NCA လက်မှတ်ထိုးရေး UNFC မူအတိုင်း ဆက်ရပ်တည်ရန် မွန်ပြည်သစ်ပါတီ ဆုံးဖြတ်

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ချမှတ်ထားသည့် အပစ်ရပ် လက်မှတ် ရေးထိုးရေး (NCA) မူဝါဒအတိုင်း ဆက်လက်ရပ်တည်သွားရန် မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုအလုပ် အမှုဆောင် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ (more…)


Read more

ကမ္ဘာ့ရွှေဈေး ၁၂၂၁ ဒေါ်လာအထိ ကျဆင်းခဲ့ခြင်းကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၈၉၁၀၀၀ ကျော်သို့ ပြန်ရောက်လာ

မေ ၁၀ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁၂၂၁ ဒေါ်လာအထိ ကျဆင်းခဲ့ခြင်းကြောင့် ပြည်တွင်း ရွှေဈေးနှုန်းကျပ် ၈၉၁၀၀၀ ကျော်သို့ ပြန်လည်ရောက်ရှိလာကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ် သူများထံမှ သိရသည်။ (more…)


Read more

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစု ရှေးဟောင်းစေတီတော်များ တည်ရှိရာ သိမ်ကျောင်းတွင် ကျင်ပ ပြုလုပ်သည့် ကဆုန်ညောင်ရေသွန်းပွဲ၊ သံဃာတော် အပါး (၅၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ ဘုရားပလ္လင်နှင့် ဆင်းတုတော်များ ရေစက်သွန်းချ လှူဒါန်းပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝေလွင်၊ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဒေါက်တာဒေါ်စန်းစန်းနွယ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ပြည်သူလူထုအင်အား ၃၀၀၀ ကျော် ပါဝင်ကုသိုလ်ယူကြသည်။


Read more

အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးအစည်းအဝေးခန်းမ၌ တိုင်း/ခရိုင်/ မြို့နယ် ပါတီကော်မတီဝင်များ တွေ့ဆုံ

 

(9.5.2017) နေ့ နေ့လည် (1:30) အချိန်၌ အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုး အစည်းအဝေးခန်းမ၌ တိုင်း- ခရိုင်- မြို့ နယ်ပါတီ ကော်မတီဝင်များ တွေ့ဆုံခဲ့ကြပါသည်။

Read more

တိုင်းပါတီ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ဌေးနှင့်အဖွဲ့ ငါးမြို့နယ် လူငယ် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ပြီး သံဃာ့ဒါန ဆွမ်းလောင်းရုံး အခမ်းအနားသို့ တက်ရောက်အားပေး

 

မင်းဘူးခရိုင် မင်းဘူး – ပွင့်ဖြူ ၊ငဖဲ၊ စလင်း၊ စေတုတ္တရာ ငါးမြို့နယ် လူငယ် တွေ့ဆုံပွဲကျင်းပပြုလုပ်ပြီး အိမ်ရှင်မင်းဘူး – စကုမြို့နယ်တွင် သံဃာ တော် (၅၅၀) ပါးနှင့် သဃာ့ဒ့ါနဆွမ်းလောင်းရုံသို့ ဆွမ်းဆန်တစ်အိတ် ဆွမ်းလောင်းလှူခဲ့ကြသော အခမ်းအနားသို့ တိုင်းပါတီ ဥက္ကဌ ဒေါက်တာ မောင်မောင်ဌေး၊ တိုင်းလူငယ်ရေးရာတာဝန်ခံ ဦးကျော်သူဦး၊ တိုင်း တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်နိုင်နှင့် တိုင်းကော်မတီ ဝင်များ တတ်ရောက်အားပေးခဲကြောင်းသတင်းရရှိပါသည်။

Read more

ကဆုန်လပြည့်ညောင်ရေသွန်းလောင်ခြင်းနှင့် သက်ကြီးပူဇော်ပွဲပြုလုပ်

 

ပါတီဗဟိုကော်မတီဝင် ဦးကျော်စိုးလေး၏ လမ်းညွန်ချက်ဖြင့် ယမန်နေ့ မေလ ၁၀ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် မိုးညှင်းမြို့နယ် ဟိုပင်ဒေသ တကွင်းအုပ်စု ညောင်ပင်သာကျေးရွာတွင် ညောင်ရေသွန်းလောင်းခြင်း နှင့် သက်ကြီးပူဇော်ပွဲပြုလုပ်ကျင်းပခဲ့သည်”

ညောင်ပင်သာ ဆရာတော်အား ပါတီဝင်များက ဝတ္ထုငွေများကပ်လှူခြင်း ပြုလုပ်ပြီး။ ဆက်လက်ပြီး ညောင်ရေသွန်းလောင်းခြင်းကို ကျေးရွာ
ရွာဦးထိပ်၌ ကျင်းပခဲ့သည်။

Read more

ကြို့ပင်ကောက်ပြည်ခိုင်ဖြိုး လစဉ်ပုံမှန်စည်းဝေးပွဲကျင်းပ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင် ကောက်မြို့ ပြည်ခိုင်ဖြိုးရုံးခန်းမအတွင်း ယနေ့နံနက် ၉ နာရီခွဲက လစဉ်ပုံမှန်အစည်းအဝေးပွဲကျင်းပရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်စိုး၊ မြို့နယ်ကော်မတီဝင် များမှ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးကြပြီး တက် ရောက်လာကြသူစည်းမှူးများကလည်း ညှိနှိုင်း ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)


Read more

လမ်းမတော်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဝင်စိစစ်ရေးနှင့် ပါတီဝင်သစ်စည်းရုံးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင်များသည် ပါတီဝင်စိစစ်ခြင်း၊ ပါတီ နှစ်စဉ်ကြေးကောက်ခံခြင်း၊ ပါတီဝင်သစ်များစည်းရုံးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ညနေ၅နာရီခွဲက မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်သက်ထားလှိုင်၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ရပ်/စည်းအမှုဆောင်များသည် အမှတ်(၆)ရပ်ကွက်သို့သွားရောက်၍ ပါတီဝင်စိစစ်ခြင်း၊ ပါတီနှစ်စဉ်ကြေးကောက်ခံခြင်း၊ ပါတီဝင်အသစ်များစည်းရုံးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးသန့်(လမ်းမတော်)


Read more

ရှမ်းပြည်နယ်(တောင်ပိုင်း) ပါတီ ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီ အစည်းအဝေးခန်းမတွင် မေလ (၉) ရက် နံနက် ၉ နာရီ ၄၅ မိနစ်က ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပရာ ရှမ်းပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပါတီဗဟိုကော်မတီ အစည်း အဝေးမှ ချမှတ်လိုက်သည့် အစည်းအဝေးဆုံးဖြတ်ချက်များ၊ လုပ်ငန်း လမ်းညွှန် မှာကြားချက်များကို ထပ်ဆင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

Read more