မြို့နယ် ၇၉ ခုတွင် MPT LTE+ ကွန်ရက်ရရှိဟုဆို
MPT ရဲ့ LTE+ ကို မြို့နယ် ၇၉ ခုမှာ ရရှိအသုံးပြုနေတယ်လို့ ဆိုပါတယ်။ မြို့ကြီး ၂၉ မြို့မှာရှိတဲ့ မြို့နယ်တွေဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

MPT ရဲ့ LTE+ ကို မြို့နယ် ၇၉ ခုမှာ ရရှိအသုံးပြုနေတယ်လို့ ဆိုပါတယ်။ မြို့ကြီး ၂၉ မြို့မှာရှိတဲ့ မြို့နယ်တွေဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ပီအက်ဂျီအသင်းရဲ့ ဥရုဂွေး တိုက်စစ်မှူး ကာဗာနီအနေနဲ့ လာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလမှာ အီတလီ စီးရီးအေ ကလပ် ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ သဘော တူလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ် လာပါတယ်။


ယခုကဲ့သို့ အသင်းပြောင်းရွှေ့ဖို့ သတင်းထွက်ပေါ်လာရခြင်းမှာ ကာဗာနီအနေနဲ့ အသင်းဖော် နေမာနဲ့ ပင်နယ်တီကန်သွင်းဖို့ အငြင်းပွားခဲ့ရာမှာ ဖြစ်ပေါ်လာခဲ့တယ်လို့လည်း သတင်းတွေ က သုံးသပ် နေကြပါတယ်။
Read moreမန်ယူအသင်း၏ နောက်ခံလူဟောင်း ဖာဒီနန်က စပါး အသင်းတိုက်စစ်မှူး ဟယ်ရီကိန်းကို မက်ဆီ၊ ရော်နယ်လ်ဒိုတို့နှင့် နှိုင်းယှဉ်၍ ချီးကျူးပြောကြားခဲ့ကြောင်း သိရပါတယ်။


ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အေပိုးလ် အသင်းနဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်မှာ ခြေစွမ်းပြ hat-trick သွင်းယူနိုင်ခဲ့တဲ့ ဟယ်ရီကိန်းကို ဖာဒီနန်က ယခုကဲ့သို့ ချီးကျူးပြောကြားခဲ့တာပဲဖြစ်ပါတယ်။
Read moreလာမယ့် အောက်တိုဘာလ ၅ ရက်နေ့မှာ ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားဖို့ရှိတဲ့ မြန်မာ့လက်ရွေးစင်အသင်းကို ပဏာမ ကစားသမား ၂၅ ယောက်နဲ့ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ အဆိုပါ ပဏာမ စာရင်းမှာတော့ အဓိက ကစားသမား အစုံအလင်ပါဝင်လာခဲ့သလို ၀ါရင့်ကစားသမား အနည်းစုလည်း ပြန်လည်ပါဝင် လာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ CSKA မော်စကိုအသင်းနဲ့ ယှဉ်ပြိုင်ဖို့အတွက် ရုရှားကို မသွားရောက်မီ ဆံပင်ပုံစံအသစ်ကို ပြောင်းလဲခဲ့ပါ တယ်။


ဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်ခြင်းမရှိပေမယ့် အသင်းနဲ့အတူ လိုက်ပါအားပေးဖို့ ပြင်ဆင်နေခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာ ပေါ့ဘာရဲ့ဆံပင်ပုံစံဟာ ဘယ်ဘက်နားထင်မှာ မိုးကြိုးသွားပုံစံ၊ ညာဘက်နားထင်မှာ မီးတောက် မီးလျှံပုံစံ ပုံဖော်ထားတာတွေ့ရပြီး လူမှုကွန်ရက်မှာ ပေါ့ဂ်ဘာကိုယ်တိုင် တင်ခဲ့တာဖြစ်ပါတယ်။
Read moreမြောက်ကိုရီးယားသည် အရှေ့ဘက် ကမ်းခြေတွင် စစ်တပ်များ နေရာရွှေ့ပြောင်း လှုပ်ရှားမှုများ ပြုလုပ်လျက် ရှိနေကြောင်း သိရသည်။


မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ရီယောင်ဟိုက အမေရိကန်သည် မိမိတို့ကို စစ်ကြေညာထားပြီဟု ယူဆထားကြောင်းနှင့် ရန်စခြိမ်းခြောက်လာသည့် အမေရိကန် မဟာဗျူဟာ ဗုံးကြဲလေယာဉ်များကို ပစ်ချရန် အသင့်ရှိနေကြောင်း ပြောဆိုခဲ့ပြီးနောက် အရှေ့ဘက် ကမ်းခြေသို့ MiG-29 ဂျက်တိုက်လေယာဉ်များ၊ ဒုံးကျည်များနှင့် လောင်စာကန်များကို မြောက်ကိုရီးယားက ရွှေ့ပြောင်း နေရာချနေခြင်း ဖြစ်သည်။
Read moreဝါရှင်တန် ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
အမေရိကန် နိုင်ငံဘဏ္ဍာရေး ဝန်ကြီးဌာနက စက်တင်ဘာ ၂၆ ရက်နေ့၌ မြောက်ကိုရီးယားနိုင်ငံ၏ လူအစု လိုက်အပြုံလိုက် သေစေနိုင်သော လက်နက်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ထောက်ခံအားပေးခဲ့သည့် မြောက်ကိုရီးယားနိုင်ငံမှ ဘဏ် ၈ ခုနှင့် လူပုဂ္ဂိုလ် ၂၆ ဦးကို ပိတ်ဆို့အရေးယူကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ရီယတ်ဒ်၊ စက်တင်ဘာ ၂၇
ဆော်ဒီအာရေဗျနိုင်ငံတွင် အမျိုးသမီးအား ကားမောင်းခွင့် ပိတ်ပင်ထားခြင်းကို ဖျက်သိမ်းကာ လာမည့်နှစ် ဇွန်လမှစပြီး ခွင့်ပြုသွားရန် ဆော်ဒီဘုရင် ဆာလမန်က စက်တင်ဘာ ၂၆ ရက်တွင် အမိန့်ထုတ်လိုက်သည်။

အမေရိကန် အမျိုးသားအာကာသသိပ္ပံအေဂျင်စီ (နာဆာ) ဟာ နေကို အနီးကပ် ထိတွေ့လေ့လာနိုင်မယ့် အစီအစဉ်အဖြစ် The Parker Solar Probe လို့ အမည်ပေးထားတဲ့ အာကာသယာဉ်ကို လွှတ်တင်သွားဖို့ ရှိနေပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံဘက်ကို လူတွေအမြောက်အများ ထွက်ပြေး ခိုလှုံတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သံတမန်နည်းလမ်းတွေအရ ပြောဆိုဆွေးနွေး အဖြေရှာနိုင်ဖို့ကြိုးပမ်းတဲ့အနေနဲ့ မြန်မာနိုင်ငံကအဖွဲ့တခု နောက်တပတ်ထဲမှာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံကိုရောက်လာမယ်လို့ မနေ့ကထုတ်ပြန်တဲ့ AFPသတင်းမှာဖေါ်ပြထားပါတယ်။


နောက်သတင်းပတ်စောစောပိုင်းမှာ မြန်မာအဖွဲ့ရောက်လာမယ့်အကြောင်း ဘင်္ဂလားဒေ့ခ်ျနိုင်ငံခြားရေးဝန်ကြီး Shahidul Haque ရဲ့ မနေ့ကပြောဆိုချက်ကိုကိုးကားပြီး AFP သတင်းမှာဖေါ်ပြထားတာပါ။ နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ခေါင်းဆောင်ပါဝင်မယ့် အဖွဲ့ဖြစ်လိမ့် မယ်လို့မျှော်လင့်ရတဲ့အကြောင်း ဘင်္ဂလား ဒေ့ခ်ျနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြီးတန်းအရာရှိတဦးက ပြောတယ်လို့ ဆိုပါတယ်။
Read more