သင်္ဃန်းကျွန်းပြည်ခိုင်ဖြိုးငယ်စာရင်းစစ်တမ်းကောက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမြို့နယ်ဥက္ကဋ္ဌဦးအောင်မြတ်ဇော်၊ မြို့နယ်ကော်မတီဝင် ဦးကိုကိုနိုင်(နယ်မြေတာဝန်ခံ)တို့သည် ယမန်နေ့ မွန်းလွဲ ၃နာရီတွင်(သု/၂၉)ရပ်ကွက်သို့ ပါတီဝင် ငယ်စာရင်းစစ်တမ်းကောက်ခြင်း၊ မျိုးဆက်သစ်လူငယ်စုဆောင်း ရရှိရန်နှင့်နှစ်စဉ်ကြေးများကောက်ခံရရှိ ရေးအတွက် ရပ်ကွက်ပါတီကော်မတီဝင်များနှင့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Union daily


Read more

သာကေတပြည်ခိုင်ဖြိုးပါတီနှစ်စဉ်ကြေးကောက်ခံ ပါတီဝင်သစ်များစည်းရုံး

 

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ကော်မတီဝင် ဦးသောင်းမြတ်၊ ဒေါ်နိုင်နိုင်ဝင်း၊ ဦးဝင်းခိုင်ရွှေ၊ ဦးထွန်းဦးတို့သည် ရပ်ကွက်အမှုဆောင်များနှင့်အတူ (၁ဝ)တောင်ရပ်ကွက်သို့ သွားရောက်၍ ပါတီနှစ်စဉ်ကြေးကောက်ခံခြင်းနှင့် ပါတီဝင်အင်အားစိစစ်ခြင်း ပါတီဝင်အသစ် စည်းရုံးခြင်းလုပ်ငန်းများကို ဧပြီ ၂၉ရက် နံနက်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

TKA(သာကေတ)


Read more

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဝင်အင်အား စိစစ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် ယမန်နေ့ နံနက် ၉ နာရီခွဲမှစတင်ကာ ကံကုန်း၊ ရှမ်းစု၊ ပျဉ်းမကုန်း၊ ကြီးပင်လဟာ၊ အိုင်ကြီး၊ ရင်းတိုက်လေးပင်၊ ဂေါ့၊ ဘိန္ဓော၊ ဥက္ကံရွာမ ကျေးရွာအုပ်စုများသို့သွားရောက်ကာ ပါတီဝင်အင်အားစိစစ်ခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက် ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပါတီဝင်အင်အားစိစစ်ခြင်းနှင့်အတူ ပါတီဝင်နှစ်စဉ်ကြေးကောက် ခံခြင်း၊ ပါတီဝင်အင်အားစုဆောင်းခြင်းလုပ်ငန်းများကိုပါ တစ်ပါတည်းဆောင်ရွက်ကြပါသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင် မြင့် ဦးဆောင်ပါဝင်၍ မြို့နယ်ပါတီ ကော်မတီဝင် ဦးကျော်မင်း၊ ဦးကြည်ဝင်း(ဘဏ္ဍာရေးမှူး)၊ ဦးသိန်းဌေး၊ နယ်မြေဒေသတာဝန်ခံဦးခင်အောင်လွင်၊ ဦးသန်းနိုင်ဦးနှင့် ကော်မတီဝင်များ၊ ကျေးရွာ အုပ်စု ပါတီခေါင်းဆောင်များ၊ ပါတီဝင်များတို့က အတူဝန်းရံလိုက်ပါ ဆောင်ရွက်ကြကြောင်း သိရသည်။

Read more

ပဋ္ဌာန်းသိမ်း ဆွမ်းဆန်တော်လောင်းလှူပြီး သရေခေတ္တရာ ပျူမြို့ဟောင်းသို့ လေ့လာရေး ခရီးပို့ဆောင်

 

ပဲခူးတိုင်းဒေသကြီး(အနောက်) တိုင်းပြည်ခိုင်ဖြိုးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့်အဖွဲ့ သည် ဧပြီ ၃ဝ ရက် နံနက် ၈ နာရီခွဲက ပြည်မြို့နယ် လက်ပံတောအုပ်စု ပဋ္ဌာန်းသိမ်းအောင်ပွဲ အထိမ်း အမှတ် ဆွမ်းဆန်တော်လောင်းလှူ ပွဲတွင် ရပ်/ကျေး ကော်မတီဝင် များနှင့်အတူ တက်ရောက်လောင်း လှူခဲ့ပြီး နံနက် ၉ နာရီခွဲတွင် ပေါက်ခေါင်းမြို့နယ်ပါတီမှကြီးမှူး ဖွင့်လှစ် သော စက်ချုပ်သင်တန်း အမှတ်စဉ်(၂)မှ သင်တန်းသူများ အား ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာပျူမြို့ဟောင်း ရှေး ဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရှိ ရှေးဟောင်း သုတေသန ပြတိုက် နှင့်စေတီပုထိုးများ၊ သိမ်ကျောင်း၊ ကန်များအားလေ့လာရေးခရီးလိုက် ပါပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

Read more

နေရပ်သို့ပြန်မည့် စစ်ဘေးရှောင်ပြည်သူများအား မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီထောက်ပံ့ငွေ ပေးအပ်လှူဒါန်း

 

Read more

လှိုင်သာယာမြို့နယ်ပြည်ခိုင်ဖြိုးပါတီလပတ်ပုံမှန်အစည်းအဝေးကျင်းပ

 

လှိုင်သာယာမြို့နယ်ပါတီကော် မတီအဖွဲ့နှင့် ရပ်ကွက်ကျေးရွာပါ တီကော်မတီဝင်များ လပတ်ပုံမှန် အစည်းအဝေးကို ဧပြီ (၃၀) ရက့် မွန်းလွဲ ၁နာရီမှစ၍ မြို့နယ်ပါတီရုံးခန်းမ တွင် ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ရန်ကုန်မြောက်ပိုင်းခရိုင်ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင်မြို့နယ်တာဝန်ခံ ဦးမင်းမင်းက တက်ရောက်အမှာ စကားပြောကြားပြီး လှိုင်သာယာ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ(ယာယီ) ဥက္ကဋ္ဌဦးဇေယျာအောင်နှင့် ကော် မတီဝင်များမှ ပါတီ၏ ရှေ့ဆောင် ရွက်ရမည့်လုပ်ငန်းများကိုဆွေးနွေး ကြပြီးတက်ရောက်လာသည့် ရပ် ကွက်ကျေး ရွာများမှ ပါတီဝင်များ မှ ပြန်လည်တင်ပြဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

Read more

လျှပ်စစ်မီးလင်းရေးဆောင်ရွက်

 

မိတ္ထီလာမြို့ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်ဦးစိုး သန်း၊ မိတ္ထီလာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဒုလက်ထောက် ဦးစီးမှူး လျှပ်စစ်အင်ဂျင်နီယာဌာန တာဝန်ရှိသူတို့သည်ဧပြီ၂၉ရက်တွင် လျှပ်စစ်မီးလင်းရေးအတွက် ကွင်း ဆင်းကာလူထုနှင့်တွေ့ဆုံခဲ့ကြသည်။

အဆိုပါလျှပ်စစ်မီးလင်းရေး အတွက်လူထုနှင့် တွေ့ဆုံခဲ့သည့် ကျေးရွာများမှာ မွေအုပ်စုထန်း တောကျေးရွာနှင့်မွေအုပ်စု ဥယျာဉ် ကျေးရွာများသို့ သွားရောက်ခဲ့ ကြောင်း သိရသည်။

စိုးလှိုင်(ထီလာ)

Read more

စမ်းချောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နွေရာသီ အခြေခံအင်္ဂလိပ်စကားပြော ပညာဒါနအခမဲ့သင်တန်းဖွင့်လှစ်

 

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဌေးအောင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ အနီးကပ်ကြီးကြပ်မှုဖြင့် နွေရာသီအင်္ဂလိပ်စကားပြောပညာဒါနအခမဲ့ သင်တန်းကို မြို့နယ်ပါတီရုံးတွင် ဧပြီ ၂၅ရက်မှ မေ ၂၆ရက်အထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ရာ သင်တန်းသား ၅ဝ ခန့်တက် ရောက်လျက်ရှိကြောင်း သိရသည်။

အောင်သန်းဦး(စမ်းချောင်း)


Read more

ရှေ့တန်းပြန်​တပ်​ရင်းအား ပြည်​ခိုင်းဖြိုးပါတီမှ ကြိုဆို

 

ယနေ့ နေ့လည်ပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ်တွင် တရားသောစစ်ကို
အောင်ပွဲဆင်ခဲ့သော တပ်မ(၆၆)အုပ်ချုပ်မှုအောက်ရှိ အမှတ်(၁၀)ခြေမြန်တပ်ရင်းမှဗိုလ်မှူးသက်ဆွေငြိမ်း(ယာယီတပ်ရင်းမှူး)ဦးဆောင်သော ရှေ့တန်းပြန်တပ်ရင်းအား ပဲခူးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီကော်မတီဝင်ဒေါ်ထားထားနု ပေါင်းတည်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးအောင်နိုင်ဦး အတွင်းရေးမှူးနှင့်မြို့နယ်ပါတီကော်မတီဝင်များကြိုဆိုခဲ့ကြောင်းသိရှိရပါသည်။

စစ်နိုင်
09795058969


Read more

ပြည်ထောင်စုအဆင့် JMC အစည်းအဝေးတွင် တပ်မတော်နှင့် ရှမ်း၊ ကရင်အဖွဲ့တို့အကြား တိုက်ပွဲများနှင့် ပတ်သက်၍ ဆွေးနွေးမည်

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေးကော်မတီ (JMC-U) အစည်းအဝေးကို မေလ ၃ ရက်ကစတင်၍ ရန်ကုန်မြို့၌ သုံးရက်ကြာ ကျင်းပမည်ဖြစ်ရာ တပ်မတော်နှင့် ရှမ်း၊ ကရင် လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့မှုကို ထည့်သွင်း ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)


Read more