွေ့ရှိပါက လုံခြုံရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများထံသို့ ချက်ချင်းသတိပေးပေးကာ အချို့နေရာများတွင် အသံချဲ့စက်များဖြင့် သတိပေးခြင်းများလည်းပြုလုပ်သည်။
Asilla ကုမ္ပဏီသည် ၂၀၂၂ ခုနှစ်မှစ၍ စီးပွားရေးအဆောက်အအုံများနှင့် အဖွဲ့အစည်းပေါင်း ၂၀၀ ခန့်နှင့် ပူးပေါင်းကာ လုံခြုံရေးကင်မရာမှတ်တမ်း သန်း ၇၀ ခန့်အသုံးပြု၍ AI စနစ်ကို လေ့ကျင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Ref: BP