ဖာဂူဆန်၏ ချန်ပီယံလိဂ်ပွဲအများဆုံးနည်းပြစံချိန်ကို ရယူရန် မော်ရင်ဟို ပစ်မှတ်ထားနေ

မန်ယူနည်းပြမော်ရင်ဟိုသည် ဆာအဲလက်စ်ဖာဂူဆန်၏ ချန်ပီယံလိဂ်ပွဲအများဆုံးနည်းပြစံချိန်ကို ရယူရန် ပစ်မှတ်ထားလျက် ရှိနေသည်။ စကော့တလန်လူမျိုးနည်းပြ ဖာဂူဆန်သည် မန်ယူအသင်းနှင့် ချန်ပီယံလိဂ် ပွဲပေါင်း ၁၉၄ ပွဲ ပြိုင်ပွဲဝင်ခဲ့ပြီး ချန်ပီယံဆုဖလား ၂ ကြိမ် ရရှိခဲ့သည်။

ပေါ်တူဂီလူမျိုးနည်းပြမော်ရင်ဟိုမှာ လက်ရှိအချိန်တွင် ချန်ပီယံလိဂ်ပွဲပေါင်း ၁၃၃ ပွဲ ကိုင်တွယ်နည်းပြထားပြီး ဖာဂူဆန်၏စံချိန်ကို လိုက်မီရန် ၆၁ ပွဲ လိုအပ်နေသေးသည်။ မော်ရင်ဟိုသည် ပေါ်တို၊ အင်တာမီလန် အသင်းတို့နှင့် ချန်ပီယံလိဂ်ဆုဖလား ၂ ကြိမ် ရရှိခဲ့သည်။

Read more

မြန်မာပရိသတ်များအသင်းကို ဖိအားပေးမှုများမပြုလုပ်ပဲ အားပေးသင့်သည်ဟု ယူ-၁၈နည်းပြဆို

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသော အာဆီယံယူ-၁၈ချန်ပီယံရှစ်ပြိုင်ပွဲအုပ်စု(ခ) အဖွင့်ပွဲတွင် အင်ဒိုနီးရှားအသင်းကို ၂ – ၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ပရိသတ်များက မြန်မာအသင်းကို ကွင်းအတွင်းလှောင်ပြောင် အော်ဟစ်ခဲ့မှုများနှင့်ပတ်သက်ပြီး အသင်းကို ဖိအားမပေးပဲ ဆက်လက်အားပေးရန် နည်းပြချုပ် ဘန်လာဘီက တောင်းဆိုခဲ့သည်။

Read more

၂၀၁၇ခုနှစ်နွေရာသီဈေးကွက်မှာ မိုနာကိုအသင်း ယူရို (၂၈၉) သန်းမြတ်

ဘောလုံးလေ့လာသုံးသပ်ရေးအဖွဲ့အစည်းတစ်ခုရဲ့ ဖော်ပြချက်တွေအရ ဥရောပထိပ်တန်းလိဂ်(၅)ခုက အသင်းတွေထဲမှာ မိုနာကိုအသင်းက နွေရာသီအပြောင်းအရွှေ့ဈေးကွက်ကနေ အမြတ်အများဆုံးရတဲ့ အသင်းဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်မှာ အကြိုဗိုလ်လုပွဲအဆင့်အထိရောက်ခဲ့တဲ့ မိုနာကိုအသင်းဟာ ကစားသမား အရောင်းအ၀ယ်ကနေ ယူရို(၂၈၉)သန်းအထိ အမြတ်ရခဲ့ပါတယ်။ မန်ဒီ၊ ဘာကာယိုကို၊ ဘာပေးစတဲ့ ကစားသမား အပါအ၀င် ကစားသမားအရောင်းကနေ စုစုပေါင်း ယူရို (၃၉၄)သန်းရခဲ့ပြီး ကစားသမားသစ် ပြန်ဝယ်ရာမှာ ယူရို(၁၀၅)သန်းပဲပြန်သုံးခဲ့ပါတယ်။ တကယ်လို့ ဈေးကွက်ပိတ်ရက်က တောင်ပံကစားသမား လီမာကို ယူရိုသန်း(၁၀၀)နဲ့ အာဆင်နယ်ကို ရောင်းဖြစ်ခဲ့ရင် ဒီထက်မက ပိုမြတ်ဦးမှာပါ။

Read more

မဟာအောင်မြေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌနှင့်အဖွဲ့ လေသာ ကျောင်းတိုက် တိုက်အုပ်ဆရာဘန္ဒန္တသုနန္ဒာဘိဝံသ အမှူးပြု၍ သံဃာတော်အရှင်မြတ်တို့အား ဗလာစာအုပ် ဘောပင်များ လှူဒါန်း

 

(၅.၉.၂၀၁၇) ရက်​နေ့ (၁၃း၃၀) နာရီအချိန် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးမြင့်သန်း၊ အတွင်းရေးမှူး ဦးသန်စိုး နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်စည်းရုံးရေးမှူးများ၊ ပါတီဝင်လူငယ်များမှ ဒေးဝန်းအရှေ့ရပ်ကွက် ၈၇/၈၈လမ်းကြား ၃၇/၃၈လမ်းကြားရှိ လေသာကျောင်းတိုက် တိုက်အုပ် ဆရာတော် ဘဒ္ဒန္တသုနန္ဒာဘိဝံသ အမှူးပြုသော တိုက်တွင်းရှိ ရဟန်း သံဃာတော် (၉၉)ပါးအား တပါးလျှင် ဗလာစာအုပ် တစ်ဒါဇင်နှင့် ဘောပင် (၃)ချောင်းပါ တစ်ထုပ်တို့အား လှူဒါန်းပြီး ကျောင်းတိုက်အတွင်း ပတ်ဝန်း ကျင်အား သန့်ရှင်းရေး ပြုလုပ်ခြင်း ကုဋီများအား ဆေးကြောသန့်ရှင်း ကုသိုလ်ပြုလုပ်ခြင်း ဆောင်ရွက်ခဲ့ကြ​ကြောင်းသိရှိရပါသည်​။

Read more

ပုဏ္ဏားကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

 

၂၀၁၇ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ ပုဏ္ဏာကျွန်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ပြုလုပ်ရာ မြို့ပေါ် ၄ ရပ်ကွက်မှ ကျောင်းထိုင်ဆရာတော (၇)ပါးအား ပင့်ဖိတ်ပြီး မြို့နယ်ပါတီဥက္ကဌ ဦးမြင့်စိုးဝင်း၊ အတွင်းရေးမှူး ဦးမောင် ကျော်တင် ၊ ဘဏ္ဍာရေးမှူး ဦးကျော်ဇံနှင့်ကော်မတီဝင်များ အရန် ကော်မတီဝင်များ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ၊ တိုင်းရင်းသား စည်းလုံးညီညွတ် ရေးပါတီ ဥက္ကဌနှင့် တခြားဖိတ်ကြားထားသူများ တက်ရောက်ပြီး သံဃာ တော်များအား ဝါဆိုသင်္ကန်းနှင့် နဝကမ္မငွေများ လှူဒါန်းကြပါသည်။

Read more

ရေးမြို့ ပြည်ခိုင်ဖြိုးပါတီလူငယ်ရေးရာအဖွဲ့မှ နေရပ်စွန့်ခွာ ရခိုင်ပြည်သူ များအတွက် အလှူငွေလှူဒါန်း

 

မွန်ပြည်နယ် ရေးမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီမှ လူငယ်​​ရေးရာတာဝန်​ခံ ဦးသူရိန်​ တာဝန်​ယူကာ ၂၀၁၇ခုနှစ် စက်တင်ဘာ (၅) ရက်နေ့က ရေးမြို့ ရန်​ကြီး​အောင်​ရပ်​ကွက်​၊ ကွက်​သစ်​​ရပ်နေ ပါတီလူငယ်​များစု​ပေါင်းကာ ရခိုင်​ပြည်​နယ်​​မြောက်​ပိုင်း​ဒေသ ARSA ဘင်္ဂလီအကြမ်းဖက်​သမားများ တိုက်​ခိုက်​မှု​ကြောင့်​​ နေရပ်​စွန့်​ခွာ တိုင်းရင်းသားများအတွက်​ စု​ပေါင်း အလှူငွေ (၁၅၀၀၀၀)   ကျပ်​အား ပါတီရဲ့ကိုယ်​စား ရေးမြို့နယ်​လုံးဆိုင်​ရာ အလှူခံဌာနတွင်​ သွားရောက်​လှူဒါန်းခဲ့သည်။

Read more

၁၂၃၈ ဂိုးပြည့်မှ စီရော်နယ်ဒိုအကြောင်း ပြောမည်ဟု ဂန္ထဝင်ကစားသမားပီလီ ပြောကြား

 ပေါ်တူဂီဘော လုံးကြယ်ပွင့် စီရော်နယ်ဒိုသည် ဘရာဇီးဂန္ထဝင်ဘောလုံးသမားကြီး ပီလီ၏ နိုင်ငံတကာသွင်းဂိုး ၇၇ ဂိုးကို ကျော်လွန်ကာ ၇၈ ဂိုးပြည့် မြောက်ခဲ့သော်လည်း ပီလီ (၇၆) နှစ်က ရော်နယ်ဒိုအနေဖြင့် ၁၂၈၃ ဂိုး ပြည့်မြောက်သည့်အခါမှ ၎င်း ၏အကြောင်းကို ပြောဆိုမည်ဟု ဆိုသည်။

Read more

တောင်ဥက္ကလာပြည်ခိုင်ဖြိုး အရုဏ်ဆွမ်းလောင်းလှူ

တောင်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ပြည်လုံးချမ်းသာ ပရဟိတလူငယ်များမှ တောင်ဥက္ကလာပမြို့နယ် ကျောင်းတိုက် ၁ဝ တိုက်မှ သံဃာတော်အပါး ၁၉ဝအား (၉)ရပ်ကွက် သူရ (၂)လမ်းမ ပေါ်ရှိ ဆွမ်းလောင်းဓမ္မာရုံတွင် စက်တင်ဘာ ၅ရက် နံနက် ၄ နာရီခွဲတွင် အရုဏ်ဆွမ်းလောင်းလှူကြကြောင်း သိရသည်။

စိန်ဝင်းနိုင်


Read more

ကံမပြည်ခိုင်ဖြိုးပါတီမှ ထောက်ပံ့ပေးအပ်လှူဒါန်း

 

ဘင်္ဂါလီ အကြမ်းဖက် ကျူးကျော်သူများအန္တရာယ် ကြောင့် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင် နေရသော အပြစ်မဲ့ပြည်သူများအတွက် ထောက်ပံ့ငွေကျပ် ၁၆၈ဝဝဝ ကို သရက်ခရိုင် ကံမ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကံမမြို့ ဆရာတော် အနန္ဒဂုဏဝါစီထံ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်ကြီး(သရက်)


Read more

ပါတီဗဟိုအလုပ်အမှုဆောင် ပြည်နယ်တာဝန်ခံနှင့်အဖွဲ့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင် ပါတီဝင်များနှင့်တွေ့

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်၊ ပြည်နယ်အတွင်းရေးမှူး ဦးစန်းကိုနှင့် အဖွဲ့သည် ယခုလ ၂ ရက် နံနက်ပိုင်းက ကော့ကရိတ်မြို့နယ် ရန်ကုတ်ကျေးရွာအုပ်စု ကမ္မရာကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ဆရာတော်ဦးသာသနာ့အား အလှူငွေကျပ်နှစ်သောင်း၊ တိုက်အုပ်ဆရာတော်အား အလှူငွေကျပ်တစ် သောင်းလှူဒါန်းခဲ့ပြီး ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပါတီဝင်များ၊ ရပ်မိ ရပ်ဖအင်အား ၃ဝ နှင့် တွေ့ဆုံခဲ့သည်။

Read more