ျပည္သူ႔လႊတ္ေတာ္ ဒုတိယဥကၠ႒ ဦးေမာင္ေမာင္အုန္း တပ္ကုန္းၿမိဳ႕နယ္ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ေတြ႕ဆုံ


ျပည္သူ႔လႊတ္ေတာ္ ဒုတိယဥကၠ႒ ဦးေမာင္ေမာင္အုန္း တပ္ကုန္းၿမိဳ႕နယ္ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ေတြ႕ဆုံ
===============
ျပည္သူ႔လႊတ္ေတာ္ ဒုတိယဥကၠ႒ ဦးေမာင္ေမာင္အုန္းသည္ ယေန႔မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္၊ ျပည္ေထာင္စုနယ္ေျမ၊ တပ္ကုန္းၿမိဳ႕နယ္သို႔ သြားေရာက္ၿပီး ၿမိဳ႕နယ္ရွိ မဲဆႏၵရွင္ျပည္သူမ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ ရင္းရင္းႏွီးႏွီးေတြ႕ဆုံခဲ့ပါသည္။
၎ေနာက္ ျပည္သူ႔လႊတ္ေတာ္ ဒုတိယဥကၠ႒ ဦးေမာင္ေမာင္အုန္းသည္ တပ္ကုန္းၿမိဳ႕နယ္၏ ၿမိဳ႕မိၿမိဳ႕ဖတစ္ဦးျဖစ္သူ ဦးစု၏ နာေရးသို႔ သြားေရာက္ခဲ့ၿပီး မိသားစုဝင္မ်ားအား ႏွစ္သိမ့္အားေပးစကားေျပာၾကားကာ နာေရးကူေငြေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း သတင္းရရွိပါသည္။
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း တပ်ကုန်းမြို့နယ် မြို့မိမြို့ဖများနှင့်တွေ့ဆုံ
===============
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ်သို့ သွားရောက်ပြီး မြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူများ၊ မြို့မိမြို့ဖများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသည်။
၎င်းနောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းသည် တပ်ကုန်းမြို့နယ်၏ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးစု၏ နာရေးသို့ သွားရောက်ခဲ့ပြီး မိသားစုဝင်များအား နှစ်သိမ့်အားပေးစကားပြောကြားကာ နာရေးကူငွေထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။




