မောင်တောဒေသ လုံခြုံရေးတိုးမြှင့်ပေးရန် ကာကွယ်ရေးဦးစီးချုပ်ထံ ANP ခေါင်းဆောင်များတောင်းဆို

ရခိုင်အမျိုးသားပါတီ (ANP)သည် မောင်တောမြို့နယ်အတွင်း ဒေသလုံခြုံရေးတိုးမြှင့်ပေးရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ သြဂုတ် ၉ ရက်တွင် တွေ့ဆုံတောင်းဆိုခဲ့ကြောင်း ယင်းပါတီဗဟိုအလုပ်အမှု ဆောင်ဦးဖေသန်းက ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မောင်တောဒေသ လုံခြုံရေး အပြည့်အဝတာဝန်ယူကြောင်းနှင့် လုံခြုံရေးအင်အား တိုးချဲ့ထားသည်ဟု ပြန်လည်ပြော ကြားခဲ့ကြောင်း တွေ့ဆုံမှုတွင် ပါဝင်သူ ဦးဖေသန်းက ရှင်းပြ သည်။

Read more

ပြည်နယ်ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လစဉ် ပြုလုပ်လျက်ရှိသော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ ၉ ရက် နေ့ နံနက် ၉ နာရီက ပြည်နယ်ပါတီရုံးအစည်း အဝေးခန်းမတွင် ပြုလုပ် ကျင်းပခဲ့သည်။

Read more

မဟာအောင်မြေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေး အဆင့် နှုတ်မှု စွမ်းရည်ပြိုင်ပွဲကျင်းပ

 

မဟာအောင်မြေမြို့နယ် ပြည် ခိုင်ဖြိုးပါတီမှကြီးမှူးကျင်းပသော ရပ်/ကျေး အဆင့် ပါတီဝင်များ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲအား ယနေ့ နံနက် ၉ နာရီက မြို့နယ်ပါတီရုံး ခန်းမတွင် ကျင်းပ ခဲ့သည်။

ပြိုင်ပွဲအခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် သံပြိုင်သီဆိုဖွင့်လှစ်ကာ မန္တလေးခရိုင် တွဲဖက်နယ်မြေ တာဝန်ခံ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးအောင်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားပြီးနောက် အမရပူရ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ(ခေတ္တ)ဥက္ကဋ္ဌဦးသန်းစိုးက ပြိုင်ပွဲကျင်းပရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ ရပ်/ ကျေးအဆင့်ပါတီဝင်များ၏ နှုတ်မှု စွမ်းရည်ပြိုင်ပွဲအား အစီအစဉ်များ အတိုင်းဆက်လက် ကျင်းပ ခဲ့သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်/ ကျေးရွာပါတီဝင်များ နှုတ်မှုစွမ်းရည်ပြိုင်

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံ မြို့ (၂)ရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် မြို့နယ်ပါတီကော်မတီဝင်များ၏ နှုတ်မှု စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့ကြောင်း သိရ သည်။

အဆိုပါ နှုတ်မှုစွမ်းရည်ပြိုင်ပွဲတွင် တက်ရောက်လာသူများမှ နိုင်ငံတော် သီချင်းအား သံပြိုင်သီ ဆိုခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမြတ်သူက အဖွင့်အမှာစကားပြောကြားခဲ့ သည်။

Read more

မယ်စဲ့မြို့နယ်ပြည်ခိုင်ဖြိုးပါတီကြားဖြတ်ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်း

 

ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ မြို့နယ်ပါတီကြားဖြတ် ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး အခမ်း အနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မယ်စဲ့ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်းက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးဦးဌေးရယ်က ကြားဖြတ်ပြန်လည် ပြင်ဆင်ရွေးချယ် ဖွဲ့စည်းရေး လုပ်ထုံးလုပ်နည်းများကို အသေးစိတ်ရှင်းလင်းပြောကြားသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးအား ဂျပန်နိုင်ငံ Suita Rotary Club မှ Club President နှင့်အဖွဲ့လာရောက်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးအား ဂျပန်နိုင်ငံမှSuita Rotary Club မှ Club President ဖြစ်သူ Ms. Kuniko Tat-amitani ဦးဆောင်သောအဖွဲ့သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန် မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် (ရန်ကုန်) ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။

Read more

တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ ဘိလပ်မြေနှင့် ဘလောက်အုတ်များ လှူဒါန်းခြင်း

 

တာချီလိတ် ခရိုင် / မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကွင်းဆင်းခရီးစဉ်တွင် မိုင်းကိုးအုပ်စုပန်ဟတ်၊အမကကျောင်းတွင် လိုအပ်နေသည့် ဘိလပ်မြေနှင့် ဘလောက်အုတ် များကို (၁၀-၈-၂၀၁၇)ရက်နေ့တွင် ခရိုင်/မြို့နယ် ဥက္ကဌနှင့်ပါတီမှသွားရောက်လှူဒါန်းရာ ကျောင်းအုပ် ဆရာကြီး ဦးသန်းထိုက်က လက်ခံရယူခဲ့ပါသည်။

တာချီလိတ်ခရိုင်/မြို့နယ်ပါတီမှ ဘလောက်အုတ်၅၀၀လုံး၊ ဦးစိုင်းအုံးပွင့်+ ဒေါ်တင်မေထွန်း (ဗဟိုပါတီကော်မတီဝင်) မိသားစုတို့က ဘိလပ်မြေ(၂၀)အိတ်တို့ကို လှူဒါန်းပေးခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

Read more

သန်လျင်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ဝါဆိုသင်္ကန်းဆက်​ကပ်​လှူ ဒါန်း

 

( ၉.၈.၂၀၁၇ ) ရက်​​နေ့ နံနက်​( ၁၀း၃၀)အချိန်​တွင်​ သန်လျင်မြို့နယ် ပြည်ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီရုံးတွင်​ ဝါဆိုသင်္ကန်းဆက်​ကပ်​လှူဒါန်းပွဲအခမ်းအနားကျင်းပရာ သန်လျင် မြို့နယ် ဘုံပျံဘုန်းတော်ကြီး သင် ပညာရေးကျောင်းဆရာ​တော်​ ဘဒ္ဒန္တဇနက္ကအမှူးပြု​သော သံဃာ (၅)ပါးအား ဆွမ်းဆက်​ကပ်​ခြင်း၊ ဝါဆိုသင်္ကန်းနှင့်​ လှူ ဖွယ်​ပစ္စည်းများ ဆက်ကပ်​လှူဒါန်း ပြီး​ ရေစက်​သွန်းချအမျှ​ဝေခဲ့ပါသည်​။

Read more

ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ မီဒီယာသင်တန်းဖွင့်လှစ်

 

၂၀၁၇ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ နံနက် ၉း၀၀ အချိန်တွင် ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အောက်ထပ်၌ သတင်းမီဒီယာသင်တန်းဖွင့်ပွဲ အခမ်း အနားတစ်ရပ် ကျင်းပခဲ့သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်(ကချင် ပြည်နယ်တာဝန်ခံ) ဒေါက်တာအောင်မြတ်ဦး ကချင်ပြည်နယ် ပြည်ခိုင်ဖြိုး ပါတီ ၀ါဆိုသင်္ကန်းကပ်လှူပွဲတက်ရောက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် (ကချင် ပြည်နယ်တာဝန်ခံ) ဒေါက်တာအောင်မြတ်ဦးနှင့် ပါတီဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်တို့သည် ယနေ့ သြဂုတ်လ ၁၀ ရက်နေ့ နံနက် ၉း၃၀ နာရီအချိန်တွင် ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပ သော ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြပြီး ဆရာတော် သံဃာတော်များထံမှ သီလသြ၀ါဒများခံယူကာ ၀ါဆိုသင်္ကန်း၊ ဆွမ်းအစရှိသည့် လှူဖွယ်ပစ္စည်းအစုစုအားလှူဒါန်းပူဇော်ပူဇော်ကြသည်။

Read more