မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီးမြောက် ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို မြို့နယ်ပါတီကော်မတီ များနှင့် (၁၉)ရပ်ကွက်စည်းရုံးရေး မှူးများ တွေ့ဆုံညှိနှိုင်းမှုပြုလုပ် သည့်အစည်းအဝေးကို မြောက် ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးတွင်ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်ကအဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အတွင်းရေး မှူးဦးဝင်းကြိုင်က လက်ရှိပါတီဝင် စိစစ်ပြီးစီးမှု အခြေအနေနှင့်ဘဏ္ဍာ ရေးမှူးဦးသန်းထိုက်က ငွေကြေး သုံးစွဲမှု၊ စည်းရုံးတာဝန်ခံ ဦးအေး မင်းဇော်က ပါတီဝင်စိစစ်ရင်းပါတီ ဝင်အသစ်ရရှိအောင်စည်းရုံးနိုင် ရေးဆွေးနွေးပြီး ရပ်ကွက်အလိုက် ပြန်လည်ဆွေး နွေးမှုပြုလုပ်ကာ အစည်းအဝေးကို ညနေ ၄ နာရီခွဲ တွင် ပြီးမြောက်ခဲ့ကြောင်း သိရ သည်။

Read more

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆင်ခြံကျေးရွာအုပ်စုကျေးရွာခွဲများတွင် ပါတီဝင်အင်အားစိစစ်ခြင်းလုပ်ငန်းကွင်းဆင်းဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး တိုက် ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် မြို့နယ်ပါတီကော်မတီဝင် တော်လ တီဒေသတာဝန်ခံဦးမြင့်ရွှေ၊မြို့နယ် လူငယ်ရေးရာပါတီကော်မတီဝင် ကိုသန်းနိုင်တို့ ဦးဆောင်ပြီး ယမန်နေ့နံနက် ၉ နာရီမှစတင်၍ တော်လတီဒေသ ဆင်ခြံကျေးရွာ အုပ်စုမွတ်သားကျေးရွာနှင့် အုတ်ဖို စုကျေးရွာများသို့ သွားရောက်ကာ ပါတီဝင်အင်အားစိစစ်ခြင်း၊ ပါတီ ဝင်နှစ်စဉ်ကြေးပေးသွင်းနိုင်ရေး ဆောင်ရွက်ခြင်းလုပ်ငန်းနှင့် ပါတီ ဝင်အင်အားသစ်များ စည်းရုံးခြင်း တို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ တွင် တော်လတီဒေသတာဝန်ခံများ နှင့်အတူ ဆင်ခြံကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီနာယကဦးသောင်း ဟန်၊ ပါတီစည်းရုံးရေးမှူး ဦးလှရွှေ၊ ဒုစည်းမှူး ဦးအောင်ကျော်ဝင်း၊ ရပ်/ကျေး ပါတီကော်မတီဝင် ဦးကျော်ဆန်းဦး၊ဦးအောင်မျိုးမင်း၊ တော်လတီစံပြကျေးရွာ ပါတီ စည်းရုံးရေးမှူး ဦးခင်မောင်စိုးနှင့် အမျိုးသမီးလူငယ်အဖွဲ့၊ သတင်း မီဒီယာတာဝန်ခံ ဦးတင်မောင်ဇော် တို့က အတူပူးပေါင်းလိုက်ပါ ဆောင်ရွက်ခဲ့ကြသည်။

Read more

တွံတေးပြည်ခိုင်ဖြိုးပါတီ နွေရာသီမြန်မာ့ရိုးရာသိုင်းသင်တန်းဆင်းပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီးတွံတေး မြို့နယ်ပြည်ခိုင်ဖြိုးပါတီ နွေရာသီ မြန်မာ့ရိုးရာသိုင်းသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်၉နာရီ တွင်မြို့နယ်ပါတီရုံး၌ပြုလုပ်ခဲ့သည်။ သင်တန်းဆင်းပွဲအခမ်းအနားသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာ သိန်းဇော်မြင့်၊ မြို့နယ်ပါတီကော် မတီဝင်ဦးမင်းနိုင်၊ ဦးမြသောင်း၊ ဦးကျော်မျိုးနိုင်၊ ဦးမျိုးမင်းအောင်၊ ဒေါ်ယုဇနဝင်း၊ မြို့နယ်ကော်မတီ ဝင်များနှင့် ရပ်/စည်းများတက် ရောက်ကြသည်။
ထို့နောက် သင်တန်းဆင်းပွဲ တွင်မြို့နယ် ပါတီဥက္ကဋ္ဌက အမှာ စကားပြောကြားပြီးသင်တန်းဆရာ များ၊ ထူးချွန်သင်တန်းသားတို့ကို ဂုဏ်ပြုဆုများပေးအပ်ကာသင်တန်း သားများအား သင်တန်းဆင်းလက် မှတ်များပေးအပ်သည်။ သင်တန်း သားတစ်ဦးကကျေးဇူးတင်စကား ပြောကြားပြီး သရုပ်ပြကပြကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Read more

မင်္ဂလာဒုံပြည်ခိုင်ဖြိုးပါတီဝင်အင်အား ကျစ်လျစ်ရေးကွင်းဆင်းဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏ ပါတီဝင်အင်အားကျစ်လျစ်ခိုင်မာရေးအတွက် ပါတီဝင်အင်အား စိစစ်ရေး၊ ပါတီဝင်သစ်များစည်းရုံးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်အပိုင် ပဲခူးလမ်းရပ်ကွက်သို့ ခရိုင်ပါတီကော်မတီဝင် (နယ်မြေတာဝန်ခံ) ဦးမျိုးဇော်၊ မြို့နယ်အတွင်းရေးမှူး ဦးမျိုး မင်းနိုင်၊ မြို့နယ်ကော်မတီဝင်များ၊ နယ်မြေတာဝန်ခံများ၊ ရပ်/ကျေး ပါတီဝင်များပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခင်စန္ဒီလင်း(မင်္ဂလာဒုံ)

Read more

သနွံသနော့ကျေးရွာရှိ ဓာတ်ပေါင်းစုစေတီတော်ဌာပနာသွင်းအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများတက်ရောက်

 

Read more

တမူးပြည်ခိုင်ဖြိုး ခရိုင်/မြို့နယ်/ရပ်ကျေးကော်မတီဝင်များ တွေ့ဆုံ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ခရိုင်/မြို့နယ်/ရပ်ကျေး ပါတီကော်မတီဝင်များ တွေ့ဆုံပွဲကို (၈-၅-၂၀၁၇) ရက်နေ့ နံနက် (၁၁) နာရီက ရွှေခြင်္သေ့ခန်းမတွင် ကျင်းပရာ ပါတီလုပ်ငန်း ဆိုင်ရာများ ဆွေးနွေးကြပြီး ခရိုင်ပါတီဥက္ကဋ္ဌ ဦးခင်မောင်ရွှေထံ တက်ရောက်လာသော ကျေးရွာများမှ ပါတီဝင် (၅၀)ဦးတို့အတွက် ပါတီဝင် နှစ်စဉ်ကြေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။

Read more

မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နှင့် ခရိုင်၊ မြို့နယ် ပါတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၇ခုနှစ် မေလ ၉ ရက်နေ့ ယနေ့ နံနက် ၁၁း၅၀ နာရီအချိန်တွင် မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

Read more

မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်

 

မြိတ်မြို့YBA ဗုဒ္ဓဘာသာလူငယ်များ အသင်းမှ
ကြီးမှူးကျင်းပလျက်ရှိသည့် (၇၃)ကြိမ်မြောက်
ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲ ကြီးတွင်
မေလ (၈)ရက်နေ့ညနေ၃းဝဝအချိန်တွင်
မြိတ်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှရပ်ကွက်/ကျေးရွာအသီးသီးကပါတီဝင်
လူငယ်မောင်မယ်စုပေါင်း၍ ကုသိုလ်ဖြစ်ပါဝင်အား ဖြည့်ကြကာ ပွဲတော်သို့ဘုရားဖူးလာရောက်ကြသည့် ဧည့်သည်များ အားမှုန့်တီလှော်၊ဖျော်ရည် စသော စတုဒီသာများဖြင့်လှူဒါန်းဧည့်ခံကျွေးမွေးခဲ့ကြသည်။
ထို့နောက်မြိတ်မြို့နယ်
ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး၊ ဦးကိုကိုကြီးနှင့် ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာများက စည်းရုံးရေးမှူးများနှင့်ပါတီိဝင်လူငယ်မောင်မယ်များက ဒီပင်္ကရာမြတ်စွာဘုရားပူဇော်ခံရာယာယီစံကျောင်းရှိ ဗုဒ္ဓရုပ်ပွားတော်အားကဆုန်ညောင်ရေ များသပ္ပါယ် သွန်းလောင်း ပူဇော်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

Read more

မကွေးတိုင်းဒေသကြီး တိုင်း/ခရိုင်/မြို့နယ် လေးလပတ်လုပ်ငန်းညှိနှိုင်းစည်းဝေး

မကွေးတိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ တိုင်း/ခရိုင်/မြို့နယ်ပါတီ ပထမလေးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယခုလ ၉ရက် နံနက် ၁ဝနာရီတွင် တိုင်းဒေသကြီး ပါတီအစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့ရာ အဆိုပါအစည်းအဝေးသို့ တိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌဒေါက်တာ မောင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်းနှင့် တိုင်းပါတီကော် မတီဝင်များ၊အရန်ကော်မတီဝင်များ၊ ခရိုင်၊ မြို့နယ်ပါတီများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ စုစုပေါင်း ၈ဝ တက်ရောက်ခဲ့ကြသည်။

 

(more…)


Read more

အမရပူရပြည်ခိုင်ဖြိုးပါတီမှ ဒေါင်းရွေးကျေးရွာ ရွာဦးကျောင်း ဆွမ်း စားဆောင်ပြုပြင်ရန် အလှူငွေလှူဒါန်း၊ သက်ကြီးဘိုးဘွားများအား ကန်တော့

 

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါ်စောမြိုင်နှင်အဖွဲ့သည် မေလ (၅) ရက် နံနက်ပိုင်းက ဒေါင်းရွေးကျေးရွာ ရွာဦးကျောင်းသို့သွားရောက်၍ ဆွမ်းစားကျောင်းဆောင် ဆောက်လုပ်ရန် အတွက် မြို့နယ်ပါတီမှ လှူဒါန်းသော အလှူငွေ (၁၅၀၀၀၀ိ/-)အား ရွာဦးကျောင်းဆရာတော်ထံ ပေးအပ် လှူဒါန်းခဲ့ပါသည်။

Read more