အမေရိကန်အခြေစိုက် Intelsat မှ လွှင့်တင်မည့် ဂြိုဟ်တုတွင် မြန်မာ ဝင်ရောက်ရင်းနှီးမြှုပ်နှံမည်

အမေရိကန်အခြေစိုက် Intelsat ကုမ္ပဏီက အသစ်လွှင့်တင်မည့်ဂြိုဟ်တု၌ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်မည်ဟု သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ စုံစမ်းသိရသည်။ (more…)


Read more

တရုတ်နိုင်ငံနှင့် ပူးတွဲ စစ်ရေးလေ့ကျင့်ရန် ဖိလစ်ပိုင်နိုင်ငံက တံခါးဖွင့် ထားကြောင်း သမ္မတဒူတာတေးပြော

တရုတ်နိုင်ငံနှင့် ပူးတွဲစစ်ရေးလေ့ကျင့်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် တံခါးဖွင့်သွားရန် စိတ်ကူးထား ကြောင်း ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေးက မေလ ၁ ရက်တွင် ပြောကြားလိုက်သည်။

“ အဲဒီစိတ်ကူးကို ကျနော်သဘောတူပါတယ်။ တရုတ်နိုင်ငံအနေနဲ့ Mindanao ကိုလာပြီး ပူးတွဲစစ်ရေး လေ့ကျင့်မှုပြုလုပ်နိုင်ပါတယ်။ ဖြစ်နိုင်တာက Sulu ပင်လယ်ပြင်ထဲမှာပေါ့ ” ဟု တရုတ်နိုင်ငံ၏ ရေတပ် စစ်သင်္ဘောအုပ်စု ဖိလစ်ပိုင်နိုင်ငံ Davao မြို့ ဆိပ်ကမ်းသို့လာရောက်လည်ပတ်သည့် ခရီးစဉ်အတွင်း ဒူတာတေးက သတင်းသမားများအား ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ ရေတပ်စစ်သင်္ဘောလာရောက်လည်ပတ်ခြင်းအတွက် ၎င်းအနေဖြင့် အလွန်ဝမ်းမြောက် ဂုဏ်ယူကြောင်း ဒူတာတေးက ပြောကြားခဲ့သည်။

“ သိပ်ကို ဂုဏ်ယူစရာပါ။ နေရာအားလုံးမှာ ကော်ဇော ခင်းထားတယ်လေ။ သိပ်ကိုလှပါတယ်။ သင်္ဘော ထဲမှာက တကယ့်ကို ဇိမ်ခံဟိုတယ်အတိုင်းပါပဲ” ဟု ဒူတာတေးက သတင်းသမားများအား ပြောကြား ခဲ့သည်။ ထို့ပြင် ၎င်းက “ သိပ်ကို သန့်ရှင်းပါတယ်” ဟူ၍လည်း ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်ရေတပ်စစ်သင်္ဘောပေါ်သို့ သွားရောက်လည်ပတ်ခြင်းသည် တရုတ်နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံအကြား ဆက်ဆံရေးကောင်မွန်းခြင်းနှင့် ယုံကြည်မှု တည်ဆောက်ခြင်း၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
တရုတ်နိုင်ငံ၏ ရေတပ်စစ်သင်္ဘောအုပ်စုတစ်ခုသည် သုံးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဖိလစ်ပိုင် နိုင်ငံ အရှေ့ တောင်ပိုင်းဒေသဖြစ်သော Davao မြို့သို့ မေလ ၁ ရက်က ဆိုက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

# Xinhua

 

မြောက်ကိုရီးယားခေါင်းဆောင်နဲ့တွေ့ဖို့ သမ္မတ Trump လိုလား

 

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ အမေရိကန်သမ္မတ Trump

 

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တည်ဆောက်မှု အစီအစဉ်တွေကို သီတင်းပတ် အတန်ကြာ ဝေဖန်ပြောဆိုခဲ့တဲ့ သမ္မတ Donald Trump က ပဋိပက္ခတွေကို ဆွေးနွေးဖို့အတွက် မှန်ကန်တဲ့ အခြေအနေ တွေအောက်မှာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တွေ့ဆုံမယ်လို့ အင်္ဂါနေ့မှာ ပြောကြား လိုက်ပါတယ်။

Kim Jong Un နဲ့ တွေ့ဆုံဖို့ အခြေအနေပေးရင် သူတွေ့ဆုံမှာဖြစ်ကြောင်း၊ အဲဒီလို တွေ့ဆုံမယ်ဆိုတဲ့ နေရာ မှာ မှန်ကန်တဲ့ အခြေအနေတွေ ဖြစ်ဖို့တော့ လိုတယ်လို့ Bloomberg သတင်းဌာနနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်း အတွင်း သမ္မတ Trump က ပြောပါတယ်။

နိုင်ငံရေးသမား အများစုကတော့ အခုလိုပြောမှာ မဟုတ်ကြောင်း၊ ဒါပေမယ့် အခြေအနေပေးရင် Kim Jong Un နဲ့ တွေ့မှာဖြစ်ကြောင်း သမ္မတ Trump က ပြောပါတယ်။

ဒါပေမယ့် သမ္မတ Trump နဲ့ Kim Jong Un တွေ့ဖို့ အလှမ်းဝေးသေးကြောင်း၊ မြောက်ကိုရီးယားအနေနဲ့ သူ့ရဲ့ရန်လိုတဲ့ သဘောနဲ့ နျူကလီးယား လက်နက် တည်ဆောက်မှု အစီအစဉ်တွေ မရပ်ဆိုင်းမချင်း တွေ့ဆုံမှု မဖြစ်နိုင်ကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ Sean Spicer က ပြောပါတယ်။

တွေ့ဆုံဖို့ မကြာခင် ကာလအတွင်းမှာ ဖြစ်နိုင်ခြေ သူ့အနေနဲ့ မမြင်ကြောင်း၊ လက်ရှိ အခြေအနေတွေက လည်း တွေ့ဆုံဖို့အတွက် မဖြစ်နိုင်ကြောင်း Sean Spicer က ပြောပါတယ်။

(VOA)

 

 

 

ဖိလစ်ပိုင်သမ္မတဒူတာတေး သူ၏ဇာတိမြို့ရှိ တရုတ်စစ်သဘောင်္များဆီသို့ သွားရောက်လည်ပတ်

 

 

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးသည် ပြီးခဲ့သောတနင်္လာနေ့က သူ၏ဇာတိမြို့၌ ဆိုက်ကပ်ထားသော တရုတ် စစ်သဘောင်္များဆီသို့ သွားရောက်လည်ပတ်ခဲ့ပြီး တောင်တရုတ်ပင်လယ်အတွင်း၌ တင်းမာမှုများ ရှိနေသော်လည်း နှစ်နိုင်ငံကြား နွေးထွေးသော ဆက်ဆံရေးရှိကြောင်း မီးမောင်းထိုးပြသခဲ့ကာ ပူးပေါင်း စစ်ရေးလေ့ကျင့်နိုင်သည့် အလားအလာများလည်း မြင့်တက်လာခဲ့သည်။

(more…)


Read more

ကော်ဖီကို ပုံမှန် သောက်သုံးသူတွေဟာ ရုတ်တရက်ချက်ချင်း သေဆုံးနိုင်ချေနည်း

သင်ဟာ ကော်ဖီသောက်ခြင်းကို စွန့်လွှတ်ဖို့ စဉ်းစားထားတယ်ဆိုရင်တော့ ဒီအတွေးကို ပြန်လည်သုံးသပ်ဖို့ လိုပါလိမ့်မယ်။ ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရ လူအများစု အတွက် ကော်ဖီကို ရှောင်ကြဉ်ဖို့ မလိုအပ်ပါဘူး။

(more…)


Read more

တရုတ်စမတ်ဖုန်းဈေးကွက်ရဲ့ ထိပ်ဆုံးနေရာကို ပြန်လည်ရယူနိုင်ခဲ့တဲ့ Huawei

P10 နဲ့ P10 Plus ကို ဖြန့်ချိခဲ့ပြီးတဲ့နောက် Huawei ဟာ တရုတ်စမတ်ဖုန်းဈေးကွက်ရဲ့ ထိပ်ဆုံးနေရာကို ပြန်လည်ရရှိခဲ့ပါတယ်။ Canalys သုတေသနအဖွဲ့ရဲ့အဆိုအရ Huawei အနေနဲ့ ၂၀၁၇ ပထမသုံးလပတ် အတွင်း စမတ်ဖုန်း ၂၁ သန်း ရောင်းချခဲ့ပြီး ဈေးကွက်ရှယ်ယာ ၁၈ ရာခိုင်နှုန်းကို ရရှိခဲ့တယ်လို့ သိရပါတယ်။

(more…)


Read more

သွားတိုက်တံတွေကို အလှအပအတွက် ဘယ်လိုသုံးမလဲ

သင်နေ့တိုင်းအသုံးပြုနေတဲ့ သွားတိုက်တံဟာ သွားတိုက်ရုံတင်မဟုတ်ဘဲ အလှအပရေးရာတွေမှာလည်း ကောင်းကောင်းအသုံးပြုနိုင်တယ်လို့ ပြောရင် နည်းနည်းများ အံ့သြသွားမလား။ တကယ်လို့ သွားတိုက်တံ သုံးပြီး အလှအပအတွက် လိုတဲ့နေရာတွေမှာ သုံးမယ်ဆိုရင်တော့ ကိုယ်နေ့တိုင်းတိုက်နေတဲ့ သွားတိုက်တံ အစား နောက်ထပ်တစ်ချောင်းတော့ ရှိသင့်ပြီပေါ့။

(more…)


Read more

အွန်လိုင်းရုပ်ရှင် ဖျော်ဖြေရေးဝန်ဆောင်မှု Iflix နှင့် Red dot ပူးပေါင်း

မြန်မာစာတန်းထိုးနိုင်ငံ တကာရုပ်ရှင်များနှင့် မြန်မာ့ရုပ် ရှင်များကို အွန်လိုင်းမှအခပေး ကြည့်ရှုနိုင်မည့် Iflix ဝက်ဘ်ဆိုက် သည် ငွေပေးချေမှုကို Red dot နှင့်ပူးပေါင်းဆောင်ရွက်ခဲ့သည်။ တစ်လလျှင် ၃,၀၀၀ ကျပ် ဖြင့် အွန်လိုင်းမှ ရုပ်ရှင်များကို အကန့်အသတ်မရှိကြည့်ရှုနိုင်မည့် ဝက်ဘ်ဆိုက်ကို မလေးရှားနိုင်ငံ အခြေစိုက် Iflix ကုမ္ပဏီက မြန်မာနိုင်ငံတွင် မတ်လအတွင်းစတင် မိတ်ဆက်ခဲ့ပြီး ငွေပေးချေမှုအတွက် ဧပြီအတွင်း Red dot နှင့် ပူးပေါင်းခဲ့သည်။

(more…)


Read more

ဖိလစ်ပိုင်သမ္မတဒူတာတေး သူ၏ ဇာတိမြို့ရှိ တရုတ်စစ် သဘောင်္များဆီသို့ သွားရောက်လည်ပတ်

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးသည် ပြီးခဲ့သောတနင်္လာနေ့က သူ၏ဇာတိမြို့၌ ဆိုက်ကပ်ထားသော တရုတ် စစ်သဘောင်္များဆီသို့ သွားရောက်လည်ပတ်ခဲ့ပြီး တောင်တရုတ်ပင်လယ်အတွင်း၌ တင်းမာမှုများ ရှိနေသော်လည်း နှစ်နိုင်ငံကြား နွေးထွေးသော ဆက်ဆံရေးရှိကြောင်း မီးမောင်းထိုးပြသခဲ့ကာ ပူးပေါင်း စစ်ရေးလေ့ကျင့်နိုင်သည့် အလားအလာများလည်း မြင့်တက်လာခဲ့သည်။

(more…)


Read more

အိန္ဒိယရှိ ကက်ရှ်မီးယားဒေသ၌ ဘဏ်ကားတစ်စီး စီးနင်း တိုက်ခိုက်ခံရမှုကြောင့် ၇ဦးသေဆုံး

အိန္ဒိယနိုင်ငံအုပ်ချုပ်မှုအောက်ရှိ ကက်ရှ်မီးယားဒေသဘက်ခြမ်းတွင် ငွေများသယ်ဆောင်လာသော ဘဏ်ကား တစ်စီးကို ပြီးခဲ့သောတနင်္လာနေ့၌ စစ်သွေးကြွများဟု သံသယရှိရသူများက စီးနင်းတိုက်ခိုက်မှု ကြောင့် ရဲငါးဦး အပါအ၀င် စုစုပေါင်း ၇ဦးခန့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။

(more…)


Read more

ရုရှားတွင် အလုပ်သမားနေ့ ချီတက်ပွဲအတွင်း LGBT အရေး တက်ကြွ လှုပ်ရှားသူများ အဖမ်းခံရ

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ထဲမှာ အလုပ်သမားနေ့ ချီတက်ပွဲအတွင်း LGBT တွေရဲ့ အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူ အယောက် တဒါဇင်ကျော် အဖမ်းခံခဲ့ရတယ်လို့ ရုရှား လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေ က မေ ၁ ရက်နေ့မှာ ပြောပါတယ်။

(more…)


Read more

တောင်ကိုရီးယားရှိ THAAD ဒုံးခွင်းဒုံးစနစ် ကနဦးအဆင့် စတင်သက်ဝင်လာ

တောင်ကိုရီးယားတွင် ဖြန့်ကျက်ထားသည့် THAAD ဒုံးခွင်းဒုံးစနစ်မှာ ကနဦးအဆင့် စတင်လည်ပတ် နိုင်စွမ်းရှိ နေပြီဟု အမေရိကန် စစ်တပ်က အတည်ပြုခဲ့သည်။ THAAD၏ လက်ရှိ အနေအထားမှာ မြောက်ကိုရီးယား ဘက်မှ ပစ်လွှတ်လိုက်သော ဒုံးကျည်များကို ကြားဖြတ်ဟန့်တားနိုင်ပြီး တောင်ကိုရီးယားကို အကာအကွယ် ပေးနိုင်စွမ်းရှိနေပြီဟု တောင်ကိုရီးယားရှိ အမေရိကန် အရာရှိတစ်ဦးက ဆိုသည်။ သို့သော် THAAD စနစ်၏ စွမ်းဆောင်ရည် အမြင့်ဆုံးအဆင့်ထိ ရောက်ရှိရန်မူ အားဖြည့်တပ်ဆင်မှုများ နောက်ထပ်လအနည်းငယ် ဆက်လက်လုပ်ဆောင်ရဦးမည်ဟု သိရသည်။

(more…)


Read more