အိန္ဒိယက မြန်မာနိုင်ငံသားများအတွက် အခမဲ့ဗီဇာအစီအစဉ် စတင်မည်

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံသားများအတွက် အခမဲ့ဗီဇာပေးအပ်မှု အစီအစဉ် စတင်မည်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ်က ပြောသည်။ ထို့အပြင်အကျဉ်းထောင်များတွင် ထိန်းသိမ်း ခံထားရသည့် မြန်မာနိုင်ငံ သား ၄၀ ဦးကို လွှတ်ပေးမည်ဟု အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီက ဆက်လက်ပြော ကြားသည်။

Read more

ပျောက်ဆုံးတပ်မတော် ဂျက်လေယာဉ် ဧရာဝတီနှင့် ရခိုင်အစပ်တွင် ဦးစားပေးရှာဖွေနေ

 

လေ့ကျင့်ပျံသန်းနေစဉ် အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးခဲ့သော တပ်မတော်ပိုင်ဂျက်လေယာဉ် ပြန်မတွေ့ သေးကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် နယ်စပ်နေရာ များတွင် ဦးစားပေးရှာဖွေနေ ကြောင်း ဧရာဝတီတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ် ဦးက ပြောသည်။

Read more

ရခိုင်အရေးကုလလုံခြုံရေးကောင်စီသို့ မရောက်ရှိစေရန် မိတ်ဆွေနိုင်ငံများနှင့် ညှိနှိုင်းနေ

ရခိုင်ပြည်နယ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ရင်ဆိုင်ရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် လုံခြုံရေးကောင်စီသို့ မရောက်ရှိရေး မိတ်ဆွေ နိုင်ငံများနှင့် ညှိနှိုင်းဆွေး နွေးစည်းရုံးနေကြောင်း အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး ပုဂ္ဂိုလ်ဦးသောင်းထွန်းက ပြော သည်။

အကယ်၍ လုံခြုံရေးကောင်စီသို့ ရောက်ရှိပြီး မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ကြေညာချက် တစ်ခုထုတ်ပြန် မည်ဆိုပါက မဲခွဲဆုံးဖြတ်ရမည်ဖြစ်သည်။ သို့သော် လုံခြုံရေးကောင်စီတွင် ကုလအမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံ၌ တရုတ်နှင့်ရုရှားတို့ပါဝင်နေပြီး ယင်းနှစ်နိုင်ငံသဘောမတူပါက ဆက်လက်ဆောင်ရွက်၍ မရနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးမြတ်ဟိန်း မိသားစုမှ နေရပ်စွန့်ခွါတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများအတွက် အ၀တ်အထည်များ ပေးအပ်လှူဒါန်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးမြတ်ဟိန်းနှင့်ဇနီး ဒေါ်ထွေးထွေးညွန့် မိသားစုမှအစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများအတွက် အမျိုးသားဝတ်လုံခြည် အထည် (၁၀၀၀) နှင့် အမျိုးသမီးဝတ်လုံခြည် အထည် (၁၀၀၀) တို့အား ၆-၉-၂၀၁၇ ရက်နေ့ တွင် နေပြည်တော်  တိုင်းစစ်ဌာနချုပ်သို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။


Read more

ကျောက်ကြီး ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ(၁၂၉)ကြိမ် မြောက်ရှင်ဥပဂုတ္တမီးမျှော ပူဇော်ပွဲနှင့်မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲတွင် ဓမ္မစကြာရွတ်ဖတ်ပူဇော်

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာအဖွဲ့မှ နှစ်စဉ်မပျက်ကျင်းပလျှက်ရှိသော (၁၂၉) ကြိမ်မြောက် ရှင်ဥပဂုတ္တမီး မျှောပူဇော်ပွဲကို ယမန်နေ့ ညနေ ၆ နာရီတွင်ကျင်းပရာ ရေလယ်စံ ကျောင်းတော်ပေါ်တွင် ပါတီအမျိုးသမီးရေးရာတာဝန်ခံ ဒေါ်မူမူမြင့် နှင့်ယောဂီအသင်းခေါင်းဆောင် ဒေါ်နုနုစိန်           ဦးဆောင်ပြီး ရပ်ကွက်/ ကျေးရွာများမှ ပါတီဝင်အမျိုးသမီး များဖြင့် ရှင်ဥပဂုတ္တရဟန္တာမြတ် ကြီးအား ဓမ္မစကြာတရားဒေသနာ တော်များ ရွတ်ဖတ်ပူဇော်ပြီး ယနေ့ ညနေ ၆ နာရီတွင် မီးကြာ      ခွက် ၅ဝဝဝ မီးမျှောပူဇော် သွားမည်ဖြစ် ကြောင်းသိရသည်။

Read more

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတိုင်းဒေသကြီး ပါတီကော်မတီဝင်ဦးကျော်မြင့်နှင့် ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီ ဝင်တို့သည် (တော်သလင်းလပြည့်နေ့) ယမန်နေ့နံနက် ၈ နာရီက ပန်းတောင်းမြို့နယ် တောင်ဘို့ကြီးအုပ်စု တောင်ဘို့ကြီးကျေးရွာ ဓမ္မသုခကျောင်းတိုက် ကျောင်းထိုင်ဆရာတော် အား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပြီး သီလခံယူတရားတော်နာယူခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ပါတီကော်မတီဝင်ဦးကျော်မြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်တို့ သည် ပန်းတောင်းမြို့နယ် တောင်ဘို့ကြီးအုပ်စု တောင်ဘို့ကြီးကျေးရွာ၊ ရေကျော်အုပ်စု ရောင်ကြီးကျေးရွာနှင့် ရေကျော်ကျေးရွာတို့ရှိ ဒေသခံရပ်မိရပ်ဖများ၊ ပါတီဝင်များတွေ့ဆုံခဲ့ပြီး ရေကျော်ကျေးရွာ ကျောင်းထိုင်ဆရာတော်အားသွားရောက်ဖူးမြော်ကာ အလှူငွေများ ဆည်းကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ သူရအောင် (ပြည်)

 

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတိုင်းဒေသကြီး ပါတီကော်မတီဝင်ဦးကျော်မြင့်နှင့် ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီ ကော်မတီ ဝင်တို့သည် (တော်သလင်းလပြည့်နေ့) ယမန်နေ့နံနက် ၈ နာရီက ပန်းတောင်းမြို့နယ် တောင်ဘို့ကြီးအုပ်စု တောင်ဘို့ကြီးကျေးရွာ ဓမ္မသုခကျောင်းတိုက် ကျောင်းထိုင်ဆရာတော် အား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပြီး သီလခံယူတရားတော်နာယူခဲ့ကြသည်။

Read more

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ ခရိုင်ချောင်းဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော် မတီဝင် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့် ချောင်းဦးမြို့နယ်ပါတီ ကော်မတီ ဝင်များ၊ ရပ်/ကျေးပါတီခေါင်း ဆောင်များနှင့်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲသို့ ပါတီ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဒေါက်တာမြင့်သိန်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါက်တာဝင်းမြင့်အောင်၊ မုံရွာခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်တိုး၊မုံရွာခရိုင်ပါတီအတွင်းရေးမှူးဒေါ်ကြူ မိုးသန့်၊ ခရိုင်ပါတီကော်မတီဝင်များ၊ ချောင်းဦးမြို့နယ်ပါတီဥက္ကဋ္ဌ ဦးသောင်းထိုက်၊ မြို့နယ်ပါတီ အတွင်းရေးမှူးဦးမျိုးမြင့်ဦး၊ မြို့ နယ်ပါတီကော်မတီဝင်များ၊ချောင်းဦး မြို့နယ်အတွင်းရှိ ရပ်/ကျေးအုပ် စု ၃၂အုပ်စုမှ ရပ်/ ကျေးပါတီ ခေါင်းဆောင်များ စုစုပေါင်းအင် အား ၈ဝ တက်ရောက်ခဲ့ကြသည်။ ပထမဦးစွာ တက်ရောက်လာ ကြသော ရပ်/ကျေးပါတီခေါင်းဆောင်များက တစ်ဦးချင်း မိတ်ဆက် စကားပြောကြားခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌက အဖွင့် အမှာစကားပြောကြားပြီး တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါက်တာဝင်းမြင့် အောင်က ဆွေးနွေးပြောကြားခဲ့ သည်။ ထို့နောက် အမြင့်ကျေးရွာ အုပ်စု ရပ်/ကျေးပါတီကော်မတီ အဖွဲ့မှ ပါတီဝင် ၁၇ဦး၏ ပါတီ နှစ်စဉ်ကြေး ငွေကျပ် ၁၇ဝဝဝကို အမြင့်ကျေးရွာအုပ်စု ပါတီခေါင်း ဆောင်ဦးသန်းဝင်းက ပေးအပ်၍ မြို့နယ်ပါတီဥက္ကဋ္ဌက လက်ခံခဲ့ သည်။ ထို့နောက် တက်ရောက်လာကြသော ရပ်/ကျေးပါတီ ခေါင်းဆောင်များက အုပ်စုအလိုက် တင်ပြဆွေးနွေး ခဲ့ကြပြီး တိုင်းဒေသ ကြီးပါတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာ စကားပြောကြားကာ တွေ့ဆုံဆွေးနွေးပွဲ ကို မွန်းတည့် ၁၂ နာရီတွင် ရုပ်သိမ်းခဲ့သည်။ Union daily

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ ခရိုင်ချောင်းဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော် မတီဝင် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့် ချောင်းဦးမြို့နယ်ပါတီ ကော်မတီ ဝင်များ၊ ရပ်/ကျေးပါတီခေါင်း ဆောင်များနှင့်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။

Read more

ဟင်္သာတမြို့မိုးကောင်းပရိယတ္တိ စာသင်တိုက်တွင် တည်ထားကိုးကွယ်သည့် ဓာတ်ပေါင်း စုကျောက် စိမ်းစေတီတော် ထီးတော်တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနားကို သြဂုတ် ၃၁ရက် နံနက် ၈နာရီခွဲ က အဆိုပါစာသင်တိုက်၌ကျင်းပ ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး မြန်မ နိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းနှင့်အလှူရှင်များ၊ ဟင်္သာတခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများတက်ရောက်ကြကြောင်း သိရသည်။ ရှေးဦးစွာ ဦးဌေးဦးနှင့်ဇနီး ဒေါ်နီနီဝင်းနှင့် အလှူရှင်များက စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်ဘုံအဆင့်ဆင့်အား ပင့် ဆောင်ကာ ဆရာတော်များ ဦးဆောင်၍ စေတီတော်အား လက် ယာရစ်သုံးကြိမ် လှည့်လည်ပူဇော် ၍ စေတီတော်အား ဦးဌေးဦးနှင့် ဦးအောင်ကြိုင်တို့က တင်လှူပူဇော် ကြသည်။ ထို့နောက် အလှူရှင် ဗဟို ဦးဆောင်ကော်မတီဝင်ဦးဌေးဦးနှင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ ချုပ်နာယကဒေါ်နီနီဝင်းကမိုးကောင်း ဆရာတော်ကြီးနှင့် စာချသံဃာ တော်အပါး ၁၇ဝ အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး သံဃာတော် အရှင်သူမြတ်များအား လှူဖွယ် ဝတ္ထု ပစ္စည်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ Union daily

 

ဟင်္သာတမြို့မိုးကောင်းပရိယတ္တိ စာသင်တိုက်တွင် တည်ထားကိုးကွယ်သည့် ဓာတ်ပေါင်း စုကျောက် စိမ်းစေတီတော် ထီးတော်တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနားကို သြဂုတ် ၃၁ရက်     နံနက် ၈နာရီခွဲ က အဆိုပါစာသင်တိုက်၌ကျင်းပ ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး မြန်မ နိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် နာယက  ဒေါ်နီနီဝင်းနှင့်အလှူရှင်များ၊ ဟင်္သာတခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများတက်ရောက်ကြကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးအခြေခံအိမ်တွင်းမှု သင်တန်းဆင်းပွဲ တက်ရောက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးသည် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ ချုပ်တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော အခြေခံအိမ်တွင်းမှုသင်တန်းအမှတ် စဉ်(၃) ဆင်းပွဲအခမ်းအနားသို့ တက်ရောက်အားပေး ခဲ့သည်။

Read more

တပ်ချုပ်နှင့် တရုတ်အထူးကိုယ်စားလှယ်တွေ့ဆုံစဉ် ရခိုင်နှင့် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေး

ရခိုင်ပြည်နယ်အရေး ကိစ္စကို ပြေလည်စွာဖြေရှင်းနိုင်မည်ဟု အပြည့်အဝယုံကြည်ပြီး မြန်မာနိုင်ငံ အကျိုးစီးပွား နှင့်ပတ်သက်၍ မြန်မာနိုင်ငံဘက်က ရပ်တည်ကာ နီးကပ်စွာ ဆက်လက် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း တရုတ်အထူးကိုယ်စားလှယ် မစ္စတာဆွန်းကော်ရှန်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

Read more