လစဥ္ေၾကး ေပးၿပီး သုံးရမယ့္ Facebook Plus ထြက္ရွိ

လစဥ္ေၾကး ေပးၿပီး သုံးရမယ့္ Facebook Plus ထြက္ရွိ
==========================
Facebook ၊ Instagram ၊ WhatsApp apps ေတြကို သူမ်ားနဲ႔ မတူတဲ့ သီးသန႔္ features ေတြပဲ သုံးခ်င္တယ္ ၊ ပိုက္ဆံလည္း တတ္ႏိုင္တယ္ဆိုရင္ Plus ဆိုၿပီး လစဥ္ေၾကး ေပးသုံးႏိုင္တဲ့ ဗားရွင္းရွိပါတယ္။
ဒီ Plus plan ကို ၿပီးခဲ့တဲ့လေတြကတည္းက Meta စမ္းေနတဲ့ သတင္းေတြ ထြက္လာၿပီး အခုက တရားဝင္ စျဖန႔္လိုက္တာပါ။ subscription ဆိုတဲ့အတိုင္း ပုံမွန္ free users ေတြ မရတဲ့ premium features ေတြကို Plus ဗားရွင္းမွာ သုံးႏိုင္ပါလိမ့္မယ္။
Instagram နဲ႔ Facebook Plus မွာဆို ကိုယ့္ story ကို ၾကည့္လိုရမယ့္ ပရိသတ္ audience ေတြ အမ်ားႀကီး ေ႐ြးႏိုင္လာပါမယ္။ Story ကို ဘယ္သူေတြ rewatch လုပ္ၾကည့္ၾကလဲ ဝင္ၾကည့္လို ရပါမယ္။ ၾကည့္တဲ့သူစာရင္းပါ ရွာလိုရပါမယ္။
ပုံမွန္ဆို တစ္ရက္ပဲ ခံတဲ့ Story ကို ၂၄ နာရီေက်ာ္ေအာင္ တင္ထားလို ရပါမယ္။ Super Heart လိုမ်ိဳး သီးသန႔္ reaction ေတြ ၊ custom app icons နဲ႔ fonts ေတြ ပါသလို တျခားသူရဲ႕Story ကို ကိုယ္ဝင္ၾကည့္တာ မသိေစဘဲ ေခ်ာင္းၾကည့္လိုရမယ့္ feature ပါလာပါမယ္။
WhatsApp Plus မွာေတာ့ chat ေတြ pin မ်ားမ်ား ထားႏိုင္လာပါၿပီ။ ေနာက္ၿပီး App Theme ေျပာင္းတာ ၊ premium စတစ္ကာေတြ ပိုတာ ၊ exclusive Ringtones ရယူတာမ်ိဳးေတြ လုပ္ႏိုင္ပါၿပီ။
လစဥ္ေၾကးအေနနဲ႔ WhatsApp က တစ္လ ၂.၉၉ ေဒၚလာပဲ ရွိၿပီး Instagram နဲ႔ Facebook Plus ေတြက ၃.၉၉ ေဒၚလာစီ ရွိပါတယ္။ Meta မွာက bluemark လို ေခၚၾကတဲ့ Meta Verified အစီအစဥ္လည္း ရွိေပမယ့္ ကုမၸဏီရဲ႕ လစဥ္ေၾကး ပိုက္ဆံရွာနည္းက ဒီေလာက္နဲ႔ ရပ္မေနပါဘူး။
Meta AI နဲ႔ business accounts ေတြအတြက္ လစဥ္ေၾကးနဲ႔ သြားမယ့္စနစ္တစ္ခုလည္း စမ္းေနတာ ရွီပါတယ္။ ဒီအစုံသုပ္ subscription ကိုေတာ့ Meta One လို နာမည္ေပးထားၿပီး သိပ္မၾကာခင္ စီးပြားျဖစ္ မိတ္ဆက္လာႏိုင္ပါတယ္။
Meta AI နဲ႔ သူ႔ apps ေတြ free သုံးလို႔ ရေနဦးမယ္ဆိုေပမယ့္ ပိုက္ဆံသုံးရင္ေတာ့ ပိုေကာင္းတာ သုံးရေတာ့မွာပါပဲ ျဖစ္ပါတယ္။ #Duwun
လစဉ်ကြေး ပေးပြီး သုံးရမယ့် Facebook Plus ထွက်ရှိ
==========================
Facebook ၊ Instagram ၊ WhatsApp apps တွေကို သူများနဲ့ မတူတဲ့ သီးသန့် features တွေပဲ သုံးချင်တယ် ၊ ပိုက်ဆံလည်း တတ်နိုင်တယ်ဆိုရင် Plus ဆိုပြီး လစဉ်ကြေး ပေးသုံးနိုင်တဲ့ ဗားရှင်းရှိပါတယ်။
ဒီ Plus plan ကို ပြီးခဲ့တဲ့လတွေကတည်းက Meta စမ်းနေတဲ့ သတင်းတွေ ထွက်လာပြီး အခုက တရားဝင် စဖြန့်လိုက်တာပါ။ subscription ဆိုတဲ့အတိုင်း ပုံမှန် free users တွေ မရတဲ့ premium features တွေကို Plus ဗားရှင်းမှာ သုံးနိုင်ပါလိမ့်မယ်။
Instagram နဲ့ Facebook Plus မှာဆို ကိုယ့် story ကို ကြည့်လိုရမယ့် ပရိသတ် audience တွေ အများကြီး ရွေးနိုင်လာပါမယ်။ Story ကို ဘယ်သူတွေ rewatch လုပ်ကြည့်ကြလဲ ဝင်ကြည့်လို ရပါမယ်။ ကြည့်တဲ့သူစာရင်းပါ ရှာလိုရပါမယ်။
ပုံမှန်ဆို တစ်ရက်ပဲ ခံတဲ့ Story ကို ၂၄ နာရီကျော်အောင် တင်ထားလို ရပါမယ်။ Super Heart လိုမျိုး သီးသန့် reaction တွေ ၊ custom app icons နဲ့ fonts တွေ ပါသလို တခြားသူရဲ့Story ကို ကိုယ်ဝင်ကြည့်တာ မသိစေဘဲ ချောင်းကြည့်လိုရမယ့် feature ပါလာပါမယ်။
WhatsApp Plus မှာတော့ chat တွေ pin များများ ထားနိုင်လာပါပြီ။ နောက်ပြီး App Theme ပြောင်းတာ ၊ premium စတစ်ကာတွေ ပိုတာ ၊ exclusive Ringtones ရယူတာမျိုးတွေ လုပ်နိုင်ပါပြီ။
လစဉ်ကြေးအနေနဲ့ WhatsApp က တစ်လ ၂.၉၉ ဒေါ်လာပဲ ရှိပြီး Instagram နဲ့ Facebook Plus တွေက ၃.၉၉ ဒေါ်လာစီ ရှိပါတယ်။ Meta မှာက bluemark လို ခေါ်ကြတဲ့ Meta Verified အစီအစဉ်လည်း ရှိပေမယ့် ကုမ္ပဏီရဲ့ လစဉ်ကြေး ပိုက်ဆံရှာနည်းက ဒီလောက်နဲ့ ရပ်မနေပါဘူး။
Meta AI နဲ့ business accounts တွေအတွက် လစဉ်ကြေးနဲ့ သွားမယ့်စနစ်တစ်ခုလည်း စမ်းနေတာ ရှီပါတယ်။ ဒီအစုံသုပ် subscription ကိုတော့ Meta One လို နာမည်ပေးထားပြီး သိပ်မကြာခင် စီးပွားဖြစ် မိတ်ဆက်လာနိုင်ပါတယ်။
Meta AI နဲ့ သူ့ apps တွေ free သုံးလို့ ရနေဦးမယ်ဆိုပေမယ့် ပိုက်ဆံသုံးရင်တော့ ပိုကောင်းတာ သုံးရတော့မှာပါပဲ ဖြစ်ပါတယ်။ #Duwun



