ရန်ကုန်မြို့ပတ်ရထားလမ်း အောက်တိုဘာတွင် အဆင့်မြှင့်တင်မည် …!
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းကို အောက်တိုဘာတွင် အပိုင်းလိုက်အဆင့်မြှင့်တင်ခြင်း လုပ်ငန်း စတင်မည်ဖြစ်ပြီး စီမံကိန်းလုပ်ဆောင်နေသည့် လမ်းပိုင်း၌ သံလမ်းတစ်ဖက်တည်းကို သာ ခုတ်မောင်းပြေးဆွဲမည်ဟု မြန်မာ့မီးရထား တာဝန်ရှိသူက ပြောသည်။
မြို့ပတ်ရထားလမ်းပိုင်းကို အရှေ့ခြမ်းနှင့် အနောက်ခြမ်းဟူ၍ အပိုင်းနှစ်ပိုင်း အဆင့်မြှင့်တင်မည်ဖြစ်ပြီး အရှေ့ခြမ်းကို ယခုနှစ် အောက်တိုဘာမှ ၂၀၁၈ မေလ အထိလည်းကောင်း၊ အနောက်ခြမ်းကို ၂၀၁၈ အောက်တိုဘာမှ ၂၀၁၉ မေလအထိလည်းကောင်း စီမံကိန်းကာလ သတ်မှတ်လုပ် ဆောင်မည်ဟု တာဝန်ရှိ သူကဆိုသည်။‘‘စီမံကိန်းနဲ့ပတ်သက်လို့ အစည်းအဝေးဆုံးဖြတ်ချက်လည်း ထွက်ပါပြီ။ အများပြည်သူသိ အောင်လည်း ဒီတစ်ပတ်ထဲမှာ ပဲသတင်းထုတ်ပြန်ပါမယ်’’ဟု ၎င်းက ပြောသည်။
Read more

