နယူးေဒလီၿမိဳ႕ရွိ ဟိုတယ္မီးေလာင္မႈတြင္ လူ ၂၁ ဦးေသဆုံး

နယူးေဒလီၿမိဳ႕ရွိ ဟိုတယ္မီးေလာင္မႈတြင္ လူ ၂၁ ဦးေသဆုံး
========================
အိႏၵိယႏိုင္ငံ နယူးေဒလီၿမိဳ႕ရွိ ဟိုတယ္တစ္ခု၌ ျပင္းထန္ေသာ မီးေလာင္မႈတစ္ခုျဖစ္ပြားရာ အနည္းဆုံးႏိုင္ငံျခားသား ၁၈ ဦးအပါအဝင္ စုစုေပါင္း လူ ၂၁ ဦး ေသဆုံးသြားေၾကာင္း ေဒသတြင္းသတင္းအရင္းအျမစ္မ်ားကို ကိုးကား၍ Xinhua သတင္းဌာနက ေဖာ္ျပထားသည္။

ေသဆုံးသြားသည့္ ႏိုင္ငံျခားသားမ်ားသည္ ဘဂၤလားေဒ့ရွ္၊ ႏိုင္ဂ်ီးရီးယား၊ မိုဇမ္ဘစ္ႏွင့္ လိုက္ေဘးရီးယားႏိုင္ငံတို႔မွျဖစ္ေၾကာင္း တာဝန္ရွိသူမ်ားက ထုတ္ျပန္ထားသည္။ အဆိုပါမီးေလာင္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူ ၄၀ ေက်ာ္ကိုလည္း အနီးရွိ ေဆး႐ုံမ်ားသို႔ အေရးေပၚ ပို႔ေဆာင္၍ ေဆးကုသမႈေပးထားရၿပီး မီးေလာင္မႈျဖစ္ပြားရသည့္ အေၾကာင္းရင္းအမွန္ကိုမူ တာဝန္ရွိသူမ်ားက ဆက္လက္ စုံစမ္းစစ္ေဆးေနဆဲျဖစ္သည္။

သတင္းအရင္းအျမစ္မ်ား၏ အဆိုအရ ထိုဟိုတယ္ကနယူးေဒလီၿမိဳ႕၏ ထိပ္တန္းေဆး႐ုံႀကီးတစ္ခုႏွင့္ နီးကပ္စြာတည္ရွိေနသျဖင့္ ဟိုတယ္၌ တည္းခိုေနသူအမ်ားစုမွာ ေဆးကုသမႈခံယူရန္ လာေရာက္သူမ်ားႏွင့္ လူနာေစာင့္မ်ားျဖစ္သည္။ ထို႔ျပင္ ဟိုတယ္သည္ လုပ္ငန္းလိုင္စင္အရ အခန္းေျခာက္ခန္းသာ ဖြင့္လွစ္ခြင့္ရွိေသာ္လည္း မီးေလာင္မႈျဖစ္ခ်ိန္တြင္ အခန္း ၂၅ ခန္းအထိ တရားမဝင္ ဖြင့္လွစ္ထားေၾကာင္း သိရသည္။

Ref: Xinhua


နယူးဒေလီမြို့ရှိ ဟိုတယ်မီးလောင်မှုတွင် လူ ၂၁ ဦးသေဆုံး
========================
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ဟိုတယ်တစ်ခု၌ ပြင်းထန်သော မီးလောင်မှုတစ်ခုဖြစ်ပွားရာ အနည်းဆုံးနိုင်ငံခြားသား ၁၈ ဦးအပါအဝင် စုစုပေါင်း လူ ၂၁ ဦး သေဆုံးသွားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များကို ကိုးကား၍ Xinhua သတင်းဌာနက ဖော်ပြထားသည်။

သေဆုံးသွားသည့် နိုင်ငံခြားသားများသည် ဘင်္ဂလားဒေ့ရှ်၊ နိုင်ဂျီးရီးယား၊ မိုဇမ်ဘစ်နှင့် လိုက်ဘေးရီးယားနိုင်ငံတို့မှဖြစ်ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။ အဆိုပါမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၄၀ ကျော်ကိုလည်း အနီးရှိ ဆေးရုံများသို့ အရေးပေါ် ပို့ဆောင်၍ ဆေးကုသမှုပေးထားရပြီး မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းအမှန်ကိုမူ တာဝန်ရှိသူများက ဆက်လက် စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။

သတင်းအရင်းအမြစ်များ၏ အဆိုအရ ထိုဟိုတယ်ကနယူးဒေလီမြို့၏ ထိပ်တန်းဆေးရုံကြီးတစ်ခုနှင့် နီးကပ်စွာတည်ရှိနေသဖြင့် ဟိုတယ်၌ တည်းခိုနေသူအများစုမှာ ဆေးကုသမှုခံယူရန် လာရောက်သူများနှင့် လူနာစောင့်များဖြစ်သည်။ ထို့ပြင် ဟိုတယ်သည် လုပ်ငန်းလိုင်စင်အရ အခန်းခြောက်ခန်းသာ ဖွင့်လှစ်ခွင့်ရှိသော်လည်း မီးလောင်မှုဖြစ်ချိန်တွင် အခန်း ၂၅ ခန်းအထိ တရားမဝင် ဖွင့်လှစ်ထားကြောင်း သိရသည်။

Ref: Xinhua