ရခိုင်လူငယ်မောင်မယ်များ ပရတိအသင်း(စစ်တွေ) မှ ဦးစီးဖွင့်လှစ်သော အခမဲ့ကွန်ပျူတာ သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲနှင့် သင်တန်းသားသစ် များအား ကြိုဆိုပွဲပြုလုပ်

 

ရခိုင်လူငယ်မောင်မယ်များ ပရတိအသင်း(စစ်တွေ) မှ ဦးစီးဖွင့်လှစ်သော အခမဲ့ကွန်ပျူတာသင်တန်း သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲနှင့် သင်တန်းသားသစ်များအား ကြိုဆိုပွဲအခမ်းအနားကို စစ်တွေမြို့၊ ရှုပ မြောက်ရပ်ကွက်ရှိ အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်းခန်းမတွင် ယမန်နေ့ နံနက် ၈ နာရီက ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကွန်ပျူတာသင်တန်းဖြစ်မြောက်ရေး အလှူရှင်များနှင့် အတူ ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေမှလည်း တက်ရောက်ခဲ့ကာ ၀မ်းမြောက်ဝမ်းသာစကားများ ပြောကြားခဲ့သည်။

Read more

ချောင်းဆုံပြည်​ခိုင်​ဖြိုးပါတီမှ ​သောက်​သုံး​ရေများ လှူဒါန်း

 

နွေရာသီကာလ ​သောက်​သုံး​ရေရှားပါး​သော ​ကျေးရွာများသို့ ​သောက်​သုံး​ရေ များလှူဒါန်းလျှက်​ရှိရာ မေ (၈) ရက်​​နေ့တွင်ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မှ ချောင်းဆုံမြို့နယ်​အတွင်းရှိ ကညှော်၊ ကော့မုပွန်၊ ဒေါင်းရပ်ရှေ့/နောက်
ကျေးရွာများရှိ ပြည်​သူများသောက်သုံးရေ အဆင်​​ပြေရန်​အတွက်​ လှူဒါန်းခဲ့ ကြသည်​။

Read more

ပါတီဝင်စိစစ်ခြင်းလုပ်ငန်းများ ပြီးမြောက်အောင်ဆောင်ရွက်

 

၈-၅-၂၀၁၇ ရက်နေ့တွင် ရေတာရှည်မြို့နယ် နယ်မြေတာဝန်ခံ ဦးကျော်မင်းက မိမိနယ်မြေအတွင်းရှိ ကျန်ရှိနေသော ကျေးရွာများသို့
သွားရောက်ပြီး ပါတီဝင်စိစစ်ခြင်းလုပ်ငန်းများကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပါသည်။


Read more

သာကေတပြည်ခိုင်ဖြိုးပါတီဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းသားများအား အာဟာရဒါနလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ (၇/အရှေ့)ရပ်ကွက် သာသနသဟာယဓမ္မာရုံမှ ကြီးမှူးကျင်းပသည့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတက်ရောက်နေသည့် သင်တန်းသား ၆ဝ အတွက် မေလ ၇ ရက် မွန်းလွှဲ ၁ နာရီ ၃ဝ မိနစ်က သာကေတ မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးညွန့်ဖေနှင့် မြို့နယ်ပါတီကော်မတီဝင်များ ရပ်စည်းအမှုဆောင်များမှ တန်ဖိုးငွေကျပ် ၆၃၁၆ဝ ရှိအချိုရည်နှင့် မုန့်များကို သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

Read more

တိုက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အဖျောက်ဒေသကျေးရွာ အုပ်စုများသို့ ပါတီဝင်အင်အားစိစစ်ခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး တိုက် ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်ဦးဆောင်၍ ယမန် နေ့ နံနက် ၉နာရီခွဲမှစတင်ကာ အဖျောက်ဒေသ မိုးကုလား၊ အင်း တရာနှင့် ချောင်းသုံးခွကျေးရွာ အုပ်စုများသို့ ပါတီဝင်အင်အား စိစစ်ခြင်း၊ ပါတီနှစ်စဉ်ကြေးကောက် ခံခြင်း၊ပါတီဝင်သစ်များစည်းရုံးခြင်း လုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခဲ့ သည်

Read more

မြောက်ဥက္ကလာပမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပုရွက်ဆိတ်ကုန်းရပ်ကွက်တွင် ပါတီဝင်စိစစ်ခြင်း ကွင်းဆင်းဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီကော်မတီစည်းရုံးရေးရာ တာဝန်ခံဦးအေးမင်းဇော်၊ မြို့နယ်ကော်မတီဝင်ဦးသန်းဦး၊ ပုရွက်ဆိတ် ကုန်းရပ်ကွက်တာဝန်ခံဒေါ်ရီရီမြင့်နှင့် ပါတီအမာခံကေဒါများက ပါတီ ဝင်များနှင့်ထိတွေ့၍ ပါတီဝင်စိစစ်ခြင်း၊ ပါတီဝင်ကြေး၊ နှစ်စဉ်ကြေး ကောက်ခံခြင်းများကို ယမန်နေ့က ပုရွက်ဆိတ်ကုန်းရပ်ကွက်သို့ တစ်အိမ်တက်ဆင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အေးမင်းဇော်(မြောက်ဥက္ကလာ)


Read more

ဒဂုံ(တောင်)ပြည်ခိုင်ဖြိုး ယဉ်ကျေးလိမ္မာသင်တန်းသားများအားဆုချီးမြှင့်

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယနေ့နံနက် ၉ နာရီက အမှတ်(၇၂)ရပ်ကွက် သာသနာ့နုဂ္ဂဟအဖွဲ့မှ ကြီးမှူး ကျင်းပသည့် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ တွင် ဆုရသင်တန်းသားသင်တန်းသူများကို ရန်ကုန် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဒေါ်စန်း စန်းဝင်း၊ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဒေါ်စန်းစန်းဌေး နှင့် ကော်မတီဝင်များက ဗလာစာအုပ်၊ ကျောပိုးအိတ်နှင့် ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

Read more

မြန်မာ့စစ်အင်အားဟာ ကမ္ဘာမှာ အဆင့် ၃၂ ရှိဟုဆို

ရေတပ်အင်အားမှာ အဆင့် ၁၅ စာရင်းဝင်ခဲ့ပြီး အာဆီယံနိုင်ငံတွေထဲမှာ  အင်ဒိုနီးရှား တစ်နိုင်ငံတည်းကသာ အဆင့် ၁၀နဲ့ မြန်မာအထက်မှာ ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။  ကမ္ဘာ့နိုင်ငံပေါင်း ၁၂၆ နိုင်ငံမှာ မြန်မာနိုင်ငံရဲ့ စစ်အင်အားဟာ အဆင့် ၃၂ ကို ရောက်ရှိလာတယ်လို့ ကမ္ဘာ့စစ်လက်နက်အစီရင်ခံစာတစ်စောင်ဖြစ်တဲ့ Global Fire Power က ထုတ်ပြန်လိုက်တယ်လို့ The Voice ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ (more…)


Read more

နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် (ရန်ကုန်)တွင် နိုင်ငံရေးပါတီများ စုပေါင်း တွေ့ဆုံနွေးနွေးပွဲတစ်ရပ်ကို မေလ (၈) ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲသည် ပုံမှန်ဆွေးနွေးတွေ့ဆုံသော ဆွေးနွေးပွဲတစ်ရပ်ဖြစ်ပြီး ယခင်ဆွေးနွေးပွဲများမှ ကျန်ရှိနေသည့်ကိစ္စရပ်များကို ဆက်လက်ဆွေးနွေးကာ မွန်းတည့် ၁၂ နာရီတွင် ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။

Read more

ရွှေတိဂုံစေတီ နိုင်ငံခြားသား ဧည့်ဝင်ကြေး ဇွန်လ ၁ ရက်ကစ၍ ၂,၀၀၀ ကျပ် တိုးကောက်မည်

ရွှေတိဂုံစေတီတော်တွင် နိုင်ငံခြားသားဧည့်ဝင်ကြေးကို ဇွန်လ ၁ ရက်ကစတင်၍ ယခင်ကောက်ခံမှုနှုန်းထား ထက် ကျပ်နှစ်ထောင် တိုးကောက်ခံမည်ဟု ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ ဒုတိယရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောသည်။

(more…)


Read more