အထူးကုေဆး႐ုံႀကီး (မဂၤလာဒုံ) ၌ သြားႏွင့္ခံတြင္းေရာဂါအထူးကုဌာန စတင္ဖြင့္လွစ္

အထူးကုေဆး႐ုံႀကီး (မဂၤလာဒုံ) ၌ သြားႏွင့္ခံတြင္းေရာဂါအထူးကုဌာန စတင္ဖြင့္လွစ္
=======================
ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳနယ္ရွိ အထူးကုေဆး႐ုံႀကီး (မဂၤလာဒုံ) ၌ သြားႏွင့္ခံတြင္းေရာဂါအထူးကုဌာနကို ဇြန္ ၃ ရက္မွစတင္ကာဖြင့္လွစ္၍ ကုသမႈမ်ားျပဳလုပ္ေပးလ်က္ရွိေၾကာင္း သိရသည္။

စတင္ဖြင့္လွစ္ေန႔၌ လာေရာက္ကုသမႈခံယူသည့္ သံ ဃာေတာ္မ်ားအား က်န္းမာေရးဝန္ႀကီးဌာန ျပည္ ေထာင္စုဝန္ႀကီးေဒါက္တာသက္ခိုင္ဝင္း၊ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးေအာင္ႏိုင္သူႏွင့္ တာဝန္ရွိသူမ်ားက အံကပ္မ်ားတပ္ဆင္လႉဒါန္းေပးခဲ့ၾကေၾကာင္း သိရသည္။

ထို႔ျပင္ ျပည္ေထာင္စုဝန္ႀကီးႏွင့္ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္၊ တာဝန္ရွိသူမ်ားက အထူးကုေဆး႐ုံႀကီး (မဂၤလာဒုံ) ရွိ သြားႏွင့္ ခံတြင္းေရာဂါ အထူးကုဌာနအား ၾကည့္ရႈခဲ့ၾကေၾကာင္း သိရသည္။ #Popular


အထူးကုဆေးရုံကြီး (မင်္ဂလာဒုံ) ၌ သွားနှင့်ခံတွင်းရောဂါအထူးကုဌာန စတင်ဖွင့်လှစ်
=======================
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြိုနယ်ရှိ အထူးကုဆေးရုံကြီး (မင်္ဂလာဒုံ) ၌ သွားနှင့်ခံတွင်းရောဂါအထူးကုဌာနကို ဇွန် ၃ ရက်မှစတင်ကာဖွင့်လှစ်၍ ကုသမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

စတင်ဖွင့်လှစ်နေ့၌ လာရောက်ကုသမှုခံယူသည့် သံ ဃာတော်များအား ကျန်းမာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက အံကပ်များတပ်ဆင်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ တာဝန်ရှိသူများက အထူးကုဆေးရုံကြီး (မင်္ဂလာဒုံ) ရှိ သွားနှင့် ခံတွင်းရောဂါ အထူးကုဌာနအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ #Popular