ကမာၻ႔ဖလားၿပိဳင္ပြဲမ်ား၌ ေရျပန္ျဖည့္ႏိုင္သည့္ ေရဘူးမ်ား ယူေဆာင္ခြင့္ FIFA တားျမစ္

ကမာၻ႔ဖလားၿပိဳင္ပြဲမ်ား၌ ေရျပန္ျဖည့္ႏိုင္သည့္ ေရဘူးမ်ား ယူေဆာင္ခြင့္ FIFA တားျမစ္
=========================
ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ (FIFA) သည္ ေဘးကင္းလုံၿခဳံေရးဆိုင္ရာ အေၾကာင္းျပခ်က္မ်ားေၾကာင့္ ကမာၻ႔ဖလားၿပိဳင္ပြဲမ်ား က်င္းပရာ အားကစားကြင္းမ်ားအတြင္းသို႔ ေရျပန္ျဖည့္ႏိုင္ေသာ ေရဘူးအလြတ္မ်ား ယူေဆာင္လာျခင္းကို တားျမစ္လိုက္ေၾကာင္း The Athletic က ဇြန္ ၃ ရက္တြင္ ေဖာ္ျပခဲ့သည္။
FIFA က ၿပီးခဲ့သည့္လအတြင္း ထုတ္ျပန္ခဲ့သည့္ တရားဝင္ အားကစားကြင္း စည္းကမ္းခ်က္မ်ား၌ “ထြင္းေဖာက္ျမင္ႏိုင္ၿပီး ျပန္လည္အသုံးျပဳႏိုင္ေသာ ၁ လီတာဆံ့ ပလတ္စတစ္ဘူးအလြတ္မ်ားကို အားကစားကြင္းအတြင္း ယူေဆာင္လာႏိုင္သည္” ဟု ေဖာ္ျပထားခဲ့သည္။
သို႔ေသာ္ ေနာက္ပိုင္းတြင္ စည္းမ်ဥ္းမ်ားကို ျပင္ဆင္ခဲ့ၿပီး ျပန္လည္အသုံးျပဳႏိုင္ေသာ ေရဘူးမ်ားအား အားကစားကြင္းအတြင္း ယူေဆာင္လာခြင့္မျပဳေတာ့ေၾကာင္း The Athletic က ထပ္မံေဖာ္ျပခဲ့သည္။
“ရွင္းလင္းျပတ္သားမႈရွိေစရန္အတြက္ ျပန္လည္အသုံးျပဳႏိုင္ေသာ ေရဘူးမ်ားကို အားကစားကြင္းအတြင္း ယူေဆာင္လာခြင့္ မျပဳပါ” ဟု စည္းကမ္းခ်က္အသစ္တြင္ ေဖာ္ျပထားသည္။
FIFA ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ယင္းစည္းမ်ဥ္းေျပာင္းလဲမႈသည္ ေဘးကင္းလုံၿခဳံေရးဆိုင္ရာ အေၾကာင္းျပခ်က္မ်ားေၾကာင့္ ျဖစ္ေၾကာင္းႏွင့္ ကမာၻ႔ဖလားၿပိဳင္ပြဲ က်င္းပမည့္ အားကစားကြင္းအမ်ားအျပားတြင္ ယင္းကဲ့သို႔ ေရဘူးမ်ား ယူေဆာင္ခြင့္ကို ယခင္ကတည္းက တားျမစ္ထားၿပီးျဖစ္ေၾကာင္း AFP သတင္းဌာနသို႔ ေျပာၾကားခဲ့သည္။
FIFA အေနျဖင့္ ကစားသမားမ်ား၊ ဒိုင္လူႀကီးမ်ား၊ ပရိသတ္မ်ား၊ ေစတနာ့ဝန္ထမ္းမ်ားႏွင့္ ဝန္ထမ္းမ်ားအားလုံး၏ က်န္းမာေရးႏွင့္ ေဘးကင္းလုံၿခဳံေရးကို အကာအကြယ္ေပးရန္ ကတိကဝတ္ျပဳထားေၾကာင္းလည္း သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ျပင္ အားကစားကြင္းအတြင္း ေသာက္ေရဘူးမ်ားကို အျခားအားကစားပြဲမ်ားတြင္ ေရာင္းခ်သည့္ ေဈးႏႈန္းမ်ားအတိုင္း ဝယ္ယူႏိုင္မည္ျဖစ္ေၾကာင္း FIFA က အသိေပးထားသည္။
Ref: Bangkok Post
ကမ္ဘာ့ဖလားပြိုင်ပွဲများ၌ ရေပြန်ဖြည့်နိုင်သည့် ရေဘူးများ ယူဆောင်ခွင့် FIFA တားမြစ်
=========================
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် ဘေးကင်းလုံခြုံရေးဆိုင်ရာ အကြောင်းပြချက်များကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲများ ကျင်းပရာ အားကစားကွင်းများအတွင်းသို့ ရေပြန်ဖြည့်နိုင်သော ရေဘူးအလွတ်များ ယူဆောင်လာခြင်းကို တားမြစ်လိုက်ကြောင်း The Athletic က ဇွန် ၃ ရက်တွင် ဖော်ပြခဲ့သည်။
FIFA က ပြီးခဲ့သည့်လအတွင်း ထုတ်ပြန်ခဲ့သည့် တရားဝင် အားကစားကွင်း စည်းကမ်းချက်များ၌ “ထွင်းဖောက်မြင်နိုင်ပြီး ပြန်လည်အသုံးပြုနိုင်သော ၁ လီတာဆံ့ ပလတ်စတစ်ဘူးအလွတ်များကို အားကစားကွင်းအတွင်း ယူဆောင်လာနိုင်သည်” ဟု ဖော်ပြထားခဲ့သည်။
သို့သော် နောက်ပိုင်းတွင် စည်းမျဉ်းများကို ပြင်ဆင်ခဲ့ပြီး ပြန်လည်အသုံးပြုနိုင်သော ရေဘူးများအား အားကစားကွင်းအတွင်း ယူဆောင်လာခွင့်မပြုတော့ကြောင်း The Athletic က ထပ်မံဖော်ပြခဲ့သည်။
“ရှင်းလင်းပြတ်သားမှုရှိစေရန်အတွက် ပြန်လည်အသုံးပြုနိုင်သော ရေဘူးများကို အားကစားကွင်းအတွင်း ယူဆောင်လာခွင့် မပြုပါ” ဟု စည်းကမ်းချက်အသစ်တွင် ဖော်ပြထားသည်။
FIFA ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယင်းစည်းမျဉ်းပြောင်းလဲမှုသည် ဘေးကင်းလုံခြုံရေးဆိုင်ရာ အကြောင်းပြချက်များကြောင့် ဖြစ်ကြောင်းနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမည့် အားကစားကွင်းအများအပြားတွင် ယင်းကဲ့သို့ ရေဘူးများ ယူဆောင်ခွင့်ကို ယခင်ကတည်းက တားမြစ်ထားပြီးဖြစ်ကြောင်း AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
FIFA အနေဖြင့် ကစားသမားများ၊ ဒိုင်လူကြီးများ၊ ပရိသတ်များ၊ စေတနာ့ဝန်ထမ်းများနှင့် ဝန်ထမ်းများအားလုံး၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို အကာအကွယ်ပေးရန် ကတိကဝတ်ပြုထားကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အားကစားကွင်းအတွင်း သောက်ရေဘူးများကို အခြားအားကစားပွဲများတွင် ရောင်းချသည့် ဈေးနှုန်းများအတိုင်း ဝယ်ယူနိုင်မည်ဖြစ်ကြောင်း FIFA က အသိပေးထားသည်။
Ref: Bangkok Post



