အေမရိကန္စစ္သည္မ်ားေသဆုံးလွ်င္ အီရန္ႏွင့္အပစ္အခတ္ရပ္စဲေရးကို ျပန္သုံးသပ္မည္ဟုဆို

အေမရိကန္စစ္သည္မ်ားေသဆုံးလွ်င္ အီရန္ႏွင့္အပစ္အခတ္ရပ္စဲေရးကို ျပန္သုံးသပ္မည္ဟုဆို
=================================
အီရန္ေၾကာင့္ အေမရိကန္စစ္သည္မ်ား ေသဆုံးမႈရွိလာလွ်င္ရရွိထားသည့္ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ျပန္သုံး သပ္သြားမည္ဟု အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကေျပာေၾကာင္း ေဒသတြင္း မီဒီယာမ်ားက ေဖာ္ျပထားသည္။
အေမရိကန္ႏွင့္ အီရန္တို႔ၾကား အပတ္စဥ္ႏွင့္အမွ် တိုက္ပြဲမ်ားျပင္းထန္စြာျဖစ္ပြားလာေနေသာ္လည္း ၿပီးခဲ့သည့္ ဧၿပီလတြင္ ရရွိထားသည့္ အားနည္းေသာ အပစ္အခတ္ရပ္စဲေရးသည္ လက္ရွိအခ်ိန္အထိ တည္ၿမဲေနဆဲျဖစ္သည္။ မၾကာေသးမီက အေမရိကန္သည္ အီရန္ရွိကက္ကြၽန္းကို ဗုံးႀကဲတိုက္ခိုက္ခ်ိန္၌ အီရန္ကလည္း အေမရိကန္စစ္အေျခစိုက္စခန္းမ်ားကို ျပန္လည္ တိုက္ခိုက္သျဖင့္ ႏွစ္ႏိုင္ငံၾကား အျပင္းထန္ဆုံးေသာ ထိပ္တိုက္ေတြ႕ဆုံမႈမ်ား ျဖစ္ေပၚလာသည္။
ယခုကဲ့သို႔ စစ္ေရးတင္းမာမႈ ဆက္တိုက္ျဖစ္ပြားေနျခင္းက ထရမ့္အေပၚ ဖိအားမ်ား ပိုမိုႀကီးထြားလာေစၿပီး အပစ္ရပ္စဲေရး မွာမည္မွ်အထိ ေရရွည္တည္တံ့ႏိုင္မည္နည္းဆိုသည့္ ေမးခြန္းမ်ားထြက္ေပၚလာေၾကာင္း အေမရိကန္ အရာရွိမ်ားကဆိုသည္။ ၿပီးခဲ့သည့္ သီတင္းပတ္မ်ားအတြင္း ထရမ့္အစိုးရ သည္ အီရန္ႏွင့္ ရက္ ၆၀ ခန႔္ ေဆြးေႏြးပြဲမ်ား ဆက္လက္လုပ္ေဆာင္ရန္ မူေဘာင္တစ္ခုျဖစ္သည့္ နားလည္မႈစာခြၽန္လႊာတစ္ရပ္ကို လက္မွတ္ေရးထိုးႏိုင္ေရး ႀကိဳးပမ္းလ်က္ရွိသည္။
Ref: Xinhua
အမေရိကန်စစ်သည်များသေဆုံးလျှင် အီရန်နှင့်အပစ်အခတ်ရပ်စဲရေးကို ပြန်သုံးသပ်မည်ဟုဆို
=================================
အီရန်ကြောင့် အမေရိကန်စစ်သည်များ သေဆုံးမှုရှိလာလျှင်ရရှိထားသည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ပြန်သုံး သပ်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကပြောကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြထားသည်။
အမေရိကန်နှင့် အီရန်တို့ကြား အပတ်စဉ်နှင့်အမျှ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလာနေသော်လည်း ပြီးခဲ့သည့် ဧပြီလတွင် ရရှိထားသည့် အားနည်းသော အပစ်အခတ်ရပ်စဲရေးသည် လက်ရှိအချိန်အထိ တည်မြဲနေဆဲဖြစ်သည်။ မကြာသေးမီက အမေရိကန်သည် အီရန်ရှိကက်ကျွန်းကို ဗုံးကြဲတိုက်ခိုက်ချိန်၌ အီရန်ကလည်း အမေရိကန်စစ်အခြေစိုက်စခန်းများကို ပြန်လည် တိုက်ခိုက်သဖြင့် နှစ်နိုင်ငံကြား အပြင်းထန်ဆုံးသော ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပေါ်လာသည်။
ယခုကဲ့သို့ စစ်ရေးတင်းမာမှု ဆက်တိုက်ဖြစ်ပွားနေခြင်းက ထရမ့်အပေါ် ဖိအားများ ပိုမိုကြီးထွားလာစေပြီး အပစ်ရပ်စဲရေး မှာမည်မျှအထိ ရေရှည်တည်တံ့နိုင်မည်နည်းဆိုသည့် မေးခွန်းများထွက်ပေါ်လာကြောင်း အမေရိကန် အရာရှိများကဆိုသည်။ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ထရမ့်အစိုးရ သည် အီရန်နှင့် ရက် ၆၀ ခန့် ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်ရန် မူဘောင်တစ်ခုဖြစ်သည့် နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။
Ref: Xinhua




