တပ်မတော်လေ့ကျင့်ပျံသန်းရေး ဂျက်လေယာဉ်တစ်စီး ပျံသန်းနေစဉ် အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးနေ

တပ်မတော်(လေ)လေ့ ကျင့်ပျံသန်းရေး ဂျက်လေယာဉ် တစ်စီးသည် စက်တင်ဘာ ၅ ရက် နံနက်က ပျံသန်း နေစဉ် အဆက်အသွယ် ပြတ်တောက်သွားပြီး ပျောက်ဆုံးနေကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး က သတင်းထုတ်ပြန်သည်။

လေယာဉ်မှူး ဗိုလ်မှူးတစ်ဦး မောင်းနှင်သည့် G-4 ဂျက်လေ ယာဉ်တစ်စီးသည် ပုသိမ်-ဟင်္သာ တ-ဂွ-ပုသိမ်လမ်းကြောင်းအတိုင်း ပျံသန်းလေ့ကျင့်နေစဉ် စက်တင်ဘာ ၅ ရက် နံနက် ၉ နာရီ ၁၈ မိနစ်တွင် အဆက်အသွယ် ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။

Read more

ကမ္ဘာတစ်ဝန်းလည်ပတ်ရန် အကောင်းဆုံးနေရာ ၁၀ ခုတွင် ပုဂံဒေသနှင့် မိုးပျံပူဖောင်းဝန်ဆောင်မှု အဆင့် (၅) ၌ ပါဝင်

ကမ္ဘာကျော်ခရီးသွားဝက်ဘ်ဆိုက် TripAdvisor ၏မိသားစုဝင်လုပ် ငန်းခွဲ ဝက်ဘ်ဆိုက် JETSETTER က ကမ္ဘာတစ်ဝန်းရှိ သွားရောက်လည်ပတ်ရန် အကောင်းဆုံးသော နေရာ၁၀ ခုကို ထုတ်ပြန်ရာ ပုဂံဒေသ နှင့် မိုးပျံပူဖောင်း ဝန်ဆောင်မှု (Balloon Over Bagan) တို့ကို အဆင့် (၅) နေရာတွင် ထည့်သွင်း ဖော်ပြထား သည်။

Read more

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးအပါအ၀င် ရဲမှူးကြီးအချို့ကို အပြောင်းအရွှေ့ပြုလုပ်

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးအပါအ၀င် တိုင်းနှင့်ပြည်နယ်အချို့မှ ရဲမှူးကြီးများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က အပြောင်းအရွှေ့ပြုလုပ်ခဲ့သည်။ မောင်တောဒေသအကြမ်း ဖက်တိုက်ခိုက်ခံ နေရ၍ လုံခြုံရေးအတွက် စိန်ခေါ်မှုရှိနေသော ရခိုင်ပြည်နယ်၏ ရဲတပ်ဖွဲ့မှူးအဖြစ် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး (လားရှိုး) ရဲမှူးကြီးအောင်မြတ်မိုးကို တာဝန်ပေးခဲ့ပြီး ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီးစိန်လွင်ကို ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးအဖြစ် ပြောင်းရွှေ့တာဝန်ပေးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲအရာရှိ တစ်ဦးက ပြောသည်။

Read more

Stock Android ပါဝင်တဲ့ Mi A1 ကို Xiaomi မိတ်ဆက်

နယူးဒေလီမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုမှာ Xiaomi က နောက်ဆုံးပေါ် dual-camera စမတ်ဖုန်း ကို မိတ်ဆက်ကြေညာ ခဲ့ပါတယ်။ အဆိုပါစမတ်ဖုန်းသစ်ကို Xiaomi Mi A1 လို့ ခေါ်ဆိုပါတယ်။ Mi A1 ရဲ့ hardware ဟာ Xiaomi Mi 5X နဲ့ဆင်တူပါတယ်။ ဒါပေမဲ့ A1 ဟာ Android One ကို ကိုယ်စားပြုတာဖြစ်ပြီး ဖုန်းမှာ stock Android 7.1.2 Nougat ကို အသုံးပြုထားပါတယ်။

Read more

ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်တဲ့ နဂါးမောက်သီးရဲ့ အကျိုးကျေးဇူးများ

နဂါးမောက်သီးကတော့ ကျွန်မတို့ မြန်မာလူမျိုးတွေနဲ့ ရင်းနှီးပြီးသားအသီးတစ်မျိုးပါပဲ။ ချိုပြီး အရသာရှိ လို့လည်း လူကြိုက်များတယ်။ နဂါးမောက်သီးရဲ့အကျိုးကျေးဇူးများ-

ကင်ဆာ

နဂါးမောက်သီးမှာ အဟာရဓါတ်တွေအများအပြားပါဝင်ပြီး ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာရောဂါကာကွယ်ပေးနိုင်တဲ့အသီးအဖြစ်လည်း လူသိများပါတယ်။ ချိုပြီး အရည်ရွှမ်းတဲ့ နဂါးမောက်သီး ဟာ ကယ်လိုလီပါဝင်မှုနည်းပါးပြီး ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အဟာရဓါတ်တွေပါဝင်နေပါတယ်။

ကိုယ်အလေးချိန်

Read more

ဆဲလ်မွန်ငါး (Salmon) ဘာလို့ စားသင့်သလဲ

သင့်မှာ ခဏခဏ ခေါင်းကိုင်တာ၊ ကိုယ်အလေးချိန်တက်တာ၊ ဆံပင်ကျွတ်တာနဲ့ အရေပြားဆိုင်ရာ တခြား ပြဿနာ တွေရှိနေရင် သင့်အနေနဲ့ လျစ်လျူမရှု့သင့်ပါဘူး။ ပေါက်ပေါက်စုပ်တွေကို စားမယ့်အစား ဆဲလ်မွန် ငါးကို အစားထိုး စားသုံးဖို့ အကြံပြုချင်ပါတယ်။ ဆဲလ်မွန်ငါးဟာ ကျန်းမာရေးစေတဲ့ အာဟာရ ဓာတ်တွေ အများကြီးပါဝင်နေတဲ့ အစားအစာဖြစ်ပါတယ်။

Read more

မြောက်ကိုရီးယားအရေး အမေရိကန် သတိပေးချက် တရုတ်ဝေဖန်

မြောက်ကိုးရီးယားနိုင်ငံရဲ့ နောက်ဆုံး နျူကလီးယားစမ်းသပ်မှုပြုလုပ်ပြီးတဲ့နောက် မြောက်ကိုးရီးယားနဲ့ စီးပွါးရေး လုပ်ကိုင်တဲ့ ဘယ်နိုင်ငံနဲ့မဆို ကုန်သွယ်ရေး လုပ်ငန်းတွေ ရပ်ပစ်မယ်ဆိုတဲ့ အမေရိကန်သမ္မတရဲ့ ခြိမ်းခြောက် ပြောဆိုမှုဟာတရုတ်နဲ့ အမေရိကန်တို့ရဲ့ ကြီးမားတဲ့ကုန်သွယ်မှုအပေါ် အန္တရာယ်ဖြစ်စေတယ် ဆိုပြီး တရုတ်နိုင်ငံ ဘက်က ဝေဖန်ထိုးနှက်လိုက်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံတမန် Nikki Haley က ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြောက်ကိုရီးယားအရေးဆွေးနွေး

Read more

အထောက်အထားမဲ့ လူငယ်များအား လွတ်ငြိမ်းခွင့်ပေးထားမှု ထရမ့် အဆုံးသတ်

ဝါရှင်တန်၊ စက်တင်ဘာ ၆ ။             ။ လူလားမမြောက်ခင်အရွယ် အသက်ငယ်ရွယ်စဉ် အမေရိကန်နိုင်ငံအတွင်း တရားမဝင်လမ်းကြောင်းမှ ရောက်ရှိ လာခဲ့သူများကို လွတ်ငြိမ်းခွင့်ပေးထားသည့် မူဝါဒအား သမ္မတ ဒေါ်နယ်ထရမ့် က စက်တင်ဘာ ၅ ရက်တွင် အဆုံးသတ်လိုက်ပြီဖြစ်သည်။

Read more

အင်အားပိုမိုကောင်းလာသည့် ဟာရီကိန်းမုန်တိုင်းအာမာ ကာရေဘီယန်ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျား

မိုင်ယာမီ၊ အမေရိကန်၊ စက်တင်ဘာ ၆

မုန်တိုင်းအဆင့်သတ်မှတ်ချက် ၅ ရှိသော ဟာရီကိန်းမုန်တိုင်းအာမာသည် အင်္ဂါနေ့အနှောင်းပိုင်းတွင် ပိုမိုအင် အားကောင်းလာခဲ့ပြီး တစ်နာရီလျှင် လေတိုက်နှုန်း ၂၉၅ ကီလိုမီတာအရှိန်ဖြင့် ပွေတိုရီကိုနှင့် ကာရေဘီယန် အရှေ့မြောက်ပိုင်းရှိ ကျွန်းစုများသို့ ဦးတည်ရွေ့လျားသွားကြောင်း အမေရိကန်ဟာရီကိန်း   စောင့်ကြည့်လေ့လာ ရေးစင်တာက အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

Read more

မြောက်ကိုရီးယား ပြဿနာကို အကြမ်းနည်းဖြင့် ကိုင်တွယ်၍ မရဟု ပူတင်ဝေဖန်

လက်ရှိ မြောက်ကိုရီးယား နျူကလီးယား ပြဿနာကို အကြမ်းနည်းဖြင့် ကိုင်တွယ်ပါက တစ်ကမ္ဘာလုံး အတိုင်းအတာထိ ဆက်စပ် ကျယ်ပြန့်သည့် ကပ်ဘေးတစ်ခု ဖြစ်သွားနိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဝေဖန် သတိပေးခဲ့သည်။ တရုတ်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း စက်တင်ဘာ ၅ ရက်က မြောက်ကိုရီးယား ကိစ္စနှင့် ပတ်သက်၍ ပူတင်က မှတ်ချက်ပေးခဲ့ရာ၌ အမေရိကန်နှင့် မြောက်ကိုရီးယားတို့ စစ်တိုက်မယောင် အပြန်အလှန် ကြိမ်းဝါးနေခြင်းသည် အဖြေမဟုတ်ဘဲ သံတမန်ရေးရာ နည်းလမ်းဖြင့်သာ ထိုပြဿနာကို ကိုင်တွယ်နိုင်လိမ့်မည်ဟု ပြောကြား သွားသည်။

Read more